Posts

Showing posts from January, 2016

အမေ ကြွေပျက်ခဲ့ရသော မေ ၂ ရက်၂၀၀၈ ည‬

Image
"ဝှိန် ... ဝှိန်...ဖုန်း!" ကျနော် မှတ်မိသည်။ ဒီ အသံက ကျနော်တို့ ပိုက်တန်း ရဲ့ ဂါးဖောင် သမား ကိုဘိလေးမောင်းေ သာ  ပင်လယ်ကောင် အသေးလေး။   ကျနော်တို့ ပိုက်တန်း က ပင်လယ်ကောင် အားလုံး ဆယ့်တစ်စီး ရှိတယ်။ (ပင်လယ်ကောင်=ရေစီးကြမ်းသော ပင်လယ်ရေမျက်နှာပြင်ကို အလွယ်တကူဖြတ်မောင်းနိုင်ရန် လက်သမား ဆရာများ က ရေခွင်း အားကောင်းအောင် အထူး တည်ဆောက်ထားသော လှေအကြီးစား ကိုမြင်းကောင်ရေ များသော ဂျပန် အင်ဂျင် တပ်ထားသည့် ပင်လယ်တွင်သာမောင်းသည့် သေဘာၤ) ဒီ သေဘာၤ ဆယ့်တစ်စင်း ရဲ့အင်ဂျင်အသံ ကို ကျနော် တစ်ရေးနိုးတောင် အလွတ် ရသည်။ အင်ဂျင် တစ်ခါ ကိုင် လျှင်တော့ တစ်ခါပြန်မှတ် ရလေသည်။   "ကိုကြီး တင်စိုး! ကိုကြီး တင်စိုး!" ကျနော်ထင်သည့် အတိုင်း ကိုဘိလေး သဘောင်္ လှေကြိုး ကို ကသော့ကမျော့ ချည်ပြီး အိမ်ပေါ်ကိုပြေး တက် လာသည်။   "ကိုကြီး တင်စိုး...ကျနော်ကြိမ်ချောင်း က  သတင်းရခဲ့တယ်...ရေဒီယို က မုန်တိုင်း သတင်းကြေငြာတယ်တဲ့" "ခဏခဏကြေငြာနေတာကို များ အဆန်းလုပ်လို့"   အဖေကြီး က ကိုဘိလေး စကားကို အလေးမထားဘဲ ရုပ်ရှင်မင်းသား မင်းကို ရဲ့ စက္ကောမ ဇာတ်ကား မပျက် ဆက်ကြည့်နေတယ်။ အဖေ တင်မဟုတ်

မေမေ ဆိုတဲ့ ထို ဧည့်သည်

Image
   ဖတ်ကြည့်စေချင်ပါသည်.ညီမ / အစ်မ များသို့..... အလုပ်တက်ချိန်ကြီးမှာ ယောက္ခမ ဆီက ဖုန်းလာ ပါတယ်၊ အိမ်မှာ ဧည့်သည်ရောက်နေတယ် နေ့လယ်စာ ကို အိမ်ပြန်စားနိုင်မလား တဲ့။ အလုပ် များနေချိန်မို့ အလုပ်ကနေခွာဖို့ ကလည်း မလွယ်၊ ဧည့်သည် ကို ထမင်း မဖိတ်ကျွေးရင်လည်း ဧည့် ဝတ် မကျေမှာ စိုးပါတယ်။ ဒီလို နဲ့ ယောက္ခမ ကို စားသောက်ဆိုင် မှာ စားစ၇ာ မှာပြီးစောင့်နေ ထမင်းစား ချိန်ရောက်တာ နဲ့ ကျွန်မ ချက်ချင်းပြေးလာခဲ့မယ် လို့ မှာလိုက်တယ်။ . ဖုန်းချ လိုက်တာနဲ့ မကြာဘူး.. ဖုန်းက ထပ်မြည် လာပြန်တယ်။ ယောက္ခမ က “ဧည့်သည် ကပြောတယ်.. အိမ် မှာ ဖြစ်သလို စားလိုက်ရင် ရပြီ။ သမီး အလုပ်များနေရင် အိမ်ပြန် မလာလည်း ရပါတယ်တဲ့”လို့ ပြောတယ်။ . ဖြစ်သလို စားလို့ ဘယ်ဖြစ် မလဲ.. မဟုတ်သေးပါဘူး… . ဒါပေမယ့် ယောက္ခမ က ဧည့်သည် နာမည်ကို ထုတ်ပြောလိုက် တာနဲ့ ကျွန်မ စိတ်သက်သာရာ ရသွားပါ တယ်။ ဧည့်သည် က ကျွန်မ ရဲ့မေမေပါ။ ဒီလို ဆိုတော့လည်း ထွေထွေ ထူးထူး စီမံနေစရာ မလိုတော့ ပါ ဘူး၊ ဖြစ်သလို လည်း ဖြစ်နေတာပါပဲလေ။ . ဒီလို နဲ့ အဲဒီနေ့ နေ့လယ်စာ က ယောက္ခမနဲ့မေမေ ပဲ အတူ စားဖြစ်လိုက်ပါတယ်။ ဟင်း ကလည်း ရိုးရိုး စားနေကျ ဟင်းလျာတွေ ပါပဲ။ ကျွန်မ က

