Posts

Showing posts from May, 2017

ရှောင်းမီ တည်ထောင်သူ လေကျွင်း (သို့) စမတ်ဖုန်း မုန်တိုင်းသစ် တိုက်ခတ်စေခဲ့သူ

Image
ဒီနာမည်ကို လွန်ခဲ့တဲ့ ခြောက်နှစ်က ဘယ်သူမှ မကြားဖူးနိုင်ဘူး။ ဘာလို့ လဲဆိုတော့ ရှောင်းမီ တည်ထောင်တာ လာမယ့် ၄ လပိုင်း ၆ ရက်နေ့ မှ ၆ နှစ် ပြည့်မယ်။ ဒီလောက် အချိန်တို အတွင်းမှာ ရှောင်းမီဟာ ဧရာမ မိုဘိုင်းဖုန်း ကုမ္ပဏီကြီး တွေကို နောက်ကောက်ချပြီး တရုတ်ရဲ့  နံပါတ် ၁ ဖြစ်လာတယ်။ ကမ္ဘာမှာ Apple နဲ့  Samsung နောက်က တတိယ အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။ တရုတ်တို့ ရဲ့  နည်းပညာခေတ်မှာ ရှောင်းမီ နဲ့ အလီဘာဘာက အံ့သြဖွယ်ရာ နှစ်ခု ဖြစ်တယ်။ အလီဘာဘာကို တည်ထောင်သူ ဂျက်မား အကြောင်းကို လူသိ ပိုများပါတယ်။ ရှောင်းမီကို တည်ထောင်သူ လေကျွင်းကို သိပ်မသိကြဘူး။ ဂျက်မားနဲ့  လေကျွင်းဟာ တရုတ်လူငယ်တွေရဲ့  အိမ်မက်ထဲက စီးပွားရေး အိုင်ကွန် နှစ်ယောက် ဖြစ်ပါတယ်။ ၁၉၉၁ တရုတ်ပြည် ဝူဟန် တက္ကသိုလ်မှာ ကွန်ပြူတာ သိပံ္ပ တက် နေတဲ့ အသက် ၂၂ နှစ် အရွယ် လေကျွင်း ဆိုတဲ့ လူငယ် တစ်ယောက် ရှိပါတယ်။ သူ့ သူငယ်ချင်း နှစ်ယောက်နဲ့  အတူ ကျောင်းတက်ရင်း Software ကုမ္ပဏီ အသေးလေး စတည်ထောင်တယ်။ မကြာပါဘူး။  တရုတ်တို့ ရဲ့  ထုံးစံအတိုင်း သူ အိုင်ဒီယာကို ကုမ္ပဏီကြီး တစ်ခု ဆင်တူ ရေးဆွဲပြီး ဈေးပေါပေါနဲ့  ချရောင်း လိုက်တယ်။ ဒါကြောင့် သူတို့ ကု

အတိုနူန်း နှင့် စီးပွားဝင်ငွေ တွက်ချက်နည်း အကြောင်းသိကောင်းစရာ

Image
ကျွန်တော် ပစ္စည်းတစ်ခုကို ၁၉ သိန်း နဲ့ ဝယ်လှောင်ထားတာ ပြန်ရောင်းတော့ ၈သိန်းခွဲ လောက်မြတ်တယ်ဗျာ။ ဒါပေမယ့် ၉ လလောက် သိပ်ထားရတာလေ ။ ၅ ကျပ် တိုးနဲ့ပြန်တွက်ကြည့်တာ ၅သောင်းလောက်  ရှုံးနေတယ်။ စီးပွားရေး လုပ်တဲ့ အခါမှာဘယ်လောက်မြတ်လဲ၊ ဘယ်လောက်ရှုံးလဲ ဆိုတာကို အတိုးနှုန်းနဲ့ တွက်ကြည့်တဲ့နည်းပါ။ ကိုဝင်းနိုင်စိုး ရဲ့ post ကိုပြန်ဖော်ပြပေးလိုက်ပါတယ်။ လေ့လာကြည့်ပါဦးဗျာ။ ........ အတိုနူန်း နှင့် စီးပွားဝင်ငွေတွက်ချက်နည်း အကြောင်းသိကောင်းစရာ ... စီးပွါးရေးသမားများ အလုပ်လုပ်ရာ တွင် မိမိလုပ်သော လုပ်ငန်း ဘယ်လောက် အတိုးကိုက်သလဲ ဆိုတာကို ပေသီး ပြန်ခေါက်ကြပါ တယ်။  ဥပမာ.....  ၃ ကျပ်တိုးလား? ၅ ကျပ်တိုးလာ? ၁၀ကျပ်တိုးလား? သူများဆီမှ ငွေ မချေးပဲ ကိုယ်ပိုက်ဆံနှင့် ကိုယ် လုပ်သော်လည်း မိမိ လုပ်ငန်း အတိုး ဘယ်လောက်ကိုက်လဲ ဆိုတာ လချုပ် နှစ်ချုပ် တွက်ကြပေသည်။ တွက်ဘို့လဲ လိုပါသည် ဒါမှလဲ မိမိ လုပ်ငန်း တိုးတက်မူ့ ဆုတ် ယုတ်မူ့ သိနိုင်ပါသည်။ တစ်ချို့ စနစ်မကျသော လုပ်ငန်းရှင်များ က ok ok နဲ့ အချိန် တန်သော် မ ok ဘဲ ပြုတ်သွားပါတော့သည်။ ဘာဖြစ်လို့ လဲ ဆိုတော့ စနစ်တစ်ကျ တစ်လ တစ်ခါ ၊ တစ်နှစ် တစ်ခါ စာရင်း မချုပ်လို့ပါ။ စာရ

