Posts

Showing posts from July, 2017

စာမတတ်လို့  ဝမ်းမနည်းနဲ့ 

Image
တစ်ချို့ က တရား အားထုတ်တာ ဗဟုသုတ ရှိမှ တရားရနိုင်တယ်လို့ ထင်ထားကြတယ် ။  မှားယွင့်းမှု့ ပါပဲ။ ရဟန်းတစ်ပါးက ဘုရားရှင်ကို လျှောက်တယ် ။ " အရှင်ဘုရား တရားထူး ရဖို့ ဘယ်လောက်ထိ ဗဟုသုတ အကြားအမြင် ရှိရင် တရားရနိုင်ပါသလဲ ဘုရား" လို့ လျောက်တော့ ဘုရားရှင်က...... ချစ်သား ဒါက အနိစ္စ ဒါက ဒုက္ခ ဒါက အနတ္တ လို့ ဆိုတဲ့ စကားသုံးခွန်း ကြားဖူးရုံ နဲ့ တရား ရဖို့ လုံလောက်ပြီလို့  ပြန်ဖြေခဲ့ပါတယ် ။ ဒီစကား သုံးခွန်းကတော့ ကျွန်တော်တို့  နေ့ တိုင်းကြားနေကျတွေပါ ။ ဒါ့ကြောင့် တရားထူးရဖို့  ပြည့်စုံနေပြီလို့ သိထားကြပါ ။ နောက်ပြီး  စူဠပန္တက မထေရ် ဟာ အက္ခရာ ၄၄ လုံးကို ၄ လ ကျက်တာတောင် မရဘူး ။ ဒါနဲ့ လူထွက်ဖို့ ဘုရားရှင်ကို လျှောက်တော့ ဘုရားရှင်က .....   ငါဘုရားသာသနာမှာ စာမတတ်လို့  မဂ်ဖိုဂ်နိဗ္ဗာန် မရဘူးဆိုတာ မဖြစ်ရဘူးဆိုပြီး တရားပြလိုက်တာ  ရဟန္တာဖြစ်သွားတယ် ။

မြန်မာနိုင်ငံ ကျန်းမာရေး အရေးကြီးသတင်း

Image
အရေးကြီး သတင်း { Red Alert Warning } အများသိအောင် ရှယ်ပေးကြပါ။ သတိထားကြပါ။ မြန်မာနိုင်ငံ ကျန်းမာရေး အရေးပေါ် အခြေအနေ ရောက်ရှိလာပါပြီ။ အစိုးရ အနေနဲ့ အရေးကြီးတဲ့ ရောဂါ ထိန်း ချုပ်ရေးတွေ လုပ်ဖို့ လိုအပ်လာပါပြီ။ အခု အခြေအနေဟာ ရာသီတုပ်ကွေး မဟုတ်တော့ပါဘူး။ ပထမဆုံး စတင်တွေ့ရှိခဲ့တာက H1N1 ဖြစ်ပါတယ်။ နောက်ထပ်ပြီး တွေ့ရှိလာတာက H3N2 ။  အခု နောက် ဆုံး တွေ့ရှိမှုက တနင်္သာရီ မှာ H5N1 ဖြစ်ပါတယ်။  Flu ဟာ ပိုးအမျိုးအစား တစ်မျိုးတည်းဆိုရင် မစိုးရိမ်ရပေမယ့် အခု ၃ မျိုး အထိ တွေ့ရှိလာမှုကြောင့် အန္တရာယ် ဇုံထဲ ဝင်သွားပါပြီ ။ ဒီ ၃ မျိုးသာ Mutation ဖြစ် ရောစပ်ပြီး ပိုးအသစ် ထွက်လာခဲ့ရင် ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်အောင် ဖြစ်သွားနိုင်ပါတယ်။ Flu ဟာ လေလမ်းကြောင်း အသက်ရှူလမ်းကြောင်းက ကူးစက်တာ ဖြစ်ပါတယ်။ ကူးစက်နှုန်း အလွန်မြန် ပါတယ်။ ရောဂါပိုး တွေ့ရှိ လူနာ တစ်ယောက်ရဲ့ ပတ်ဝန်းကျင် သူ ဖြတ်သန်းလာခဲ့ရာ နေရာ အားလုံး ရောဂါပိုး ပြန့်နှံ့ပြီး ဖြစ်နေပါပြီ။ လူနာနဲ့ ထိတွေ့ ဆက်ဆံပြောဆိုခဲ့သူ အားလုံးလောက်နီးနီး ကူးစက်ခဲ့ပြီး ဖြစ်ပါတယ်။ ရောဂါရှိသူရဲ့ ချောင်းဆိုးခြင်း နှာချေခြင်းတို့ငြောင့် ပြင်ပရောက်လာတဲ

