Posts

Showing posts from February, 2016

မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ်

Image
ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲ ထားရုံဖြင့် ဘယ်လို ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ? ကြည့်မှန် ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ? အိမ်တွေ ဆိုင်တွေ မှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ? စတဲ့ မှန်တစ်ချပ် ရဲ့အသုံး ဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။  ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။ ဆန်းဗေဒင် မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ် က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင် သလို................. မိမိ အိမ် က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာ ရှိ ပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။  နောက်ပြီး မျက်နှာချင်းဆိုင် အိမ် က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိ အိမ်နဲ့ တည့်တည့် ကျရင် မိမိ အိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေ က မြန်မာ ဆန်းဗေဒင် မှာရော တရုတ် ဖုန်းရွှေပညာမှာ ပါရှိတဲ့ အကြောင်း အရာတွေပါ။  အဲဒီလို နေအိမ် ၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင့်သော တိုက်၊

လ အလိုက် မွေးဖွားသူတို့ အကျင့်စရိုက်

Image
January မွေးဖွားသူတွေ ဟာ -လူထူး လူဆန်းတွေဖြစ်တယ် -အချစ်ကို အရူးအမူး ကိုးကွယ်တယ် -၀ါသနာပါရာ တစ်ခုခု ကို လွန်လွန်ကျွန်ကျွန်လိုက်စား တတ်တယ် -တစ်မူထူးခြားတဲ့ ကြံကြံ ဖန်ဖန်ဖြစ်ရပ်တွေနဲ့လည်း အမြဲ ကြုံတွေ့တတ်တယ်/လုပ်တတ်တယ် -ထူထူးခြားခြားဖြစ်စဉ်တွေကိုလည်း ဖန်တီးတတ်တယ် ။ February မွေးဖွားသူတွေဟာ -စိတ်ထားနူးညံ့ကြတယ် -အချစ်ကြီးသူတွေလည်းဖြစ်တယ် -၀ါသနာမပါတဲ့ အလုပ်ကိုဆို လှည့်မကြည့်တတ်ဘူး -တိရစ္ဆာန် လေးတွေကို သနားကြင်နာ တတ်ကြတယ် ။ March မွေးဖွားသူတွေဟာ -စကား အရမ်းပေါတတ် ကြတယ် -talking က တစ်ဖက်သား သနားသွားအောင်ကို  ပြောတတ်ကြတယ် -အပြင်ပန်းပြုံးနေပေမဲ့ အတွင်းစိတ် က ၀မ်းနည်းနေတတ်ကြတယ် -တစ်ဖက်သားအပေါ် ကူညီရမှ စိတ်ကျေနပ်နေတာမျိုး ။ April မွေးဖွားသူတွေဟာ -ကိစ္စတစ်ခုခု လုပ်ရာမှာသွေးအေး တတ်တယ် -အချစ်ကို မကိုးကွယ်ဘူး -နှလုံးသားက သံမဏိထက် မာကျောတယ် ။

ဆေးလိပ် သောက်သူများ အတွက် အထူး သတင်းကောင်း

Image
ခန္ဓာကိုယ် မှ နီကိုတင်း ဓာတ် ဆေးကြော သန့်စင်ပေးမယ့် အစားအစာ (၁၀) မျိုး နီကိုတင်း ဓာတ် ဆိုတာ ဆေးလိပ် လုပ်သော ဓာတု ပစ္စည်း တစ်မျိုးဖြစ်ပြီး ဆေးလိပ်ဖြတ်ရန် အင်မတန် ခက်ခဲစေ တဲ့ ဓာတု ပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။  နီကိုတင်းဓာတ် က စိတ် စွဲလန်းမှု အဖြစ်စေဆုံး ဓာတု ပစ္စည်းများဖြစ်ပြီး တစ်ကမ္ဘာလုံး ရာစုနှစ်နဲ့ ချီ သောက် လာခဲ့ကြပါတယ်။ နီကိုတင်း က အာရုံကြော နဲ့ ကြွက်သား ဆဲလ်များ ပုံမှန် လည်ပတ်ခြင်း မှ ဟန့်တား ပိတ် ဆို့စေနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။  ဆေးခြောက်ရွက် က နှလုံး ခုန်နှုန်း၊ သွေးပေါင် တက်စေနိုင်ပြီး ဦးနှောက်သွေးကြော ပိတ်ဆို့မှု ပါ ဖြစ်စေနိုင် တာ နီကိုတင်းဓာတ် ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ သတိပေးချက် များ၊ နီကိုတင်း အန္တရာယ် ဘယ်လောက်ကြီးမားကြောင်း သိပ္ပံနည်းကျ အထောက် အထားတွေ ရှိနေတာတောင် လူတွေ ဆေးလိပ်သောက်ဖို့ ပဲ ရွေးချယ်နေဆဲ ဖြစ်ပါတယ်။ 