ပုဂံ ကျိန်စာနှင့် ဘုရား ကျွန်များ

Image
ကျွန် ဟုဆိုလိုက်သည်နှင့် လူသား တစ်ယောက်ကို အနေအစား ဆင်းရဲ စွာ ထားကာ ခွန်အားကုန် ချွေးသံ ရွှဲရွှဲ ခိုင်းစေပြီး တိရိစ္ဆာန် တစ်ကောင်ပမာ နှိပ်စက် ညှင်းပန်းခံကြရသည့် အပြင် အနိမ့်ကျ အခက်ခဲဆုံး အလုပ် များ လုပ်ကိုင် ကြရသည် ဟု အတော်များများ နားလည်ကြ ပါလိမ့်မည်။  ပုဂံမြေပေါ်၌ ဘုရားစေတီပေါင်း များစွာ တည်ရှိလေရာ အနီးစပ်ဆုံး ရာဇကုမာရ်ကျောက်စာ အရ ကျွန် (၃) ရွာ အား လှူဒါန်း သည်ဟု ဖော်ပြပါရှိလေ သဖြင့် ကျွန် သည် မပါ မဖြစ်သော လူတန်းစား တစ်ရပ် ဖြစ်နေ သည် ကို တွေ့ရသည်။  သစ္စာလေးပါး ၊ မဂ္ဂင်ရှစ်ပါး ၊ ရုပ်နာမ်နှစ်ပါး ၊ ကံ ကံ၏ အကျိုး ၊ နိဗ္ဗာန် ဟူသော မေတ္တာ အခြေခံ သည့် နူးညံ့သိမ်မွေ့သော ဗုဒ္ဓ ဘုရားဟောနှင့် ဆန့်ကျင်ဘက် ခက်ထန်ကြမ်း တမ်း လှသော ကျွန် သည် ဘုရားများနှင့် မည်ကဲ့သို့ ဆက်စပ်နေပါသနည်း ဆိုသည်ကား များစွာ စိတ်ဝင်စား ဖွယ် ကောင်းလှပါသည်။  အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။ မည်သူက မည်သည့် နည်းဖြင့် ခိုင်းစေကာ ဘုရားကျောင်း ကန်များ  နှင့် မည်သို့ မည်ပုံ ဆက်စပ် နေပါသနည်း ။ ၎င်းတို့တွင် လူ့သား အခွင့် ရေး မည်သို့ ရှိကြသနည်း စသည်တို့အား ကျောက်စာများကို မှီ၍ ခန့်မှန်း တင်ပြ လိုက်ပါသည်။ ♢ ကျွန် ဟူသော ဝေါဟာရ ♢ -

ဒါတွေ တွေ့ရင် နိမိတ်ကောင်းတယ်

Image
(1) သွားလမ်းမှာ ရှင်ပြု ရှင်လောင်း၊ မင်္ဂလာဆောင်ပွဲ ၊ (2) သံဃာတွေကို ဆွမ်းလောင်းနေတာ၊ ဘုရား ရုပ်ပွါးတော် ပင့်ဆောင်တာ ၊ (3) ရွှေငွေ ပြည့်စုံ ထည်ဝါသူ က မိမိရှေ့ မင်္ဂလာ ရှိသော စကားများ ပြောဆိုနေသော အခါ ၊ (4) ကားငှါးသွားမယ် ဆိုလည်း တစ်ခါတည်း နဲ့ ရှောရှော ရှုရှု အဆင်ပြေ ငှါးစီး သွားနိုင်ရင် ၊ (5) သွားတဲ့အချိန် မိမိအိမ်မှာ ရန်ဖြစ် စကားများမှု မရှိလျှင် ၊ (6) ကလေးတွေက ပျော်ရွှင်စွာဖြင့် အပြန် မုန့်ဝယ်ခဲ့ပါဟု မှာလျှင် ၊ (7) ကိုယ်သွားမယ့် အချိန်မှာ ရေဒီယို တီဗီ စသည်မှ မင်္ဂလာ ရှိစကား တရား သီချင်း စသည်တို့ လွှင့်နေချိန်ဖြစ်လျှင် ၊ (8) ကိုယ်ရှေ့မှာ လူအုပ်စု တစ်ဝါးဝါး တစ်ဟားဟားဖြင့် ရီမောပျော်ရွှင် နေလျှင် ၊ (9) စသွားချိန်မှာ မြင်ကွင်း ၌ မင်္ဂလာ ရှိသော ကြေငြာ ဆိုင်းဘုတ်များ တွေ့ရလျှင် ၊ (10) နိမိတ်ကောင်းသော လမ်းနာမည် ( စိတ္တသုခလမ်း/ ချမ်းသာကြီးလမ်း စသည် ) တွေ့လျှင် ၊ (11) လမ်းခရီးမှာ နာမည်ကျော်ကြား ထင်ရှားသော ပုဂ္ဂိုလ်ကို တွေ့လျှင် ၊ (12) လမ်းမှာ ရေတစ်ဟောဟော  ကျနေတဲ့ ပွင့်နေတဲ့ ရေဘုံဘိုင် ကို တွေ့လျှင် ၊ (13) လမ်းမှာ တစ်စုံ တစ်ဦးက ရေ ကို အားပါး တစ်ရ မော့သောက်နေသည် ကို မြင်သော် ၊ (14) လမ်းမှာ အသု

