Posts

Showing posts from March, 2016

လူကြိုက်များ လာသော ငှက်ပျောသီး ဖြင့် ၀ိတ်ချနည်း

Image
အခုဆိုရင် ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ဟာ ကမ္ဘာမှာ လူကြိုက်များလာသည့် ၀ိတ်ချနည်း တစ်နည်း ဖြစ် လာ ပါပြီ။ ဒီနည်း ကို စတင်တွေ့ရှိခဲ့သူ ကတော့ ဂျပန်နိုင်ငံ မှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ ငှက်ပျော သီးဖြင့် ၀ိတ်ချနည်း စာအုပ်ဟာ ဂျပန်နိုင်ငံ မှာ သာမက ကမ္ဘာ အရပ်ရပ် မှာလည်း ဘာသာပြန်ပြီး ရောင်း အားကောင်းနေသည့် အပြင် ရုပ်သံများမှ လည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။ ဒီ ၀ိတ်ချနည်း ကို အရှေ့တိုင်း၊ အနောက်တိုင်း မှ လူ အများအပြား က လက်တွေ့ စမ်းသပ်ပြီး တစ်ကယ် ထိရောက်မှု  ရှိလာသည့် အတွက် ကိုရီးယား မင်းသမီးများ ဟာလည်း ဒီနည်း ကို အသုံးပြုနေကြပြီ လို့ ဆို ပါတယ်။ ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ************************* ၁။ နံနက်စာ ကို ငှက်ပျောသီး (၂) လုံး သာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။ ၂။ နေ့လည်စာ ကို ပုံမှန် အတိုင်း ထမင်း၊ ဟင်း တို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့် များတဲ့ အစာများ ကိုတော့ ရှောင်ပါ။ ၃။ ညစာ ကိုတော့ ထမင်းဟင်း မစားပဲ သစ်သီးများ နဲ့ ဟင်းသီးဟင်းရွက်အချို့ ကိုသာ စားပါ။ ည ၈ နောက် ပိုင်း ကိုတော့ ဘာမှ မစားပါနဲ့။

အိမ် နဲ့ပတ်သက် တဲ့မြန်မာ တို့ရဲ့ရှေး အယူအဆ နဲ့ ဗဟုသုတများ

Image
  ၁။ အိမ် ပတ်ဝန်းကျင်တွင်မ စိုက် အပ်သော အပင်များ ၂။ အိမ်ဆောက် ရက်ရွေးနည်း ၃။ အိမ်ဆောက် လရွေးနည်း ၄။ မသုံးအပ်သော သစ်(၈)မျိုး ၅။ အိမ်ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ၆။ အိမ်ကျောင်းဆောက်ရာတွင် မပြုအပ်သောအရာများ ၁။ အိမ် ပတ်ဝန်းကျင်တွင် မစိုက် အပ်သော အပင်များ ************************************** သစ်ပင်ပန်းမနဆိုတာလူတွေ အတွက်ကောင်းမွန်တဲ့ အရာ တစ်ခုပါ။ အကျိုးပြုစေပါတယ်။ မိမိ ပတ်ဝန်း ကျင်ခြံထဲ အိမ်ထဲ မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရော စိတ်ပါရွှင်လန်းစေမှာ ပါ။  ဒါပေမယ့်ရှေးမြန်မာ အယူအဆ အရခေတ် မမှီတော့ဘူး လို့ပဲ ဆိုဆို ရှေးထုံးကိုလဲ မပယ်နဲ့စကား ပဲပြောပြော ဗဟုသုတ အနေနဲ့ဖြစ်ဖြစ် သိရအောင် အိမ် နဲ့ပတ်သတ်တဲ့ရှေးမြန်မာ အယူအဆ တစ်ချို့ ကိုဖော်ပြလိုက် ပါတယ်။ အိမ် ရဲ့ အရှေ့ မျက်နာဘက် တွင် ညောင်သပြေပင်များ မစိုက်ရ။ စီပွား ပျက်တက်သည်။  အနောက်ဘက် တွင် လက်ပံပင် ထိန်ပင် တောင်ဘက် တွင် သစ်သျားပင် ဖီးကြမ်း ငှက်ပြော သဘောင်္ပင် များ မြောက်ဘက် တွင် ထန်းပင် ဆန်းပင် သဖန်းပင် အဆိုပါ အပင်များသည်ဖော်ပြပါ အရပ်မျက်နှာ များတွင် ရှိနေပါက စီးပွားရေး ညံ့တတ်သည်။  ရောဂါ ဘယထူပြောမည်။

