Posts

Showing posts from January, 2017

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

Image
ခုနှစ်စဉ်ကြယ် ကို ကျွန်တော်တို့ တော်တော် များများ သိကြသည်။ မြောက် ဘက် ကောင်းကင်ယံ တွင် အလွန် ထင်ရှားသော ကြယ် အစုအဝေး ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ လူမျိုးများ အတွက် ခုနှစ်စဉ်ကြယ် သည် မြန်မာ ဂဏန်း (၇) နှင့် ပုံသဏ္ဍန် အားဖြင့် အလွန်ပင် နီးနီးစပ်စပ် တူညီသည့် အတွက် ခုနှစ်စဉ်ကြယ်ဟု ခေါ်ခဲ့ကြသည်ဟု ထင်မိပါသည်။ မြန်မာတို့က ခုနှစ်စဉ် ကြယ် ဟု အမည်ပေးခဲ့သည့် အပြင် ကြယ်များကိုလည်း ဦးခေါင်းဘက် မု စတင်၍ ကြာသပတေးကြယ်၊ အင်္ဂါကြယ်၊ စနေကြယ်၊ ဗုဒ္ဓဟူးကြယ်၊ သောကြာကြယ်၊ တနင်္ဂနွေကြယ်၊ တနင်္လာကြယ် ဟု အစဉ်အတိုင်း ကြယ်တစ်လုံးစီ ကို အမည်ပေးခဲ့ကြသည်။ အတိုကောက် အားဖြင့် နေ့သင့် နံသင့် ကဗျာသဏ္ဍန် အမည်ပေးခဲ့ကြသည်။ ကဗျာ မှာ မ,စက်,တတ်,လေ၊ သည်း,အူ,ကြွေ၊ ရေလေ အစ၊ ဦးခေါ်င်းက ဟူ၍ဖြစ်သည်။ နေ့သင့် နံသင့်ပြန် ဆိုကြည့်ပါက အထက်ပါ အစီအစဉ် အတိုင်း ကြယ်များ၏ အမည်ကိုတွေ့ရမည် ဖြစ် သည်။ ခုနှစ်စဉ်ကြယ် အပြင် အချို့နေရာများတွင် ကြယ်ရေမှုတ်၊ ကြယ်မိချောင်း စသည်ဖြင့် အခေါ်အဝေါ်များလည်း ရှိခဲ့သည်။  သို့သော် အမေရိကန် လူမျိုး များ အမြင်တွင် ဟင်းခတ်သည့် ယောက်ချို ဇွန်းကြီး ပုံသဏ္ဍန် ရှုမြင်ခဲ့ကြသည်။ သို့အတွက် ယောက်ချိုဇွန်ြး ကီး (Big Dipper) ဟုခေါ်ခ

သိုင်း ၏ အနက် အဓိပ္ပာယ်

Image
သိုင်း ၏ အနက် အဓိပ္ပာယ်မှာ ...... "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊  "သိ" သိမြင်ခြင်း နားလည်ခြင်း၊  "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊  "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။ သိုင်း ဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။ မြန်မာ့သိုင်း မြန်မာ့သိုင်းတွင် ပွဲကျောင်း၊ မင်းကျောင်း၊ နန်းတွင်းသိုင်း၊ မျိုးနွယ်စုပိုင် သိုင်းများ  ရှိသည်။ ထိုမြန်မာ့သိုင်းပညာရပ်တွင်  လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်း၊ ကြိုးသိုင်း၊ ခဲပစ်၊ စူးပစ်၊ လှံပစ်၊ မြှားပစ်၊ လင်းလေး၊ ဒူးလေးပစ်၊ တုတ်သိုင်း၊ တင်ကျည်းသိုင်း အစရှိသော သိုင်းပညာ များကို သင်ကြားရသည်။ ထိုသို့ သိုင်းပညာ အကုန်အစဉ် တတ်အောင် သင်ပါက အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ကြာအောင်သင်ရသည်။ ဗန်တိုဗန်ရှည် မြန်မာ့သိုင်း ဟုခေါ်သော ဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ် ကိုယ