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

Image
(1) ယူသွားမယ့် အထုပ်ဟာ မမျှော်လင့်ပဲ ပြုတ်ကျ ပွင့်ကျရင် ၊ (2) ကျကွဲ သွားရင် ၊ (3) သွားခါနီး ဝတ်တဲ့ အဝတ်အစား ဗျိ ကနဲ ပြဲသွားရင် ၊ (4) ကိုယ်လေးစားတဲ့သူ တစ်ယောက်ယောက်ကို ကလေး တစ်ယောက်က တားထား ဆွဲထားရင် ၊ (5) လမ်းသွားရင်း သစ်ကိုင်း နဲ့ နဖူး ရိုက်မိတာ၊ ခလုတ်တိုက် ခြေမကွဲတာ ၊ (6) အငှါးယဉ် တားစီးတဲ့အခါ ၃ ကြိမ်ထက် မနည်း ဈေး မတည့်တဲ့အခါ ၊ (7) လမ်းတစ်လျှောက်မှာ လက်ခါ ပြသူတွေကို တွေ့မြင်သောအခါ ၊ (8) ကိုယ့်ရှေ့ တည့်တည့်က လူက မေးထောက်ပြီး ညည်းညူနေရင် ၊ (9) ကိုယ့်ရှေ့မှာ နွား ကျွဲ မြင်း ခွေး ကလေး လူကြီး စသည်တို့ကို ရက်စက်စွာ ရိုက်ပုတ် ညှင်းပန်းနေရင် ၊ (10) ကားစီးသော် လမ်းမှာ ကားပျက်မှုကြုံသော်/ စက်နှိုး မရ ပုံစံဖြစ်သော် ၊ (11) ကိုယ့်ရှေ့မှာ ယာဉ်တိုက်မှု မြင်သော် ၊ (12) အတူသွားသူနှင့် ရန်ဖြစ် စကားများ သွေးထွက်သံယို ဖြစ်သော် ၊ (13) မိမိခြေထောက်ကို နှစ်ကြိမ်ထက် မနည်း တက်နင်း ခံရသော် ၊ (14) မျက်မှန်ပြုတ်ကျသော် ၊ (15) ကိုယ့် ရှေ့မှာ လူ / ယာဉ် / ပစ္စည်း တစ်ခုခု လာပိတ် ရပ်သော် ၊

အင်ဂျင် ညည်းသံ အထွက်မြန်စေတဲ့ အကြောင်းများ

Image
ဘယ်လို ကားရဲ့ အင်ဂျင်ပဲ ဖြစ်ဖြစ်၊ သက်တမ်းစေ့ရင်တော့ အင်ဂျင် ကျလာမှာပါပဲ။ ဆူညံသံ ပေးလာမှာပါပဲ။ ဒါပေမယ့် အချိန်မတန်ခင် ဆူညံသံပေးတဲ့ ဖြစ်ရပ်မျိုး တစ်ချို့ မော်ဒယ်တွေမှာ တွေ့နေရပါတယ် ။  ဘာကြောင့် ပါလဲ။   များသောအားဖြင့် အိမ်စီးကားတွေမှာ အဖြစ်များပါတယ်။ နည်းနည်းလောက် ရှင်းပြပါရစေ။ အိမ်စီးကား ဆိုတာ ဇိမ်ခံမော်ဒယ်လည်း မဟုတ်၊ ပြိုင်ကားလည်း မဟုတ်၊ တန်ကြေး နည်းနည်းနဲ့ စီးနင်းနိုင်အောင် ထုတ်လုပ် ထားတဲ့ မော်ဒယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ ပြည်တွင်းမှာ ခေတ်စားနေတဲ့ သိန်း ၁၀ဝ ကျော်တန် မော်ဒယ်တွေကို ဆိုလိုတာပါ။  အဲဒီထဲက မှ ကားတစ်စီးရဲ့ သက်တမ်း ကီလို ၂ သိန်း၊ နှစ် ၂၀ မတိုင်ခင် အင်ဂျင် ကျပြီ၊ ညည်းသံထွက်ပြီ ဆိုရင်တော့ ဒါဟာ မောင်းနှင် သူရဲ့ နည်းလမ်း မကျတဲ့ အသုံးကြောင့်ပါ။ ပထမဆုံး ဖြစ်နိုင်ခြေ တစ်ချက် ပြောပါရစေ။  သတ်မှတ်နှုန်းထက် ပိုမို ခိုင်းတာကြောင့် အင်ဂျင် ညည်းသံ အထွက် မြန်စေနိုင်ပါတယ်။ ဘယ်လို သတ်မှတ်နှုန်း တွေထက်လဲ ဆိုရင်............ > ဝန်ပို တင်ဆောင်မောင်းနှင်ခြ င်း၊ > ခရီးဝေး မောင်းနှင်မှုမှာ • ဥပမာ• မိုင် ၁၀ဝ တစ်ဆက်တည်း မောင်းနှင်နိုင်မှုကို မိုင် ၁၅၀ ကျော်မျိုး တစ်ဆက်တည်း မောင်းနှင်