သင် သိရင် သင် ချမ်းသာလိမ့်မယ်

Image
      တစ်ခါ တုန်းက ရွေတွင်း တစ်တွင်း မှာ အလုပ် လုပ်ခဲတဲ့ ဦးလေးကြီး တစ်ယောက် ရှိခဲ့တယ် ။ သူဟာ လူလတ်ပိုင်း အရွယ် ကတည်း ကနေ အလုပ် လုပ်နေခဲ့တယ် ။ သူဟာ အဲ့ဒီ ရွေတွင်းမှာ အလုပ် သမားခေါင်းဆောင်ကြီးဖြစ်ခဲ့တယ် ။ ဒါပေမဲ့ ဒီ ဦးလေးကြီးဟာ ပိုက်ဆံ တစ်ခါမှ မစုဆောင်းထားဖူးဘူး ။ ရလာသမျှ ကုန်အောင်သုံးလေ့ ရှိတယ် သူဟာ သဘော မနောလည်းကောင်းလွန်းတဲ့ အတွက် သူ့ အလုပ်သမားတွေ ကို အမြဲတမ်း ပေး ကမ်းကျွေးမွေးလေ့ ရှိပြီး ဘယ်သူ ပိုက်ဆံ လာချေးချေး ရှိရင်ပေးလိုက်တာချည်းပဲ ဦးလေးကြီးမှာ အပေါင်း အသင်းတွေ ကလည်း အများကြီးပဲ ။ ဒီလို နဲ့ အသက်ကြီး လာတော့ ဇနီးမယား ကလည်း သေဆုံး သွားပြီး သူလည်း အသက်ကြီး လို့ အလုပ် ကနေ ပင်စင် ရ အနားယူ ရတယ် ဒါပေမဲ့ သူ့မှာ စုဆောင်းထားတာ ဘာမှ မရှိဘူး သူ အလုပ် လုပ်လာတဲ့သက်တမ်း တစ်လျှောက် သူ့မှာ သားသမီး ၅ ယောက် တောင် ရှိခဲ့တယ် ။ အားလုံးလဲ အတောင်စုံ အရွယ်ရောက် ပညာတွေ တတ်ကြလို့ အိမ်ထောင် ကိုယ်စီ ကျပြီး အသီးသီး  ခွဲခွာနေကုန်ကြပြီ  ။ . တနင်္လာနေ့  ဦးလေးကြီး ကနေ အဖိုးကြီးဖြစ်လာတဲ့ အဖိုးအို က သမီး အငယ်ဆုံး အိမ်မှာ သွားနေတယ် အဲ့တော့ သမက်ကပြောတာ “အဖေ ကလည်း ဘာလို့ တစ်ခြား အိမ် သွားမနေတာလဲ ကျွန်တေ

