Posts

Showing posts from May, 2016

သတိ ပညာ ဥာဏ်မြေကတုတ် ပညာ ချွန်းကဲ့သို့ အုပ်

Image
အခုလည်း တစ်ယောက် နဲ့တစ်ယောက် သူခိုး ယိုးခံရတာတွေမရှိဘူး လား။ အတင်းပြောခံရတာတွေ မရှိဘူးလား ။ အပုပ်ရည် သွင်းတဲ့ စကားမျိုး အ ပြောခဲ့တာ မရှိဘူးလား ......... အဲဒီလို ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးဆင်ခြင်  သုံးသပ်လိုက်မယ် ဆိုလို့ရှိရ င် .. အကြောင်း ရှိလို့အကျိုး တရားေ တွပေါ်တာပါလား  ... လို့သိရင် စိတ်ဆိုးစရာ လိုသေးသလား။ စိတ်ဆိုး စရာ မလိုတော့ဘူးနော်။ အကြောင်း ရှိသလောက် အကျိုးတရားပေါ်တာကွဲ့။ အဲလို သိတော့ ကြွေးဟောင်းကား မကျေလား။ ကြွေးသစ် ကား တင်သေးရဲ့လားဟဲ့။ အဲလို စိစစ်ဖို့မကောင်းလား။ **ဝိဥာဏ်မြင် သမ္မုတိသစ္စာ ဘက်က ပြန်ကြည့်လိုက်ရင် အဲဒီလို အပုပ်ရည် သွင်းတဲ့ စကားမျိုး အပြော ခံရတဲ့ အခါမှာ ကိုယ့် ခန္ဓာကိုယ်ကြီး လှည့်ပြီးတော့ သတိ နဲ့ ကြည့်ဖို့ကောင်းတယ်နော်။ အဲလိုပြောဆိုတဲ့ အခါ ကိုယ့် ခန္ဓာကိုယ်ကြီး က အသား အရေ လျော့သလား အသားအရေ မလျော့ ရင် စိတ်ဆိုး စရာ မလိုဘူးပေါ့ ။ တစ်နည်းအားဖြင့် အပ် နဲ့ထိုးသလို ဒီလိုကား နာရဲ့လား ဒီလို ဆိုလည်း စိတ်ဆိုး စရာ မလိုဘူးကွဲ့နော် ။ ခန္တီ ပရမံ တပေါ-သည်းခံခြင်းမြတ်တယ် ဆို တာ အဲ သလိုလည်း ပြန်ပြီးတော့ သမ္မုတိ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ ကောင်းတယ်ကွဲ့နော

ရန်သူ ကို အနိုင် တိုက်ချင်လျှင်

Image
သားတို့ သမီးတို့....   ရန်သူ ကို အနိုင် တိုက်ချင်လျှင် ဦးစွာ မိမိစွမ်းရည်ကို တိုးမြှင့် လေ့ကျင့်ပါ။ မိမိ စွမ်းရည် သတ္တိ စိတ်ချရလျှင် ရန်သူ နဲ့ ပက်ပင်း ရင်ဆိုင်ပါ။... ဆိုတဲ့ စကား အတိုင်း.................. ကျောင်းသို့ သွား၍ မိမိ စိတ်ကလေး ထိန်းကျောင်းနိုင်ပြီ ဆိုလျှ င်.. အိမ်မှာနေသော်လည်း ဘဲ အကျင့်မလွှဲနိုင်။   စီးပွားရေး စာကျက် အာရုံ ရမ္မက်ထဲ ရောက်သော်မှ အကျင့်ကောင်း လက်မလွှတ်ပြီ။ ဒုစရိုက် သမား လူမိုက် များတို့နှင့် နီးသော် မှ မစပ်တော့ပြီ..။ စိတ်က မှ မလှုပ်တော့လျှင် ကိုယ်နှုတ် တို့ မလှုပ်ကြတော့ပြီ။

ခန္ဓာ နှင့် နွား ဥပမာ

Image
ဆရာတော်။ ။ ဒီ ခန္ဓာကိုယ်ကို နေ့စဉ် ဘာလုပ်ပေး နေရသလဲဟဲ့။ ဒကာကြီး။ ။ပြုပြင်ပေးနေရပါတယ် ဘုရား။ ဆရာတော်။ ။ ဒီအတိုင်း လွှတ်ထားရင် ဘာဖြစ်မ လဲဗျာ။ ဒကာကြီး။ ။ချေးညှော်တွေ နဲ့ နံစော်လာ မှာပေါ့ ဘုရား။ ဆရာတော်။ ။ ဥတုကို ဆန့်ကျင်ရင်ကောဗျာ။ ဒကာကြီး။ ။ ဖျားမယ် နာမယ် ဖြစ်လာမှာပါ ဘုရား။ ဆရာတော်။ ။ အစာ မကျွေးရင်ကောဗျာ။ ဒကာကြီး။ ။ ငတ်မွတ်ပြီး သေနိုင်ပါတယ်ဘုရား။ ဆရာတော်။ ။ ဒါဖြင့် သူ့ အတွက် ဝန်မလေးနေဘူး လားဗျာ။ ဒကာကြီး။ ။ မှန်ပါတယ်ဘုရား။ ဆရာတော်။ ။ သူ့ကို စွန့်ဖို့ကော စိတ် မကူးဘူးလား။ ဒကာကြီး။ ။ တစ်ခါ တစ်လေတော့ စိတ်ကူး သလိုရှိပါတယ်ဘုရား။