ကား အင်ဂျင်စက်နှိုးမရသော ပြဿနာနှင့် ချွတ်ယွင်း အားနည်းချက်များ

Image
ရုတ်တစ်ရက်ကားအင်ဂျင်စက် နှိုးမရသော အခက်အခဲမျိုး ကို ကား ပိုင်ရှင်တိုင်း ကြုံဖူးကြသည် ။ ကား အကြောင်း အခြေခံကျကျ နားလည် ထားသော ၀ါရင့် အတွေ့အကြုံရှိသူ များအတွက် ဖြေရှင်းနိုင်သော် လည်း လူငယ်များနှင့် ယာဉ်ပိုင်ရှင် အသစ် များအတွက် ကားစက်နှိုးမရသော ပြဿနာသည် ခေါင်းခဲ အကြပ် ရိုက် ဖြစ်စေသော အခက်အခဲ တစ်မျိုးဖြစ် ပါသည်။ သင့်ကား အင်ဂျင် စက်နှိုးသွား စေရန် ကြိုးပမ်းဆောင်ရွက်စဉ် မည် သည့်အရာများ ဖြစ်ပေါ်လာပါသ နည်း။ ချွတ်ယွင်းမှုဖြစ်ပြီး မူမမှန်သော အခြေအနေများကို လေ့လာ သုံးသပ် ၍ ကားစက်နှိုးမရသော ပြဿနာများ ၏ အဖြေကို ရှာဖွေဖော်ထုတ်နိုင်ပါ သည်။ (၁) Ignition Switch သော့ ပေါက်ထဲသို့ ကားသော့ ထည့်ပြီးလှည့် ၍ ရပါသလား။ (၂) ကားသော့ လှည့်လိုက်သော အခါ ကားဒတ်ခ်ျဘုတ် တွင် မီးလင်း လာပါသလား။ ကားလုံခြုံရေး စနစ် အရ ကားသော့ပုံစံ (Key-shaped Light) မီးအလင်းရောင် ပေါ်လာပါ သလား။ အင်ဂျင် Check မီးလင်း နေပါသလား။ (၃) ကားသော့တံ ကို "On" အဆင့်မှ "Start" အနေအထား Position သို့လှည့်လိုက်သော အခါ ဖြစ်ပေါ် သော အခြေအနေများ - >> အင်ဂျင် လှည့်မရပါ။ မည် သည့် အသံမျှလည်း မကြားပါ။ >> ကားသော့ လှည့်လိုက်ပ

ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ

Image
ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ နမူနာ လေးပါ ကျောင်းကို ကိုယ့်ရပ်ကွက် က ကျောင်း မှာပဲ အပ်လို့ ရပါတယ် ရပ်ကွက်ကျော် အပ်လို့မရပါ ။ ကျွန်မတို့နေတဲ့ ITABASHI ဆို ရင်အပ်လို့ ရတာ မူလတန်း ၃ကျောင်းရှိ တယ် အဲဒီ ကျောင်း ၃ကျောင်းထဲကမှ တစ်ကျောင်းကို အပ်လို့ ရပါတယ် ကျောင်း ကို အပ်ဖို့ စီမံခန့်ခွဲတာ က ဘယ်အိမ်မှာနေတဲ့ ဘယ်ကလေးက ဘယ် နှစ်မှာကျောင်းတတ်ရမယ် လို့  တတ်လို့ကျောင်း လိပ်စာ နဲ့ တစ်ကွ ရပ်ကွက်ရုံးက စာလာပါတယ် ။ ကိုယ်က အဲဒီထဲကမှ ကိုယ် အဆင်ပြေမဲ့ ကျောင်းကိုရွေးပြီးကျောင်းကို သတင်းပို့ ရပါတယ် ။ အများစုရွေးတာက အိမ်နဲ့ နီးမဲ့ကျောင်းပါ ရပ်ကွက်မှာနေတဲ့လူ ဦးရေနဲ့ ကျောင်း အရေအတွက် က သူတို့ က လုံလောက်အောင် တွက်ချက်ထားတာပါ ။ ကျောင်း ဆင်း ကျောင်းတတ်ချိန် ကျောင်းအနီးနားကို ကားလဲ လာ လို့ မရပါ ကြိုပို့ လုပ်လို့ မရပါ ။ ဒါကြောင့် အဝေးမှာ မထားကြတာပါ .. မြို့သစ် အိမ်ယာသစ် တည်ဆောက်တိုင်း ပါတာက ကျောင်း ဆေးခန်း လုံလောက်တဲ့ အကျယ်အ၀န်း နဲ့ ၄ ထပ် ၅ ထပ် ရှိတဲ့ ကားပါကင် နဲ့ ပန်းခြံ ကစားကွင်း ပါ မဖြစ်မနေ ပါပါတယ် ။ မြန်မာပြည်မှာလို မြို့စွန်တွေမှာ အိမ်ရာ စီမံကိန်း အကြီးကြီးတွေ လုပ်ပေးပြီး အဲဒီမှာနေတဲ့