အပါယ်လွတ် အကုသိုလ် ရှောင်နည်း

Image
 " မီးလွတ်စားတယ် ဆိုတာကော ကြားဖူးကြမှာပေါ့ " " မှန်ပါ ... ကြားဖူးပါတယ်ဘုရား ... "   " မီးလွတ်ဆိုပြီး ဘာတွေ စားကြတာပါလိမ့် " " သစ်သီးဝလံ များ စားတာပါဘုရား " " အေး ... အဲဒီ့ သစ်သီးတွေ စားလို့ တစ်ကယ်ရော မီးလွတ်ကြရဲ့လား " " မှန်ပါ ... သိပါပြီဘုရား "    " ကဲ ... ကဲ .. အရူးမီးဝိုင်း ဆိုတာကော သိကြရဲ့လား " " အမိန့်ရှိတော် မူပါဘုရား " " ဦးပဉ္ဇင်းတို့ ရပ်ထဲရွာထဲ ... ဈေးထဲ သွားနေကြတာပဲ ... အရူးမီးဝိုင်း နေတာမတွေ့ ဖူးကြဘူးလား "   " မတွေ့ ဖူးကြပါဘုရား " " အိမ်း ... မနက်ကပဲ တက္ကသိုလ်ကျောင်းသူလေး တစ်သိုက် လာကြသေးတယ် ဘုန်းကြီးက " အရူးမီးဝိုင်း " တွေ့ဖူးကြသလား မေးတော့ သူတို့လဲ ခေါင်းခါကြတယ် ။ အဲဒီတော့ အိမ်ကျရင် ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့် ကြလို့ ပြောလိုက်ရတယ် " " တင်ပါ့ဘုရား " " အေး ... လောဘမီး ... ဒေါသမီး ... သောက ပရိဒေ၀မီး ဆိုတဲ့ မီး ၁၁ ပါး လောင်ကျွမ်းနေတဲ့ အရူး မီးဝိုင်းဘ၀ က လွတ်အောင် ကြိုးစားကြဖို့ အရေးကြီးတယ်ကွဲ့ နော် " " တ

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

Image
  FB ပေါ်မှာ ရသေ့ဝတ်တွေနဲ့ ဆွမ်းခံထွက်နေတဲ့ ပုံတွေကို အမျိုးသားရေး သမားတွေ အပြစ်ပြောကြ  ပြီး post တင်နေကြတာ တော်တော်လေး စိတ်မသက်သာဖွယ် တွေ့မြင်လိုက်ရတယ်။ ရသေ့ဝတ်တွေနဲ့ ဆွမ်းခံထွက်နေတဲ့ ပုံတွေ ရသေ့ဝတ်တွေနဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ သိုင်းသင်ပေးနေတဲ့ ပုံတွေကို လူတော်တော် များများ ဟာ သာသနာတော် နဲ့ ပတ်သက်ပြီး တင်လိုက်တာမြင်တော့ တော်တော်ကို စိတ် မကောင်းဖြစ်မိတယ်။ အဲ့ဒီ ပုဂ္ဂိုလ်တွေဟာ အခုမှ ရှိတယ်ထင်နေကြသလား ? တစ်ကယ်တော့ အဲ့ဒီ ပုဂ္ဂိုလ်တွေဟာ အဲ့ဒီ အယူဝါတွေဟာ ပုဂံခေတ် မတိုင်ခင်ကတည်းက ရှိခဲ့ကြတာပါ။ ပုဂံခေတ်ရောက်ပြီး အနော်ရထာမင်း သာသနာပြုတဲ့ အချိန်မှာ "ပွဲကျောင်း" ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ကြပါ တယ်။  ထိုခေတ် အခါက "တဲကျောင်း" နဲ့ " ပွဲကျောင်း" ဟူ၍ ၂ မျိုး ရှိပြီး တဲကျောင်း ဆိုတာ ပရိယတ္တိ ပရိပတ္တိ စာပေများကို သင်ကြား ပို့ချပေးသော ကျောင်းဖြစ်ပြီး ပွဲကျောင်း ကတော့ ယောက်ျားတို့ တတ်အပ်တဲ့ အဋ္ဌာရသ ၁၈ ရပ် ကို သင်ကြားပို့ချပေးတဲ့ ကျောင်းဖြစ်ပါတယ်။ ပွဲကျောင်းတွေ စတင်နာမည်ကြီး ထင်ရှားလာခဲ့တာ ပုဂံခေတ် အနော်ရထာမင်း လက်ထက် ကတည်းက  ထင်းရှား လာခဲ့ကြတာ ဖြစ်ပါတယ်။ ပုဂံခေတ်က ဘုရင် လု