ကင်ဆာ ဆေးနည်း

Image
          ကင်ဆာရောဂါ မှ အသက် ချမ်းသာရာ ရရှိခဲ့သူ အမျိုးသမီး မှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း Bosnia and Herzegovina နိုင်ငံ မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်တယ်။  အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေ ဖို့ စိတ်အား ထက်သန်တဲ့ သူမ က သူမ အား အသက် ချမ်းသာရစေ ခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင်ဆိုင် ခံစားနေရတဲ့ အခြား လူနာတွေ အကူ ညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။   ယင်းဆေးနည်း ဖော်စပ် ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။ သူမ endocrine ကင်ဆာရောဂါ ခံစား ခဲ့ပြီး ဆေးရုံမှာ အထူး စက်ကိရိယာ အ ပြည့်အစုံ နဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရောဂါ အခြေ အနေ ဆိုးဝါး လာခဲ့ပါတယ်။ ဒီဆေးနည်း က ခွဲစိတ် ကုသမှု သို့မဟုတ် ဓာတ်ကင် လုံးဝ လုပ်စရာမလိုပဲ အသက် ချမ်းသာ ရရှိစေခဲ့ပါတယ်။ ချင်းတက် အကြီးနှစ်ခု အခွံ လှီးထုတ်ပြီး ကြေညှက်နေအောင် ထောင်းပါ။ နောက် ပျားရည် ကီလိုဝက်လောက် နဲ့ ရောပေး ရပါမယ်။

ကလေးတွေ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်ပွားနေပြီ ဆိုရင် ၀မ်းပျက်ဝမ်းလျှော ရောဂါဆိုတာ

Image
ကလေးများ ၀မ်းပျက် ၀မ်းလျောရောဂါနှင့် ပတ်သက် ၍ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ရောဂါနှင့် ပတ်သက်သည်များ အား ဆရာဝန်ကြီး မှ အောက်ပါ အတိုင်းအသိပေး ပြောကြားခဲ့သည်။ တစ်ချို့က ၀မ်းပျက် ၀မ်းလျှော ရောဂါကို အထက်လှန်အောက်လျှော ရောဂါလို့လဲခေါ်တယ်။ နောက်တစ် မျိုးက အစာ အဆိပ်သင့်တဲ့ရောဂါ လို့လဲ ခေါ်ပါတယ်။ ၀မ်းပျက် ၀မ်းလျှောရောဂါ က အူလမ်းကြောင်း မသန့်လို့ဖြစ်တဲ့ ရောဂါ ပါ။ အူလမ်းကြောင်း အဓိက မသန့် ရတဲ့ အကြောင်းအရင်း က တစ် ကိုယ်ရေ သန့်ရှင်းရေး ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ လည်း ဆိုင်ပါတယ်။  တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်း ကျင် သန့်ရှင်းမှု မရှိတဲ့နေရာတွေ မှာ ကလေးများ အတွက် ၀မ်းပျက် ၀မ်း လျှောရောဂါ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။ ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်အောင် ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ် အောင် ကလေးများ အစာ မစားခင် (သို့) ကလေးငယ်များ ကို အစား