Notebook Battery ကြာရှည်ခံဖို့ ဆောင်ရန်/ရှောင်ရန်များ

Image
Notebook / Laptop ၀ယ်စဉ်က ပါလာတဲ့ battery တွေဟာ အရည်အသွေး ကောင်းပေမယ့် ဆောင်ရန်-ရှောင်ရန်လေးတွေ မသိထားတာ ကြောင့် သက်တမ်းပြည့် ( ၄-၆ နှစ်လောက် အထိ ) မသုံးရဘဲ အချိန်တို အတွင်း battery cell တွေ ပျက်စီးပြီး နောက်ထပ် အသစ် လဲရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အောက်ပါ ဆောင်ရန်-ရှောင်ရန် အချက်လေးတွေကို သိထားပြီး လိုက်နာကျင့် သုံးမယ် ဆိုရင် မိမိတို့ notebook battery တွေကြာရှည် အသုံးခံ မှာဖြစ်ပါတယ်။ (၁) Notebook အသုံးပြုတဲ့အခါ battery အား လုံးဝ ကုန်သွားတဲ့ အထိ မသုံးပါနဲ့။ လက်ကျန်အား 20% လောက် အမြဲ ချန်သုံးပါ။ Battery လက်ကျန် အား ရှိနေရင် အားပြန်သွင်းတဲ့ အခါ normal current နဲ့ အားပြန် သွင်းတဲ့ အ တွက် battery မနာပါဘဲ ကြာကြာခံပါတယ်။ Battery လက်ကျန် အားနည်းနေရင် အားသွင်းတဲ့ အခါ high current နဲ့ သွင်းမှာ ဖြစ်လို့ အပူ ပိုထွက်ပြီး battery cell နဲ့ notebook hardware တွေကိုပါ ထိခိုက် မှု ဖြစ်စေနိုင်ပါတယ်။ (၂) Battery လက်ကျန်အား 20% အောက်ရောက်အောင် သုံးမိတဲ့ အခါ အားပြန်သွင်းရင် power plug ကို ဆက်တိုက်တပ်ပြီး မသွင်းပါနဲ့။ ၁၅-မိနစ်ခန့် သွင်းပြီးသွားရင် power plug ကို ၁၀-မိနစ်လောက်ပြန်ဖြုတ် …. အားသွင်း

သင့်ရဲ့ ဆီးအရောင်မှ သိရှိနိုင်သော ကျမ်းမာရေး အကြောင်း

Image
တစ်ခါ တစ်ရံ ဆီး အရောင် ကို ဆရာဝန်တွေ ခန်းမှန်းပြီး ရောဂါ ကို ခန်းမှန်းကြပါတယ်။ သင့် ရဲ့ ဆီး အရောင် ၊ အနံ့ ကနေမှ သင့် ကျန်းမာရေး အခြေအနေကို ခန်းမှန်းနိုင်ပါတယ်။ ဒါကြောင့် ဆီးအရောင် အကြောင်းလေးကို မျှဝေပေးမယ်နော်။ အဖြူရောင် ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်သူများဖြစ်ပါတယ်။ ရေဓာတ် ရရှိပြီး ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်ပါ တယ်။ အဝါရောင် ကျန်းမာရေး ကောင်းမွန် ပါတယ်။ ဒီလို ဆီးအရောင် ဖြစ်ပါက ကျန်းမာရေးကောင်းမွန်ပြီး အနာရောဂါ ကင်းစင်စေပါတယ်။ အဝါရောင် အရင့် ဒါဆိုရင်တော့ စိုးရိမ် စရာပါပဲ။ ရေဓာတ်လျော့နည်းနေလို့ပါ။ ရေများများ သောက်သုံးပေးသင့်ပါတယ်။ ပယင်းရောင်၊ ပျားရည်ရောင် ဒီလို အရောင် ဆိုရင်တော့ ရေဓာတ် တော်တော်လျော့နည်းနေပါတယ်။ ရေသောက်သုံးပေးသင့်ပါတယ်။ ဒီလိုမှ  မဟုတ်ရင်တော့ အန္တရာယ် ရှိပါတယ်။ သကာရောင်၊ အညိုပျစ်ရောင် အသည်း ကျန်းမာရေး မကောင်းမွန်ပါ ။ ရေများများ သောက်သုံးပေးပါ။

အကောင်းဆုံး အရင်းအနှီး

Image
ဘယ်လောက်ဝေးဝေး ရေစက် ရှိတဲ့သူတွေက ကိုယ့်အနား အလိုလို ရောက်လာမှာပဲ.... ဘယ်လောက်နီးနီး  ရေစက် ကုန်သွားတဲ့ သူတွေကတော့ ခွဲကြရဦးမယ်.... ဘဝ ဆိုတာ... အရာရာ စိတ်တိုင်းကျတော့ မဖြစ်နိုင်ဘူး... စိတ် မပျက်ပါနဲ့.... ဒုက္ခ ဆိုတာရှိလို့ သုခ အမှန်ရှာရင်းနဲ့ သစ္စာ ကို ရှာတွေ့သွားကြတာပဲ မဟုတ်လား... လောက နိယာမတွေက ရိုးရိုးလေးတွေးရင် ရှင်းရှင်းလေးပေါ်လာတယ်.... ဆုံလာကြသမျှ တစ်နေ့ ခွဲရမယ်... ဖြစ်လာတာ မှန်သမျှ တနေ့ ပျက်ရမယ်.. အနှေးနဲ့ အမြန်ပဲ... ဆွဲထားလို့ ရရင်တောင် ခဏပါပဲ.... ဘာကိုမှ တရားသေ စွဲမထားတဲ့ သူဟာ လွတ်လပ်တယ်....