မငိုပါနဲ့ ဧရာဝတီ { အိမ့်ချမ်းမြေ့ }

Image
    သူတို့ဟာ… ကမ္ဘာပေါ် မှာ တတိယ အရှည်ဆုံး နဲ့ အာရှ မှာ အရှည်ဆုံးမြစ်ဖြစ် တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင် ထားခဲ့တယ်။ အဲ သလို ရှည်လျား လှပတဲ့ ကမ္ဘာ့ အံ့ဖွယ် ယန်စီမြစ်ကြီးဟာ ဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုး ကို တည်ဆောက် ခဲ့တဲ့ မြစ်ကြီး တစ်စင်း ဖြစ်တယ်။  သူတို့ဟာ… အဲဒီမြစ်ကြီး ကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင် သဘာဝ တရားကြီး တစ်ခုလုံးကို မှောက်လှန် ဖျက်ဆီး လိုက်ခြင်း အားဖြင့် လူတွေ သာမက ကျွဲနွား တိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခု ဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ် သွားတော့မယ့် ကမ္ဘာ့ အထင်ရှားဆုံး သဘာဝ သယံဇာတ ၁၀ ခု ထဲမှာ တစ်ခု ပါနေပြီ။   နောက်နှစ် အနည်းငယ်မှာ.. ယန်စီ ဆိုတာ တရုတ် လူမျိုးတွေ ရဲ့ ဒဏ္ဍာရီ နဂါးကြီးတွေ လို.. ရှေးဟောင်း စာပေ ကျမ်းဂန်တွေ ထဲမှာပဲ ရှင်သန် အသက်ဝင် လှုပ်ရှားတော့မယ် ထင်ရဲ့။    ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ် (Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကို လည်း ဖျက်ဆီး ပစ်ခဲ့တယ်။  ဖျက်ဆီး ခံရတဲ့ မြစ်တွေကြောင့်

မွေးနေ့ ဗေဒင်

Image
ကိုယ့်ရဲ့မွေးနေ့ဂဏန်းလေးတွေ ကို ကြည့်ပြီး ကိုယ်ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာကို ကြည့်လိုက် ရအောင်နော်။ တွက်ပုံ တွက်နည်း ကတော့............... ဥပမာ - ၁၉၈၀ ခုနှစ်၊ ၃ လ၊ ၁၉ ရက်နေဖွားဖြစ်ရင် ၁၉၈၀ + ၃ + ၁၉ = ၂၀၀၂ ၂ + ၀ + ၀ + ၂ = ၄ ကဲ ကိုယ့် ရဲ့ဂဏန်း ကို တွက်ပြီး သွားရင်တော့ အောက်မှာ ကိုယ့် ရဲ့ဂဏန်းလေး ကို ရှာလိုက်ပါ ။ ၁. အတွေး အခေါ် ကောင်းသူ ၂. ငြိမ်းချမ်းရေး ကို လိုလားသူ ၃. ပွဲလမ်း သဘင် ကြိုက်သူ ၄. ရိုးရာ အစဉ်အလာ ကို လိုက်နာသူ ၅. တီထွင် ကြံဆသူ ၆. ကဗျာ ဆန်သူ ၇. ထူးချွန်သော သူ ၈. အောင်မြင် သူ ၉. အနုပညာရှင် ၁. အတွေး အခေါ် ကောင်းသူ စဉ်းစား တတ်ပြီး အတွေး အခေါ်ကောင်းတဲ့ အတွက် သူ့ကို ပတ်ဝန်းကျင် ရဲ့ အလေးထားခြင်း ကို ခံရပါ လိမ့်မယ်။ ဒါပေမဲ့လည်း သူများ ရဲ့အတွေး အခေါ် ကိုတော့ လက်မခံတတ်တဲ့ အတွက် လူမုန်းခံရပါလိမ့်မယ်။