အမောက်ထောင် ၍ သီးခံ (သည်းခံ) ပါ

Image
ရှေးအခါက ရွာတစ်ရွာမှာ အင်မတန် အဆိပ်ပြင်းတဲ့  မြွေဟောက်ကြီး တစ်ကောင်သည် ရွာ၏ အနီး လယ်ကွင်းပြင်မှာ ရှိနေခဲ့တယ်။ အဲဒီမြွေဟောက်ကြီးဟာ ရွာအပြင် လယ်ကွင်းထဲ ထွက်လာသူ အားလုံးကို  လိုက်၍ ကိုက်သတ်နေသောကြောင့် ရွာသားများဟာ  ရွာအပြင် လယ်ကွင်းထဲကို မည်သူမျှ မသွားရဲကြပေ။ တစ်ခါသော် ရသေ့ကြီး တစ်ပါးသည် ရွာထဲသို့ ဆွမ်းခံကြွလာသောအခါ  ရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီး အကြောင်း  လျောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီး ကို  မေတ္တာ ပို့သ၍ ခန္တီတရား လက်ကိုင်းထားကာ  မြွေဟောက်ကြီးရှိရာ ရွာအပြင် လယ်ကွင်းထဲသို့ သွားလေ၏။ မြွေဟောက်ကြီးသည် ရသေ့ကြီး လယ်ကွင်းထဲ ထွက်လာသည်ကို  မြင်တယ် ဆိုရင်ပဲ အမောက်ထောင်ကာ ရသေ့ကြီးရှိရာသို့  ပြေးကာကိုက်လေ၏။ ရသေ့ကြီးသည် မြွေဟောက်ကြီး မည်မျှ ကိုက်နေပါမူ  ဘာမျှမဖြစ် အပြုံးမပျက်ပဲ သည်းခံတော် မူ၍ မေတ္တာကိုသာ  ကြိမ်ဖန်များစွာ ပွားများနေလေသည်။  ထိုအခါ မြွေဟောက်ကြီးသည် ထိတ်လန့်၍ မေးလေသည်။ အရှင်ရသေ့ ကျွန်ုပ်၏ အဆိပ်ဟာ အင်မတန်ပြင်းသည်။  ကျွန်ုပ်ကိုက်၍ ကွမ်းတစ်ယာညက်မျှ ကြာလျှင် လူသားတွေဟာ  သေကုန်ပါတယ် ။ သို့သော် အရှင်ရသေ့က အဘယ်ကြောင့်  မသေပါသနည်း။

ကွမ်းစားသူများ ကြောက်စရာ သတင်းပါ

Image
ကွမ်းစားသူများ မိမိ အပါအဝင် ကြောက်စရာသတင်းပါ ။ ဒီနေ့ ကွမ်းသီးလှောင်တဲ့ အမျိုးသမီး တစ်ယောက် မျိုးပဲ သိုလောင်ဆေးပြား လာဝယ်တယ် ။  ဒီဆေးကို ဘယ်မှာသုံးမှာလဲမေးတော့ ကွမ်းသီး သိုလှောင်တဲ့နေရာမှာ သုံးဖို့ တဲ့ဗျာ ။ ဒီဆေးဟာ အင်မတန် အန္တရာယ်များတဲ့  အနံ့မဲ့ အဆိပ်ငွေ့ ဆေးပြား ပါ ။ ALUMINUM PHOSPHIDE CELPHOS FUMIGANT TABLETS အလူမီယမ်ဖော့်စဖိတ် ဆဲလ်ဖော့ အဆိပ်ငွေ့ ဆေးပြားများ ပါဝင်တဲ့ဆေးဘူး အတောင့်ပါ ။ လွန်ခဲ့သော ၂ နှစ်ခန့် ကလည်း ပင်လယ် ငါးခြောက်  ရောင်းတဲ့သူ တစ်ဦး လာမေးဖူးတယ် ။ ဘယ်သူ ညွှန်တာ လည်းဆိုတော့ ရန်ကုန်ကသူတွေ ညွန်လိုက်တာ  မိုးတွင်း အခါ ငါးခြောက်ကို လောက်ကောင် မတက်အောင်  ယခုလို ဆေးပြားထည့်ပြီး လှောင်ရတယ် အကြံပေး  လို့ တဲ့ဗျာ ။