မိဘ ဆိုတာ မသေခင် လုပ်ကျွေးပါ သေမှ မငိုပြပါနှင့်

Image
ဒေါက်...ဒေါက်.... ဒေါက်.... တံခါးခေါက်သံ ကြားလိုက်သည်.... ပြီး ... အပြင် မှ အဖေ့ ခေါ်သံကိုပါ ကြားလိုက်ရသည် ...   ❝ငါ့ သား အဖေ မင်းကိုပြောစရာ ရှိလို့❞ အလုပ်မှ အဆင်မပြေမှုများ ရှိနေ၍ .... စိတ် မကြည်လင်နေ သဖြင့်.... ကျွန်တော် အသံ ကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊ . ❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ် ပင်ပန်း၊ ကိုယ် ပင်ပန်းနဲ့ ...❞ စိတ်တို မိတာတော့ အမှန်ပင်...အပြင် မှ .အဖေ့အသံ မကြားရတော့ သူ့ အခန်းပြန်သွားပြီ ထင် သည် ။   အဖေ့ အသက် က ၈၅ ရှိပြီ ၊ တစ်ခါ တစ်ခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီ ဆိုလျှင် ကျွန်တော်တို့ စိတ်ညစ် ရသည် ၊ သူ့ကို မနည်း ထိန်း ရသည် ၊ ချီးပါ ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေး တယောက်လို ပြုစုနေရသည် ။ တစ်ခါ တစ် လေလည်း တယောက်တည်း ဟိုပြော ဒီပြော ပြောနေတတ်သည် ။ ပြန်ကောင်းသည့် အခါ ဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။ . စိတ်ပူစရာတော့ မလို..... ခုတစ် လော သူငယ်ပြန်နေသည်က များသည် ။ ပြန်ကောင်းချိန်တောင် သိပ် မတွေ့ရတော့ ၊ တစ်အောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေး တစ်ခု ယူလာပြီး... ❝ဖိုးဖိုး ကပေးခိုင်း လိုက်တယ် အဖေ့ အတွက် ...❞ ကျွန်တော်

တန်ဖိုး ရှိတဲ့ မိန်းမ ဆိုတာ { မင်းလူ }

Image
  တန်ဖိုးရှိတဲ့ မိန်းမ ဆိုတာ – မင်းလူ  ****************************  ပွဲသိမ်းခရာ မမှုတ်သေးခင်  ရှုံးပြီလို့  မပြောပါနဲ့ဦး...။  ကျားသစ် ဆိုတာ အရေခွံ ဆုတ်ပြီးမှ  တစ်ကယ်သေပြီလို့ အတည်ပြုနိုင်တယ်...။  ပိုးဟပ် တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့  ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ...။  အသက်ရှူ  ရပ်သွားတာတောင်  ဦးနှောက် အလုပ်လုပ်နေရင်  သေပြီလို့ မဆိုနိုင်သေးဘူး...။ 

ကြေကွဲသံများ { ကဗျာ }

Image
 ခပ်ပါးပါး လိမ်းထားတဲ့ မိတ်ကပ်တွေ ကို  ခရမ်းလွန် ရောင်ခြည်တွေ ထိုးဖေါက်  ရောင်းပန်းမလှ တာ အမေ မသိခဲ့ဘူး ......  ဆောင်းရယ် မြန်မြန်ကုန်ပါတော့  လေဘေး တွေကလည်း ဈေးတွေ တက်  အအေးဓါတ် မလုံတဲ့ အနွေးထည် ဟောင်း  လေစိမ်းတွေ တိုး အသဲထဲစိမ့်အေးတာ လည်း  အမေ မသိ ခဲ့ပါ ဘူး နော်.......  ဖြစ်နိုင် မယ်ဆို တစ်ကပြန်စ ချင်တာ  နှစ်တွေ မှာ နစ်သထက် နစ်  အဖြူတွေက မဲ ညစ်ညစ်ဖြစ်သထက် ဖြစ်  လျှော် ဖွတ်လို့ မရ တော့တဲ့ ဘဝ  တမ်းတ လို့ အပိုဆို တာလည်း  အမေ မသိ တာပဲ ကောင်းပါတယ် .....