ကံလြဲသူမ် ား

Image
လူ့ဘဝ ဆိုတာ .... ကုသိုလ်ကံ အကျိုးပေးရဲ့ အသီး အပွင့် တစ်နည်း အားဖြင့်   ကုသိုလ် အကြောင်းခံ ပါလာပြီးသား။ အဲဒီ ကုသိုလ်က အကြောင်းခံ မတူးဖေါ် မခံစား တတ်ရင် အကုသိုလ် အကြောင်းတွေကချ ည်း ဖိစီးနေရာယူ ခြယ်လှယ်ပါလိမ့်မယ် ။ အကုသိုလ် ဆိုတာ အထူးပြု နေစရာမလို စိတ်ကို လွှတ်ထားလိုက်ရုံ နဲ့ ဦးတည်ရာမဲ့ သွားလာကျ က်စားမယ့် နေရာဟာ အကုသိုလ်ချ ည်း မှတ်ပါ ။ လူ့ဘဝ တစ်ကြိမ် ရဖို့  တိရစ္ဆာန် ဘဝပေါင်း တစ်ရာလောက် ကျ င်လည်ပေးဆပ်ခဲ့ရတာ ဆိုတော့ အဲဒီ တိရစ္ဆာန် ဘဝတွေက ပါလာတဲ့ မောဟ စတဲ့ တိရစ္ဆာန် စိတ်တွေက မကောင်းမှု အကုသိုလ်တွေဆီ အချိန်မရွေး ဦးတည်ခေါ်ဆောင် သွားနေတယ် ။ အဲဒီတော့ { ပြည်တန်တဲ့ ပတ္တမြား ပဲလှော်နဲ့ လဲစားနေသလို လူ့ ဘဝကို အကုသိုလ်တွေ လုပ်ရင်း အချိန်ဖြု န်း ပစ် နေကြတာဟာ ထီဆုကြီးပေါက်ပြီး ထီ လက်မှတ် ပျောက်နေတာနဲ့ အတူတူပါပဲ} တစ်ချို့  ကတော့ ကောင်းတာတွေ လုပ်နေပါလျ က် ဘဝကောင်း မရ ။ အကျိုးပေး ညံ့နေသေးတာ ဘာကြောင့် ဘာလဲလို့  မေးကြတယ် ၊ အတိတ် သံသရာ ဘဝများစွာက ကိုယ်လုပ် ခဲ့တဲ့ အကုသိုလ်ကံတွေ ပြန်မြင်နိုင်စွမ်းရင်.... ( ဒီမေးခွန်း ပေါ်ပေါက်လာစရာ အကြောင်းမရှိပါ ) ကောင်းတာတွေ လုပ်နေလို့  ဒီလောက် ခံသာနေသေးတာ လို့ ပဲ နှလုံး

ဘာသာ သာသနာ အစွပ်စွဲ ခံရမှု့နဲ့ ပတ်သက်၍ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ အကြံပြုတင်ပြလွှာ

Image
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ ၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် ၌ ကျင်းပပြုလုပ်အပ်သော ဗုဒ္ဓ သာသနာတော် ဆိုင်ရာသြဝါဒ ခံယူ ညှိနှိုင်းဆွေးနွေးပွဲ သို့ပေးပို့အပ်သော အကြံပြု တင်ပြလွှာ ။ (၁) မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခ အခြေနေများနှင့် အဓိကရုဏ်း (Riot) များကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ဆုံးရှုံး ၍ နိုင်ငံတစ်ကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ၏ ဘာသာ သာသနာ အပေါ် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နေပါသည်။  ထိုသို့ အထင်အမြင် လွဲမှားမှုများသည် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြီးမားသော အနှောက်အယှက်များဖြစ်ပါသည်။ (၂) နိုင်ငံတစ်ကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ဘာသာ သာသနာ အပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်စေရန် ကာကွယ်စောင့်ရှောက်မှု နည်းလမ်းကို အကြံပြုလိုပါသည်။ (က) အမျိုး ဘာသာ သာသနာ ကာကွယ်ရေးကွန်ယက် ( National Faith Protective Networkး NFPN  ) တစ်ခု တည်ထောင်ရန်၊ (ခ) NFPN ၏ အသံသည် ရဟန်းရှင်လူ ပြည်သူ အားလုံး၏ အသံဖြစ်စေရန်၊ (ဂ) NFPN မှ မှန်ကန် မြန်ဆန် ထိရောက်သော သတင်းများ ပေးပို့ရန် ၊ စွပ်စွဲမှုများ မဟုတ် မတရား သတင်းမှားများကို တုန့်ပြန