မမျှော်စိတ်နဲ့ လှူလိုက်ပါ

Image
" တပည့်တော်တို ရန်ကုန်ကတောင် လာဖူးရတာပါ ဘုရား..."ဟု အစချီလျက် ဟောဒါက ဘာလေးပါဘုရား ၊ ညာလေးပါ ဘုရား၊ နိုင်ငံခြားက တပည့်တော်သား၊ သမီး ပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား၊ မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့်ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား"  ဟောဗျာ၊ ရန်ကုန်မှာ သံဃာ မရှိတာကျလို့ဗျား၊ ကိုယ့်အိမ်ရှေ့ ဆွမ်းလာရပ်တဲ့ သံဃာ လှူလိုက်တော့ကော ကုသိုလ် မရလို့လားဗျ.... အင်း ခင်ဗျားတို့ ဒီလို ပုဂ္ဂိုလ်စွဲနဲ့သာ လှူနေရင် ငါစွဲ၊ ငါ့ပစ္စည်းစွဲ ဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေက ဘယ်တော့လွတ်မတုန်းဗျ။ ငါတော့ ဘယ်ဆရာတော်ကြီးကို ဘာလှူလိုက်ရတာ ဆိုတဲ့ စွဲစိတ်တွေ၊ ပျော်စိတ်တွေ၊ ဒီလိုလှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာဆိုတဲ့ အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ ဒါန အကျိုးပေး မစင်ကြယ်သေးဘူးလို့ မှတ်ဗျာ. ..။ အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ် နိဗ္ဗာန် ဆိုတာ ဝေးသေးဗျ။ ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင် တခြား သံဃာကို တစ်ကျပ်ဖိုး အထင်သေးသလို ဖြစ်နေတတ်တဲ့ သဘောကိုရော ဆင်ခြင်မိကြရဲ့လားဗျာ...။ ဟုတ်ဗျား...။ သံဃာ ဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူ အကျင့်တူလို့ သံဃာခေါ်တာဗျ...။ ဟာ... ဘယ်သံဃာတော

ကိုယ်ကျင့်တရား အားနည်းချက်

Image
တစ်ခါတုန်းကပေါ့ အရမ်းကို အောင်မြင်နေတဲ့ ရုပ်မြင်သံကြား ဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့ နာမည်ကြီးနေ တဲ့ လူငယ် တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ ရဲ့နောက်ဆုံး အဆုံးသတ်စကား အတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှု အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏ စဉ်းစားပြီး အဖြေကို တိုက်ရိုက် မပြောပဲ သူ့ကို ပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။ “ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ် တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို ထွက်သွားပြီး အလုပ် တစ်ဖက် ကျောင်းစာ တစ်ဖက်နဲ့ ပညာ ဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံ က ပြင်သစ်နိုင်ငံတဲ့ ။ အဲဒီပြင်သစ်ကို ရောက်ပြီး မကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ် က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာ မရှိကြောင်း သတိထားမိသွားတယ် ။ ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန် တယ် ။ တစ်ကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူ တစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ် ။  အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲ စီးခဲ့တယ် ။ ကိုယ့်ကိုယ် ကိုယ် လ