အထီးကျန်တဲ့ အခါ သင့်ဘေးမှာ ဘယ်သူရှိမလဲ…

Image
လူကြီး သူမ သက်ကြီးရွယ်အိုတွေ အသက် အတော်လေး အိုမင်း သွားပြီ ဆိုရင်လေ အရပ် သုံးစကားတွေ အရတော့ ငယ်မူပြန်သွားတယ် လို့ ခေါ်မလား ကလေးငယ်လေးတွေပြုမူ နေထိုင်သလိုနေထိုင် တတ်ကြ တယ်လို့ ဆိုရမလား ပါပဲ။ ဒါကို အသက်ကြီးရောဂါ၊ သူငယ်ပြန်ရောဂါ လို့လည်း အလွယ်ခေါ်တတ်ကြ ပါတယ်။ သူတို့အတွက် အနား မှာ အဖော်နေပေးမယ့် သူတိုင်း ကို မှီတွယ်ချင်ကြတယ်လေ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ အသေအကြေ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး ကင်မ်ဒန် ဟာလေ အခုဆိုရင် အသက် အနှစ် ကိုးဆယ်အရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီတဲ့။ အသက်ကြီး အထီးကျန်ရောဂါက လွဲလို့ ကျန်းကျန်း မာမာနေထိုင်လျှက် နဲ့လေ။ သူ့ရဲ့ ဒီလို ကျန်းမာ သန်စွမ်း ဖျက်လတ်နေရတဲ့ လျို့ဝှက်ချက် ကလည်း သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းလို့ပဲဖြစ် ပါတယ် လို့ ဖွင့်ဟလာ ပါတယ်။ သူ့ပြောတဲ့ သူ့ရဲ့ အကောင်းဆုံး အဖော်မွန် ကတော့ အသက် သုံးနှစ် အရွယ်ရှိ ကလေးငယ်လေး အန်းမက်ရခ်ျနာ ပဲဖြစ်ပါတယ်။ သူရဲ့ ဒီလိုရောဂါမျိုးကို ခံစားရတဲ့ ဆယ်နှစ်ကျော်ကြာ ကာလအတွင်း မှာတော့ ဒီ ကလေးငယ် အန်းမက် ကလေးက သူ့ အတွက် အလင်းတံခါး ဖြစ်စေခဲ့ပါတယ်။

မင်းသမီး လှလှမိုး နဲ့ ဧည့်ဂေဟာ.. ၃ ( ပ၇လောကသား တို့နှင့် သက်ဆိုင်သမျှ)