အစာအိမ် အနာဖြစ်စေသော အဓိက အကြောင်းအရင်းများ

Image
အစာအိမ် အနာလို့ပြောလိုက်တာနဲ့ လူတိုင်းက အပူအစပ် နဲ့ စိတ် ဖိစီးမှုတွေကြောင့်လို့ပဲထင်ကြပါတယ်။ အမှန်တော့ ကျွနု်ပ်တို့ရဲ့ အစာအိမ် နဲ့  အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယား ပိုးတွေ ဝင်ရောက် လာခြင်းကြောင့် ဖြစ်ပါတယ် လို့ စမ်းသပ်ချက်တွေအရ တွေ့ရှိခဲ့ရပါတယ်။ နံပါတ် 1 အဖြစ်အများဆုံး အကြောင်းအရင်း - H.pylori အစာအိမ် အနာဖြစ်စေတဲ့ နံပါတ် 1 အကြောင်းအရင်း ကတော့ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုး တစ်မျိုြးေ ကာင့်ဖြစ်ပြီး လူ 4 ယောက်မှာ 3 ယောက်နီးပါး ကူးစက်ခံနေရပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ရဲ့စစ် တမ်းအရ H.pylori က အစာအိမ် အနာဖြစ်ရတဲ့ 80% - 90% လောက်ရဲ့အကြောင်းအရင်း တစ်ခု ဖြစ်တဲ့အပြင် အစာအိမ် ကင်ဆာ 50% နဲ့ လည်း သက်ဆိုင်နေပါတယ်။ အစာအိမ် အနာမဖြစ်အောင် အစာအိမ် ကိုယ်တိုင်က သဘာဝ အတိုင်း ကာကွယ်နိုင်စွမ်းရှိပါတယ်။ အစာအိမ် အတွင်းနံရံမှာ ရှိတဲ့  အချွဲမြှေးပါးလေးက အစာအိမ် နံရံကို အက်ဆစ်တွေ တိုက်စားမှုမှ ကာကွယ်ပေးထားပါတယ်။ ဒီ အစာအိမ်ထဲမှာ ရှိတဲ့ အက်ဆစ်တွေက အကာအကွယ် မရှိရင် ခန္ဓာကိုယ် တစ်သျှူးတွေကို ပြင်းထန်စွာ အန္တရာယ်ပေးနိုင် သလို တစ်ချိန်တည်းမှာပဲ အစာချေ လုပ်ငန်းအတွက် မရှိမဖြစ်အရေးပါ, ပါ တယ်။ အစာအိမ်ကို

ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်

Image
၁၉၆၂ ခုနှစ် ကျမ အသက် ၃နှစ်ကနေ ၁၉၆၈ ခုနှစ် ကျမ ၉နှစ် သမီးလောက်အထိ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖွဲ့စည်းပုံနဲ့ အကောင်းဆုံး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အနောက် ဂျာမဏီနိုင်ငံမှာ ဖေဖေ တာ ဝန်ကျနေတဲ့အတွက် အဲဒီမှာ ကျမနေထိုင်ခဲ့ရပါတယ်။ ဖေဖေ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံရုံးမှာ မာစီးဒီးကားကို ရုံးကား အဖြစ်သုံးသလို အဲဒီမားစီးဒီးကားကို လာမောင်းတဲ့ ဂျာမန်လူမျိုး သံရုံးဝန်ထမ်း ယာဉ်မောင်းကလည်း မားစီးဒီး ပိုင်ပါတယ်။ သူပိုင် မားစီးဒီးနဲ့ လာပြီး ရုံးကား မားစီးဒီးကို ပြောင်းမောင်းတာပါ။ ဂျာမဏီနိုင်ငံဟာ မားစီးဒီး တို့ ဗောက်စ်ဝက်ဂင် တို့ ကို ထုတ်လုပ်နေတဲ့ စက်မှုထွန်းကားတဲ့ နိုင်ငံတစ်ခုမို့ လူတန်းစား အားလုံး ကားစီးနိုင်တာ အထူးအဆန်းကို မဟုတ်တာပါ။ ဖေဖေ က မိသားစုစီးဖို့ ကားလေးတစ်စီး ဝယ်ပါတယ်။ မြန်မာပြည်မှာ ဦးနေဝင်း စစ်တပ် က အာဏာသိမ်းပြီး လို့ ဒီမိုကရေစီိနိုင်ငံကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုပြီး ရှိသမျှ ကုန်ထုတ် လုပ်ငန်းတွေ စီးပွားရေး လုပ်ငန်းတွေအားလုံး ပြည်သူပိုင်သိမ်းပြီး မြန်မာပြည်ကို ကမ္ဘာ နဲ့ အဆက်အသွယ်ဖြတ် သွင်းကုန်ထုတ်ကုန်တွေအားလုံး ရပ်ဆိုင်းပစ်နေတဲ့ အချိန်ဆိုတော့ ဂျာမဏီမှာ ဝယ်စီးတဲ့ ကားကိုလည်း ကျ

စပျစ်သီး မှ ကုသပေးသော ရောဂါများ

Image
စပျစ်သီးမှာ ရေဓာတ် က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်း အထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိပါတယ်။ ၁။ ပန်းနာ ပျောက်ကင်းစေခြင်း ပန်းနာရင်ကြပ် နဲ့ လည်ချောင်း တစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်း များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။ ၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း စပျစ်သီး မှာ Cellulose, organic acid နဲ့ သကြား တို့ ပါဝင်ပြီး ယင်း ဓာတ်များက ဝမ်းနှုတ်ဆေး  သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ ဝမ်းချုပ် ဝမ်း ပုံ မှန် သွားစေပါတယ်။ ၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ကို ကုသခြင်း ခေါင်းတစ်ခြမ်း ကိုက်တတ်တဲ့ သူများ အနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်းထားပါတယ်။ သို့ပေမယ့် ရေနည်းနည်း နဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ၄။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း နှလုံး နဲ့ ဆက်စပ်ရောဂါ အားလုံးက