အရောင် နှင့် အကျိုးပေး

Image
အနီရောင် ထင်ပေါ်ကျော်ကြားခြင်း ရဲစွမ်း သတ္တိရှိခြင်း အရာရာတွင် စွန့်စား လုပ်ကိုင်လိုခြင်း ဇွဲရှိခြင်း စိတ်ဓာတ်ခိုင်မာခြင်း မြင့်မားသော စိတ်ဓာတ် ရှိလာခြင်း အကျိုးတို့ဖြစ်စေပါသည်။ အဖြူရောင် ၀ါကြွားမောက်မာမှု ကင်းရှင်းခြင်း သစ္စာတရားကို မြတ်နိုးခြင်း စိတ်ရင်းဖြူစင်မည်။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် မလုပ်တတ်ခြင်း စနစ်တစ်ကျ လုပ်ကိုင်တတ်ခြင်း အကျိုးတို့ဖြစ်စေပါသည်။ ပန်းရောင် လူတစ်ဖက်သား အား ကူညီဆောင်ရွက်မှု ပေးစွမ်းတတ်ခြင်း ။ ပျိုသစ်လွင်သော အချစ်စိတ် ရှိခြင်း စသောအကျိုးတို့ဖြစ်စေပါသည်။ စတော်ဘယ်ရီရောင် ဣနြေ္ဒကြီးပြီး ဟန်ဆောင်ကောင်းခြင်း အုံ့ပုန်းဖြစ်ခြင်း လိုက်လျောမှု ရှိတတ်ခြင်း မရိုးလွန်း၊ မဆန်းလွန်းသော အကျိုးတို့ဖြစ်စေပါသည်။ ကြက်သွေးရောင် တည်ငြိမ်လေးနက်ခြင်း သတ္တိရှိရှိ ယှဉ်ပြိုင်လိုခြင်း တစ်ခါ တစ်ရံ ရက်စက် တတ်ခြင်း အခက်အခဲ အားလုံးကို ကျော်လွှားနိုင်ခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။ အနီပုပ်ရောင် အလွန်ခေါင်းမာပြီး တတ်ခြင်း ဖြောင့်မတ်ခြင်း ခံနိုင်ရည် ရှိခြင်း သက်လုံကောင်းခြင်း မဟုတ်မခံ ဖြစ်ခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။ အ၀ါရောင် လက်တွေ့လုပ်လိုခြင်း ဥာဏ်ပညာဖြင

ကမ္ဘာ့ ရှင်​ဘုရင်​ မဟာပထမံ​ အောင်​မင်း​ခေါင်

Image
ကျိုက်​ထီး​ဆောင်း ဆံ​တော်​ရှင်​သို့ ​ရောက်​​တော့မှပဲ ကမ္ဘာ့ရှင်​ဘုရင်​ ဟူ​သော စကားကို ကြားဖူး​ပေ​တော့ သည်​။ ကျိုက်​ထီး​ဆောင်း ဆရာ​တော်​ ၏ ဖခင်​မှာ ဦးစံ​ဖေ ဆိုသူဖြစ်​​ကြောင်း သိရပါသည်​။ ဦးစံ​ဖေ မှာ ဆရာ​ခေါင်​ ထွက်​ရပ်​စခန်းသို့ မမြန်းခင်​က ​ဇုတ် သုတ် ​ရွာတွင်​ အတူတစ်ကွ ​နေထိုင်​ခဲ့​ကြောင်း သိရပါသည်​။  ထိုစဉ်​က ဇုတ်​သုတ်​ရွာရှိ ရွာသူရွာသားများ ဝမ်း​ရောဂါ ကျ​ရောက်​ခဲ့စဉ်​အခါက ဆရာ​ခေါင်​နှင့်​ အတူ ရပ်​တွင်း ရွာတွင်း လှည့်​လည်​ကာ ရွာသူ ရွာသားများကို  ထို​ဘေးအန္တရာယ်​မှ ကယ်​တင်​ခဲ့​ကြောင်းသိရပါသည်​။ ထိုကဲ့သို့​သော ဖြစ်​ရပ်​ဆန်းမှာ အဆန်း တစ်ကြယ်ြ​ဖစ်​ရကား ယခုထက်​တိုင်​ ​ပြောမဆုံး​ပေါင်​ ​တောသုံး​တောင်​ဖြစ်​၍ ​နေ​ကြောင်းသိရပါသည်​။ ထိုအခါတွင်​ ထီးစုတ်​ကြီးကို ​ဆောင်းကာ ရွာရိုးကိုး​ပေါက်​ ​လျှောက်​၍ ​လျှောက်​၍ သွား​နေကြ​သော ဆရာ​ခေါင်​နှင့့်​ ဦးစံ​ဖေတို့ကို လူအားလုံးက အရူး ဟူ၍ သမုတ်​ခဲ့ကြ​ကြောင်း တစ်​ဆင့့် စကား တစ်​ဆင့်​ကြားရသူ ကပင်​လျှင်​ ရင်​​မောစရာ ​ကောင်းလှပါသည်​။ ထီးစုတ်​ကြီး​ပေါ်တွင် ​"ကမ္ဘာ့ ရှင်​ဘုရင်​" ဟူ​သော စာတန်းကြီးကို ထိုးကာ လမ်း​လျှောက်