Image
မင်းသမီး လှလှမိုး ဆိုရင်ဖြင့် ရုပ်ရှင် ပရိတ်သတ်ကြီး သိပြီးသားမို့ အထူး မိတ်ဆက်ပေး မနေတော့ ပါဘူး။ လွန်ခဲ့တဲ့ ၁၉၈၀ လောက်ဆီကပါ ။ အဲဒီအချိန်တုန်းဆီကမေမြို့မှာခုလောက် တည်းခိုခန်း ၊ဟော် တယ်စသဖြင့် မရှိသလောက်နည်းသေး ပါတယ်။ ဒီတော့ ရုပ်ရှင် သွားရိုက်ပြီိ ဆိုယင် အိမ်လုံးချင်း ဌားရမ်း တည်းခိုကြရပါတယ်။ အခုပြောမဲ့ ဧည့်ဂေဟာ ၃ လည်း အပါ အဝင်ပါ့။  ဒီနေရာမှာ ဧည့်ဂေဟာ ၃ နဲ့ ပရိသတ်ကြီးကိုမိတ်ဆက်ပေးပါရစေ။ အင်္ဂလိပ် ကိုလိုနီခေတ်ရဲ့လက်ကျန် အဆောက်အဦးပါ။  သူ့ရဲ့ထူးခြားချက် ကတော့ သရဲ အလွန်ခြောက် တယ်လို့ နာမည်ကြီးခြင်းပါပဲ၊။  ဆရာ ဦးတင်ဦး  ရိုက်ကူးမဲ့ငွေစန္ဒာ ကစား သမား ဇာတ်ကား ကို အဲဒီမှာ တည်းခိုပြီး ရိုက်ကြပါတယ်။  ပါဝင်သူတွေက  နေအောင်၊စောမြသန္တာ၊ဟန်တင်၊လှလှမိုး တို့ပါ။ ကျနော်ကတော့ ကင်မရာနောက်ကွယ်က၊ ကလက်ရိုက် မှတ်တမ်းရေး၊ ဇာတ်ညွန်းတွဲဖက် ဒါရိုက်တာ အစုံသုတ်နဲ့ပိတ်ကားရှေ့ရောက်ဖို့ကြိုးစားနေဆဲပါ။   ကျနော်တို့ ဒါရိုက်တာက အပေါ်ထပ် အခန်း (၁) မှာ အိပ်ကြရပါတယ်။ ပုံထဲက စုလစ်မွန်းချွန်အောက် တဲ့တဲ့က အခန်းပေါ့။ အတူ အိပ်ကြသူတွေ ထဲက မှ ဦးတင်ဦး ၊ကိုဟန်တင်၊ ကင်မရာမင်း ချစ်မင်းလူ၊စတေမင်း ကိုမြသန်းထွန

သင်၏နေအိမ် မျက်နှာလှည့်သော အရပ် ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း

Image
လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာနည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်းများ ကိုသာ တင်ထားတာ များ ပါတယ်။ အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသောနည်း ကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာအကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ်ငန်းဆောင်တာများ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင် ရွက်ရတဲ့ နည်းဖြစ်ပါတယ်။ အရှေ့ အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင် သူများ လာဘ်ပွင့်စေရန် အရှေ့အရပ

အဲဒါ ငါ့ အဖေ .... ( လယ်တွင်းသား စောချစ် )

Image
ကျွန်တော်ငယ်ငယ်က အဖေ့ ကို သိပ်ချစ်တယ်။ အဖေ လည်း ကျွန်တော့် ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သား အဖ ဆက်ဆံရေး က ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီး မှ ခပ် မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာပါ။ အထူးသဖြင့် ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေ ဖြစ်သွားတာပါ။ ကျွန်တော်ငယ်ငယ်က အဖေ ကားမ၀ယ်နိုင်သေးဘူး။ သံချည် သံကွေး သံပန်း ကိုယ်ပိုင် လုပ်ငန်းတော့ ရှိပြီ။ ကျွန်တော် ကျောင်းသွားရင် အဖေ့ ပခုံးပေါ် ခွစီး သွားရတယ်။ အဖေ က ကျွန်တော့် လွယ်အိတ်ကို လွယ်ပြီး ကျွန်တော့် ထမင်းဘူးလေး ကို ဆွဲထားသေးတယ်။ အဲဒီ ရက်တွေကို ကျွန်တော် မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကား နဲ့ကျောင်းသွားတဲ့ လူတွေကို အားမကျမိဘူး။ အဖေ့ ဂုတ်ပေါ် ခွစီးပြီး အားလုံး ကို အမြင့်ကြီး ကနေ ကြည့်ရ မြင်ရတာ သဘောကျတယ်။ ကားလေးတွေ ကို လည်း အဖေ့ ပခုံးပေါ်ကနေ ကျွန်တော်ငုံ့ကြည့်ရတယ်။ အဖေ က ဆယ်တန်း မအောင်ခဲ့ဘူး။ ၇ တန်း အထိပဲကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာက အလယ်တန်း ကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲ လို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာ အလုပ်ကို လုပ်ရတယ်။ နော