ယောင်္ကျား အတွက် ဆိုရင် ဘာမဆို ဖြည့်ဆည်း ပေးမည့် ရာသီခွင်

Image
ရာသီခွင် အလိုက် ယောင်္ကျား၊ ရည်စား အပေါ်မှာ ထားရှိတဲ့ မေတ္တာ က ကွာခြား ပါလိမ့်မယ်။ ကိုယ် ချစ် တဲ့ ယောင်္ကျား အတွက် ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ပေးဆပ်ချင်တယ် ဆိုတာ သဘာဝတရား ပါ။  အလို လိုက်လွန်းရင်လည်း လူတော် ကနေ၊ လူညံ့ လည်း ဖြစ်သွားနိုင်ပါတယ်။ ကဲ ယောင်္ကျားအတွက် ဆိုရင် ဘာမဆို ဖြည့်ဆီး ပေးမည့် ရာသီခွင် Ranking ကိုကြည့်လိုက် ရအောင်နော်။   ၀၁. ကရကဋ် ရာသီ (Cancer) : ဇွန် ၂၁ ရက် မှ ဇူလိုင် ၂၀ ရက် အတွင်း ဒီ ရာသီခွင်က သူတွေ ကတော့ ယောင်္ကျား အတွက်ဆို ဘာပဲ လုပ်ရ လုပ်ရပါ။ သူ့မှာ ကိုယ် မရှိရင် ကလေး တစ်ယောက် လိုပဲ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူးလို့ ထင်နေပါတယ်။  ယောင်္ကျားဖြစ်သူ က နှေးကွေးနေ တာကို ပင် ချစ်စရာကောင်းပြီး ကလေးကျောင်းပို့ သလို အလုပ် အထိတောင် လိုက်ပို့ပေးမလား မသိ ဘူးနော်။ မကဲ နဲ့ သတိထား !!! ၀၂. ကန် ရာသီ (Virgo) : သြဂုတ် ၂၂ ရက် မှ စက်တင်ဘာလ ၂၂ ရက် အတွင်း ဒီ ရာသီခွင် ကတော့ ပုံမှန် ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကို ကိုယ် ရပ်နေနိုင်တဲ့ မိန်းကလေး ဖြစ်ပေ မဲ့ လည်း ယောင်္ကျား အတွက်ဆိုရင် ဘာမှ မျက်စိထဲ မမြင်တော့ပါ။  သူ့ရဲ့ ရည်မှန်းချက်တွေ၊ အိမ်မက်တွေ ကို ကိုယ်က ဖြည့်ဆီး ပေးရမယ် လို့ ခံယူ ထားလိ

ဘယ်လို ချက် ပိုင်ရှင် ဖြစ်မလဲ

Image
ချက်ရဲ့ ပုံလေးကိုကြည့်ပြီး ကိုယ် ကတော့ ဘယ်လို ချက်ပိုင်ရှင်ဖြစ်လိမ့်မလဲ ဆိုတာကို ကြည့် လိုက်ကြ ရအောင်နော်။ မတ်မတ် ရပ်ပြီးမှ ကိုယ့်ချက် ကို ကိုယ်ကြည့်နော်။ *** ဝိုင်းသော ချက်ပိုင်ရှင် ** ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲ ကိစ္စတွေ ဆိုရင် ခေါင်းထဲမှာ မထားပါ။ ***  ဒေါင်လိုက် ရှည်သော ချက်ပိုင်ရှင် ** သူများကို ကူညီချင်သော စိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့် ပတ်သက်၍တော့ ကပ်စီးနဲ သူဖြစ် ပါလိမ့်မယ်။ ***  ချက်ဆူ ပိုင်ရှင် **သံယောဇဉ်ကြီးသောသူ၊ ခင်ပြီ ဆိုရင် သူငယ်ချင်း အဖြစ် တစ်သက်လုံး လက်ခံထားသူ၊ ဒါပေ မဲ့ ပိုက်ဆံ အသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံ တို့၊ အာဏာ ကို မက်လိမ့်မယ်။ ***  အပေါ်သို့ထောင်နေသောချက် ပိုင်ရှင် **  ကြိုးစားပြီး ရိုးသားသောသူ ၊ အလုပ်ကို လေးလေး စားစား ဝီရိယ ရှိသောသူ၊ အမှန် ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့ အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။ ***  ဘေးသို့ရှည်သော ချက်ပိုင်ရှင် ** ပျော်ပျော်နေတတ်ပေမဲ့လည်း ကိုယ့်ရဲ့ရည်စား၊  ချစ်သူ အပေါ် မှာ မူတည်ပြီး စိတ်နေစိတ်ထား က ပြောင်း လဲသွားတတ်၏ ။
 
365myanmar.com - Myanmar Online Shopping Mall