လောကမှာ မိမိ အတွက် နေရာ တစ်နေရာတော့ ရှိပါတယ်

Image
လောကမှာ မိမိ အတွက် နေရာ တစ်နေရာတော့ ရှိပါတယ် ။ လူတိုင်း အတွက်တော့ မိမိ က အရေးပါ အရာရောက်တဲ့လူတော့ မဖြစ်နိုင်ပါဘူး ။ တစ်ချို့နေရာမှာ မိမိ က လူပို ဖြစ်နေတတ်ပေမယ့် ၊ တစ်ချို့ နေရာတွေမှာတော့ မရှိ မဖြစ်လိုအပ်တဲ့ လူ ဖြစ်နေတတ်ပါတယ် ။  လူမှန် နေရာမှန် မရောက်တဲ့ အချိန်မှာ ခဏတော့ စိတ်ထဲ ဝမ်းနည်း သလို ၊ အရေး မပါ အရာ မရောက်တဲ့ လူ အဖြစ် ခံစားရတတ်ပါတယ် ။ ထိုသို့ တစ်ယောက်တည်း စိတ်ထဲ ဝမ်းနည်းလာတာမျိုး ကို ကြိတ်ပြီး မခံ စားပါနဲ့ ။ တစ်ခြား အရာတစ်ခုခု ကို စိတ်ပြောင်းသွားအောင် ပြုလုပ်ပေးပါ ။ သူငယ်ချင်းတွေနဲ့ အတူတူ အပြင် ထွက်လည် လိုက်တာမျိုး ဖြစ်ဖြစ် ပြုလုပ်ပေးပါ ။ ရုပ်ရှင်ကား အသစ် ကို ကြည့် လိုက်ပြီး စိတ်ပြောင်း လိုက်တာမျိုး ၊ အစာ ထွက်စားပေးတာမျိုး လုပ်ပေးပါ ။ ခရီးထွက်ပေး ခြင်း ကလည်း စိတ်ကို ကုသ ပေးနိုင်တဲ့ နည်းကောင်း တစ်ခု ပါပဲ ။ မိမိအားလပ်ရက် ပေါ် မူတည်ပြီး ခရီးကို ထွက်ပေးပါ ။ အချိန် သိပ်မရှိရင် နေ့ချင်းပြန် သွားနိုင်တဲ့ နေရာတွေကို သွားရောက် ပေးနိုင်ပါတယ် ။ မရောက်ဖူးတဲ့ နေရာ အသစ်တွေကနေ အတွေ့အကြုံ အသစ်တွေ ၊ အစား အစာ ၊ ယဉ်ကျေးမှုတွေကို လေ့လာပေးပါ ။ မိမိ အကူ အညီ လိုအပ်နေတဲ့ သူတစ်ယောက် ယောက် ကို ကူညီေ

အောင်မြင်ချင်ရင် ကိုယ့်အကြောင်းကို အရင်စဉ်းစား

Image
သင်ဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်လား.... ? ဒါဆိုရင် သူများအကြောင်းတွေ လေ့လာဖို့ထက် ကိုယ့်အကြောင်းကို သိဖို့ ပိုအရေးကြီးပါတယ်။ ဘီဂိတ်လ် မနက်ကျရင် ဘာလုပ်လဲ ဆိုတာကို သိဖို့ထက် သင် မနက် ကျရင် ဘာလုပ်မှာလဲ ဆိုတာက ပိုအရေးကြီးပါတယ်။  စတိဂျော့ ဟာ ဘာလုပ်လို့ အောင်မြင်သွားတယ် ဆိုတာထက် သင့် အနေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ပိုအရေးကြီးပါတယ်။ (အောင်မြင်တဲ့ သူတွေကို  မလေ့လာရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကို အရင်လေ့လာဖို့ လိုတယ်လို့ ပြောတာပါ။) . သေချာတာ ကတော့ ဘီဂိတ် ဟာ သူ့ရှေ့က အိုင်းစတိုင်း ကို အားကျနေတာထက် စာရင် သူ့အောင်မြင်မှုကိုပဲသူ ခေါင်းထဲထည့်တယ်။ စတိဂျော့ဟာ ဂရေဟမ်ဘဲလ် ကို ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်မယ့်အစား သူ့အလုပ်ကိုပဲ သူကောင်းအောင်လုပ်တယ်။ . အောင်မြင်ချင်တဲ့ သူတစ်ယောက် အနေ နဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်ကို လေ့လာတာ ကောင်းပါ တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့ အပြုအမူတွေကို လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ 
 
365myanmar.com - Myanmar Online Shopping Mall