ကလေးတွေ အပေါ် ဖုန်း နဲ့ကွန်ပျူတာ ရဲ့ သက်ရောက်မှု

Image
    ဖုန်းနဲ့ ကွန်ပျူတာ စတဲ့ လျှပ်စစ် ပစ္စည်းတွေဟာ အသွားနှစ်ဖက်ပါ ဓါးလိုပဲ ကလေးတွေ အတွက် ကောင်း ကျိုး နဲ့ဆိုးကျိုး ကို တစ်ပြိုင်နက်တည်း ဖြစ်စေပါတယ်။ ကလေးတွေ ကို ခေတ်မီ နည်းပညာတွေ နဲ့ မိတ်ဆက်ပေး တာဟာ ကောင်းပေမဲ့ ကလေးတွေက အသည်းအသန် စွဲလမ်း သွားတတ်တာကြောင့် ဆိုးကျိုးတွေလည်း ရှိလာတတ်ပါတယ်။  ဒါကြောင့် မိမိ ရဲ့သားသမီးတွေ ကို ခေတ်မီ လျှပ်စစ်ပစ္စည်းတွေ ၀ယ်ပေးတဲ့ အခါ ချင့်ချိန် မျှတစွာ သုံး တတ်အောင် ထိန်းနိုင်ဖို့ ကောင်းကျိုး ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကောင်းကျိုး (၁)အမြဲ ဆက်သွယ်နိုင်ခြင်း သင့် ကလေးကို ဖုန်း တစ်လုံးပေးထားလိုက်ခြင်း အားဖြင့် အချိန် မရွေး ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်ပြီး သူ ဘယ်နေရာမှာ ဘာလုပ်နေလဲ သိနိုင်တဲ့ အတွက် စိတ်အေး ရမှာဖြစ်ပါတယ်။ မိဘ က အလုပ်သွား၊ သားသမီးတွေ က ကျောင်းသွား နဲ့ အချိန်ကြာကြာ အတူ မရှိနိုင်ကြတဲ့ ဒီခေတ်မှာ မိဘ နဲ့ကလေးကြား ဖုန်း နဲ့ဆက်သွယ်နိုင်ခြင်း ဟာ သိပ်ကို အဆင်ပြေတဲ့ နည်းပါပဲ။  ဒါ့အပြင် အန္တရာယ် တစ်စုံတရာ ရှိလာခဲ့ရင် လည်း ချက

သားသမီးလေးတွေ စိတ်ရော ကိုယ်ပါ လုံခြုံစေဖို့ မိဘများ လိုက်နာ သင့်သော နည်းလမ်း (၇) သွယ်

Image
  အရင်က သမီးလေးများ စိတ်ရော ကိုယ်ပါ လုံခြုံစေဖို့ လိုက်နာသင့်သော အချက်များကို ဘာသာပြန်ရေး သားဖော်ပြ ခဲ့ရာ သားလေးတွေ အတွက်လည်း ရေးသားပေးဖို့ တောင်းဆို သူများရှိသည့် အတွက် ပိုမို အသေး စိပ် ကျပြီး အရွယ်ငယ်ငယ် ကနေ မူလတန်း၊ အလယ်တန်း အရွယ်ထိ ကလေးများ အားလုံးအတွက် သင့်တော်သော နည်းလမ်း များကို ဘာသာပြန်ရေးသားဖော်ပြပေးလိုက်ပါတယ်။ (၁) မိသားစု ထဲမှာ လျှို့ဝှက်ချက် မထားရ စနစ်ကို ဖန်တီးပါ။ ကလေးကို မဖွယ်မရာပြုလုပ်တတ်သူတွေဟာ ကလေး ကို ဒီကိစ္စ ကို လျှို့ဝှက်ထားဖို့ပြောလေ့ရှိကြပါတယ်။ ကလေး က သဘောကျ အထင်ကြီးအောင် မိမိတို့နှစ်ယောက်တည်းကြား က သီးသန့် လျှို့ဝှက်ချက် ဟု ပြော ထား တတ်ကြပါတယ်။  ဒါကြောင့် ကလေး ကိ
 
365myanmar.com - Myanmar Online Shopping Mall