ငါ့ကို..ဘိုးဘွားရိပ်သာ ပို့ပေးပါ

Image
၁၉၉၁ ခုနှစ် ————- “သားကြီး ကျောင်းသွားတော့ မှာလား” “ဟုတ်ကဲ့ဖေဖေ” “စာကြိုးစား တဲ့ သားကြီးကို မုန့်ဖိုး အများကြီး ပေးရမှာပေါ့ကွ” “အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့” “ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ” “ရော့…သားကြီး အတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်” x ၂၀၀၂ ခုနှစ် ———— “သားကြီးရေ၊ သားကြီး” “မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်” “သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ” “ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီ ဆိုတော့ အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်” “အဖေကြီး…ရှင့်ပုဆိုးက တော်တော် စုတ်နေပြီလေ” “သားကြီးမှာ က အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်” “ရှင့်အတွက် ပုဆိုး ကို ဝယ် မလာဘဲ ဘာလို့ သူ့ အတွက် ဝယ်လာရတာလဲ ရှင်” “ငါ့ ပုဆိုး က လှည့် ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး” “မင်းသိလား….ငါ့သားကြီး ပညာတတ် ဘွဲ့ရ၊ အလုပ်ကောင်းကောင်း ရတဲ့အခါ ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်” “အေးပါတော်…။ ရှင်ပဲ

အဖေ ဆိုတာ

Image
  အဖေ ဆိုတာ နုတ်က ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ် ။ ဒါပေမယ့် ရင်ထဲ က သားသမီး အပေါ် ချစ်တဲ့ စိတ် က နူးညံ့ သိမ်မွေ့လှပါတယ်။ -  အဖေ ဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ် ။ ဒါပေမယ့် သူရှာကြွေး တဲ့ ငွေကြေး နဲ့ မိသားစု ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။ -  အဖေ ဆိုတာ ပညာ တတ်ချင် မှ တတ်လိမ့်မယ် ။  ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေ ကိုတော့ ပညာ တတ်ကြီး ဖြစ်စေချင်တယ်။ -  အဖေ ဆိုတာ အသောက် အစား ရှိချင် ရှိလိမ့်မယ် ။ ဒါပေမယ့် သားသမီးတွေ ကိုတော့ လိမ္မာစေချင်တယ်။ 

အမေ့ လက်များ

Image
    လူငယ် တစ်ယောက် ဟာ ကုမ္ပဏီကြီး တစ်ခုမှာ မန်နေဂျာ ရာထူး အတွက် အလုပ် သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင် သွားတာကြောင့် အခုဆို နောက်ဆုံး အဆင့် အင်တာဗျူး အတွက် ကုမ္ပဏီ ရဲ့ ဒါရိုက်တာ နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ် ။ ဒါရိုက်တာ လုပ်သူက လူငယ် ရဲ့ ကိုယ်ရေး ရာဇ၀င်ကို ကြည့်လိုက်တဲ့ အခါ ပညာရေး အဆင့် အောင်မြင် မှု မှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။  ဒါနဲ့ လူငယ် ကို................... “ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ ဘူးလား ” လို့မေးပါတယ်။ “ မလျှောက်ခဲ့ဘူးဗျ ”   “ ဒါဆို ကျောင်းစရိတ်တွေ ကို ညီလေး အဖေက တော်တော်ထောက်ပံ့ပေးခဲ့ရ မှာပေါ့ ” လူငယ်ခေါင်းခါ ပါတယ်။   “မဟုတ်ဘူးဗျ။ ကျနော့် အဖေ က ကျနော် တစ်နှစ်သားလောက် မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့ တာ ကျနော့်အမေပါ ”   “ ဒါဆို ညီလေး အမေက ဘာအလုပ် လုပ်တာလဲ ” “ အမေက ခ၀ါသည် ပါ ” လူငယ် ရဲ့အဖြေကို ကြားတော့ ဒါရိုက်တာ ဟာ လူငယ်ရဲ့လက် ကို သူ့အား ခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာ ရဲ့ တောင်းဆိုမှု ကို လက်ခံပြီး သူ့လက်တွေ ကို ဖြန့်ပြလိုက်တဲ့ အခါမှာတော့ သိပ် ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စ
 
365myanmar.com - Myanmar Online Shopping Mall