ပုဇွန် ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်

Image
ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်း စားသောက် ဆိုင် တွေရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေ အကုန် ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲ နဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက ၀ိုင် ၊ ၀ိုင် မသောက်တတ်တဲ့ သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိုးကို တွဲဖက်ပြီး စားသုံးခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ် မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့ အခါ ပုဇွန်တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုး ကတော့ ပါဝင်မှာ သေချာပါတယ်။ ဒီလို တွဲဘက် စားသုံးမှုမျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့  ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။  တစ်ကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါးလေးတွေ ပါတဲ့ ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက် စားသုံးတဲ့ အခါ အခန့် မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ရပါပြီ ။ ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား ၊နှာခေါင်း၊ ပါးစပ် နဲ့ မျက်လုံး တွေ ကနေ သွေးတွေ ထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူမ

ကျီး တစ်ကောင်မှ ပေးသော သင်ခန်းစာ

Image
အရမ်းပူတဲ့ နေ့တစ်နေ့မှာ ရေဆာနေတဲ့ ကျီး တစ်ကောင်ဟာ ရေ ဘယ်နေရာမှာ ရှိနိုင်သလဲ ဆိုတာကို သိနိုင်ဖို့ အတွက် လယ်ကွင်းတွေရဲ့အပေါ် ကနေ ပျံသန်းပြီး ရှာဖွေနေပါတယ်။ အချိန်သာ ကုန်လာတယ်  ရေ ရှိမယ့် နေရာကို  မတွေ့ဘူး ဖြစ်နေတယ်။ ရေမသောက်ရသေးတဲ့ အ ပြင် မောဟိုက်နေတာကြောင့် ပျံ သန်းဖို့တောင် အားမရှိတော့ဘူး။ မျှော်လင့်ချက်မဲ့ နေတဲ့ အခြေအနေကို ရောက်နေပြီ။ မောဟိုက်လွန်းပြီး မပျံနိုင်တော့လို့ လယ်ကွင်း တစ်ခုထဲမှာ နားလိုက်ရပါတော့တယ်။ ရုတ်တစ်ရက် လယ်ကွင်း ရဲ့ တစ်နေရာ သစ်ပင်အောက်မှာ အရာတစ်ခုကို သူလှမ်းတွေ့လိုက်တယ်။ သေချာသွားပြီ အဲဒါ ကတော့ ရေခရား တစ်ခုပဲဖြစ်ပါတယ်။ ဝမ်းသာအားရနဲ့ ရေခရား အဖုံးကို နှုတ်သီးနဲ့ ထိုးကြည့်ပြီး ရေ ရှိ / မရှိ ကြည့်လိုက်တော့ ခရားထဲမှာ ရေ တစ်ဝက်လောက်ရှိသေးတယ်။ သောက်မယ် လည်းကြံရော ခရားရဲ့ အဝနဲ့ သူ့ခေါင်းနဲ့ မဆံ့ဘူးဖြစ်နေတယ်။ အဲဒါနဲ့ ကျီး လည်း ရေခရား ကို စောင်းကြည့်လိုက်တယ်။ ဒါပေမယ့် ရေခရားက အရမ်းလေးနေတယ်။ ဘယ် လိုမှ မလို့ မရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် ။ ကျောက်ခဲလေးတွေကို တွေ့လိုက်တော့ သူ အကြံတစ်ခု ရသွားတယ်။ အဲဒါနဲ့ ကျောက်ခဲ တစ်ခုကို ခရားထဲကို ထည