ပကတိ အေးဆေး တည်ငြိမ်သူ ဖြစ်လိုလျှင် မြတ်ဗုဒ္ဓ ၏ တရား ကို နှလုံးသွင်းပါ

Image
~ စိတ် လှုပ်တိုင်း မမြဲဘူး ဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဖို့  စိတ်သည် လှုပ်ရှားခြင်း ကင်းကာ ငြိမ်သက် ပိပြားလာသည်။ ~ စိတ်ကို အလို မလိုက်ဘဲ ဥာဏ် ကွပ်ကဲလျှင် စိတ်သည်  ဥာဏ်အောက် ၌ အမိန့်နာခံ ရိုကျိုး ကာ ခေါင်း မထောင်နိုင်ဘဲ  လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။ ~ စိတ် ကို ဥာဏ်ဖြင့် ကွပ်ကဲခြင်း သည် စိတ္တာနုပဿ         နာ ကျင့်စဉ် ပင်ဖြစ်သည်။ ထို ကျင့်စဉ် အရ စိတ် ကို နိုင်ရုံမျှ မက စိတ် အကြောင်းကို  မှန်မှန် ကန်ကန် ပိုမို အသေးစိတ် နားလည်နိုင်သည်။ ~ ချစ်သူတွေ့တွေ့၊ မုန်းသူတွေ့တွေ့ မတုန်လှုပ်စေရန် ဥာဏ်ဖြင့် ထိန်းနည်း သည် စိတ္တာနုပဿ     နာခေါ် ပေါ်စိတ်  တုန်လှုပ်စိတ် ကို အပျက်တရား ဟု ရှုသတ်သော နည်းပင်ဖြစ်သည်။ ~ နောက်ဆုံး သေခြင်းတရား ကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ် နာမ် ကို ယထာဘူတ ကျကျ သိသွားနိုင်သည်။

ကိလေသာ က ဘယ်တရားလဲ

Image
ဒါန ကုသိုလ် သီလ ကုသိုလ် သမထ ကုသိုလ် ဘုရား အဆူဆူ ပယ်ရဲ့လား... ဒါန ကို ပယ်ရမှာလား ....ကိလေသာ ပယ်ရမှာလား.....  သီလ ကို ပယ်ရမှာလား ကိလေသာ ပယ်ရ မှာလား....... သမထ ကို ပယ်ရမှာလား ... ကိလေသာ ပယ်ရမှာလား ဩော် ကိလေသာ ပယ်ဖို့ ဟောတာကွဲ့...... ကိလေသာ က ဘယ်တရားလဲ စိစစ်ဖို့ မကောင်းလား အဝိဇ္ဇာ တဏှာ ဥပါဒါန် ဗျား သစ္စာလေးပါးကို မသိတာ....(*အဝိဇ္ဇာ ပါဘုရား) ခန္ဓာငါးပါးကို မသိတာ... (*အဝိဇ္ဇာ ပါဘုရား) ခန္ဓာငါးပါး တစ်ပါးပါး အပေါ်မှာ လူ နတ် ဗြဟ္မာ သတ္တဝါလို့ နှလုံးသွင်း မှားတာ..... (*အဝိဇ္ဇာ ပါဘုရား) နှလုံးသွင်းမှားတော့ လိုချင်တာ ဘယ်သူလဲ .. (*တဏှာ ပါဘုရား) မရရင် မနေဘူး လို့ စွဲလမ်းတာ.... (*ဥပါဒါန် ပါဘုရား) ဒါ အဝိဇ္ဇာ တဏှာ ဥပါဒါန် နော်.. ဝဋ် အနေနဲ့ ကိလေသဝဋ် လို့ မဟောဘူးလား ကိလေသဝဋ်ပေါ့. . သစ္စာဖွဲ့တော့ သမုဒယပေါ့ ဝဋ်အနေနဲ့ ကိလေသဝဋ်နော်.... ကိလေသာ ဝဋ်ရှိတော့ ကမ္မဝဋ် မဖြစ်ဘူးလား ကာယကံ ၀စီကံ မနောကံတွေ မလာဘူးလား ကမ္မဘဝ ပစ္စယာ ဇာတိပေါ့... ကုသိုလ် နဲ့ ပတ်သက်တော့ လူ ဇာတိ...  နတ် ဇာတိပေါ့ ။ အကုသိုလ် နဲ့ ပတ်သက်တော့ အပါယ် ဇာတိပေါ့ ။
 
365myanmar.com - Myanmar Online Shopping Mall