အသားသီးများ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင် ကုသမှု သုံးရပ်

Image
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။ လက်ဖက်ဆီ လက်ဖက်ဆီ ဟာ မှဲ့ နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီ နည်းနည်းကို ဝါဂွမ်းစ တစ်စနဲ့ ဆွတ်ပြီး အသားသီး ရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့ အထိ လုပ်ဆောင်ပေးပါ။ ကြက်ဆူဆီ ကြက်ဆူဆီကို ပြင်ပ လိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်း ကတော့ ဆော်ဒါမှုန့် အနည်း ငယ် ကို ကြက်ဆူဆီ အနည်းငယ် နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သား ရအောင် လုပ်ပါ။  အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီး ရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့ အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။

ဝေယောစန ကျောက်စိမ်း စေတီတော်

Image
ခွေး ၄ ကောင်ကို လည်ချောင်းထဲ က သွေးစ ပါလာအောင်ပင်  အန်ကျွေး ခဲ့တဲ့ ကျောက်တူးသမား မောင်စိုးနိုင်၏ ရည်မှန်းချက် က  ( တစ်နေ့နေ့ တစ်ချိန်ချိန် တွင်  ဗုဒ္ဓစေတီတော် တစ်ဆူ ကို ရတနာကျောက်စိမ်း များဖြင့် တည်ထား ကိုးကွယ်နိုင်စေရန် ) ဖြစ်သည် ။ တစ်ခါက ဦးစိုးနိုင် သည် ခရီးသွားရင်း စိတ်မကောင်းစရာ မြင်ကွင်း တစ်ခုကို တွေ့လိုက်ရသည်။ ခွေးမကြီး တစ်ကောင်နှင့် ခွေးလေးသုံးကောင် တို့သည် အစာရေစာပြတ်ပြီး ချုံပုတ်ထဲတွင် ခွေလဲနေကြ သည်။ အိမ်မှာ မမွေးချင် သဖြင့် ခွေးမကြီးနှင့်ခွေးကလေး သုံး ကောင်ပါ တောထဲ လာပစ်ထားရာ လူနေအိမ်များ မရှိသဖြင့် အစာရေစာပြတ်ကာ လဲကျနေကြ ခြင်းဖြစ်သည်။ အစာ တစ်နပ်လောက်သာ စားရပါက လူနေအိမ်များ ရှိသောနေရာသို့  သူတို့ သားအမိ တစ်တွေ သွားနိုင်ကြမည်ဖြစ်သည်။ ဦးစိုးနိုင်သည် ဖြစ်ပေါ်လာသော သဒ္ဒါ တရားကြောင့် ကားပေါ်သို့ အမြန်ပြေးကာ ကျွေးမွေး စရာများကို ရှာ ကြည့် သည်။ မည်သည့် အစာကိုမျှ မတွေ့ရ။ မျက်စေ့တစ်ဆုံး လှမ်းမျှော်ကြည့်သော်လည်း အိမ်ခြေရာခြေ မပြောနဲ့ တဲ တစ်လုံးပင်မတွေ့ရပေ။ ကျွေးမွေး ချင်သော မေတ္တာစေတနာ သည် ပြင်းထန်နေပြီဖြစ်သောကြောင့်  အပင်ထက်မှ ဖက်သန့်သန့်များကို ခူးကာ ခွေးများရှေ့တွင် ဖြန့်ခင်း

မြန်မာ ဆိုတဲ့ ဝေါဟာရ

Image
မြန်မာ ဟူသည် . . . . . မြန်မာလူမျိုးတွေဟာ မြန်မာ ဆိုတဲ့ အမည်နာမ ကို ဘယ်အချိန်က ခံယူ ခဲ့ပြီး ဘယ်သူတွေက အသိ  အမှတ်ပြု ခေါ်ဝေါ် ခဲ့ကြပါသလဲ . . . ? မြန်မာ ဆိုတဲ့ ဝေါဟာရ ဟာ မြန်မာ လူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသ လက္ခဏာ ကို ဖော်ပြတဲ့ဝေါ ဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရ ရဲ့ အရင်းအမြစ် နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာ လူမျိုး ဆိုပြီး ဖြစ်ပေါ်လာရတယ်ဆိုတာကို _ မြန်မာ ဆိုတဲ့ ဝေါဟာရ ကို အဦး အစ အစောဆုံး အမှတ်အသားအနေနဲ့ တွေ့ရှိရတာ ကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး  # သိင်္ဃသူ  ရေးထိုး ခဲ့တဲ့ ပုဂံမြို့တောင်ဂူနီကျောက်စာ မှာ စတင်တွေ့ရှိရတယ်လို့ သုတေသီ တို့က ဆိုပါတယ် ။ အဲဒီကျောက်စာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရ ကို အထင်အရှား ရေးထိုးထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှုပြတိုက်အတွင်းမှာ တွေ့နိုင်ပါတယ် ။ အဲဒီကျောက်စာ သက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သား မင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာကို "မိရမာ" လို့ ရေးထိုးထားလို့ ( AD 1342 ) မှာ မြန်မာကျောက်စာ မှာ "မြံမာ" လို့ ရေးထိုး ထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မင်စာတွေမ
 
365myanmar.com - Myanmar Online Shopping Mall