နိုင်ငံပိုင် ဂြိုဟ်တုကို ကန်ဒေါ်လာ သန်း ၁၅၀ ကျော် အကုန်ကျခံ လွှင့်တင်မည်

Image
အမေရိကန် အခြေစိုက် ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီ Intelsat နှင့် ပူးပေါင်း၍ Myan-mar Sat ဂြိုဟ်တုကို ကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း အသုံးပြု၍ လွှင့်တင်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောကြားသည်။ ၁၅ နှစ် သက်တမ်းရှိသည့် Myanmar Sat ဂြိုဟ်တု အတွက် ကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံပြီး ရှစ်နှစ်ကြာ ကာလ ၌ အရင်းကျေမည်ဟု ခန့်မှန်းထား ကြောင်း၊ Intelsat နှင့် မပူးပေါင်း ဘဲ ကိုယ်ပိုင်လွှင့်တင်ပါက ကန် ဒေါ်လာ သန်း ၅၀၀ အထိ ကုန်ကျ နိုင်ကြောင်း ဦးသန့်စင်မောင် က ပြောသည်။ Intelsat ကုမ္ပဏီနှင့် မြန်မာ နိုင်ငံအကြား ဆွေးနွေးမှု အရ ၂၀၁၉ ဇွန်လ တွင် လွှင့်တင်မည့် ဂြိုဟ်တု၌ မြန်မာနိုင်ငံ သည် Transponder အနေဖြင့် C-Band ၁၂ ခုနှင့် KU-Band ၁၂ ခု ပိုင်ဆိုင်မည်ဖြစ်သည်။  ‘‘၀န် ကြီးဌာနတွေ၊ ကုမ္ပဏီတွေ အနေ နဲ့ ဂြိုဟ်တု ကို ဈေးပေါပေါ နဲ့ သုံး လာနိုင်တော့မှာပါ’’ဟု ဂြိုဟ်တု ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဝင်းအောင် ကပြောသည်။ ‘‘ခုနစ်နှစ်လောက် အခမဲ့ သုံးရမယ် ဆိုတော့ ဒီနည်းလမ်းကို စဉ်းစားတာပါ။ ဒါပေမဲ့ ပိုက်ဆံချေတဲ့ နည်းလမ်းကျတော့ လုံးခနဲ မပေးနိုင်ဘူးလေ။ ညှိရဦးမှာပေါ့။ ဘတ်

ပြဿနာကို မကြောက်နဲ့ 

Image
လူတိုင်း လူတိုင်းဟာ တစ်ခါ တစ်ရံမှာ ထွက်ပေါက် မရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်ရလေ့ရှိတယ် ။  လူ့ ရဲ့ ဦးနှောက် ဆိုတာဟာ အသိဥာဏ် ရှိရင် ရှိသလောက် ပြဿနာတွေ ကို ဖြေရှင်းနိုင်စွမ်းရှိပါတယ် ။ ကိုယ်ဖြေရှင်းနိုင်တဲ့ ပြဿနာကို ဖြေရှင်း တာဟာ မိမိ ရဲ့ ဦးနှောက်ကို အစွမ်းကုန် အသုံးချခြင်း မဟုတ်သေးပါဘူး ။ တစ်ကယ်တော့ပြဿနာကြီး လာလေလေ ဦးနှောက် ကို အသုံးချရတာ အသုံးဝင်လေလေပါပဲ ။ အခက်ဆုံး အရာဆိုတာ အထက်ဆုံး ဉာဏ်ရဲ့ ကျက်စားရာပါ ထွက်ပေါက် မရှိတဲ့ပြဿနာကို ရင်ဆိုင်ရတာ များလေလေ ဦးနှောက် ရဲ့ စွမ်းပကားဟာ ထက်လေလေ ပါပဲ ။ အရာရာတိုင်းကို လွယ်လွယ် ကူကူသာ ဖြေရှင်းနေနိုင်မယ် ဆိုရင် အဲဒီ လူရဲ့ ဦးနှောက်ဟာ သေသလိုဖြစ်နေပါပြီ ။ ဒါ့ကြောင့် ထွက်ပေါက် မရှိတဲ့ ပြဿနာများ ကြုံလာမယ် ဆိုရင်တော့ စိတ်မညစ်ကြပါနဲ့  ၊ စိတ်ဓာတ်မကျကြပါနဲ့ ။

ဝါဆို သင်္ကန်း ကပ်လှူရခြင်း အကျိုး နဲ့ ဖြစ်ပေါ်လာပုံ အကျဉ်း

Image
ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်း ကာလ အချိန် နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများ ရဲ့ ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံ အသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲများ ဟာလည်း တစ်ဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။ ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့ အပိုင်းမှာ တစ်ချို့က ဝါဆိုသ င်္ကန်း ကို ဝါမဆိုခင် ပဲ ဆက်ကပ် လှူဒါန်းကောင်းတယ်လို့  ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆို သင်္ကန်း အလှူဟာ ဝါ မဆိုခင် လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်း သုံးလ လုံးလုံး မိမိ တို့ လှူ ဒါန်း ထားတဲ့ သင်္ကန်း ကို အပြည့်အဝ ဝတ်ရုံ သုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံ ယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့လည်း ဘာရယ် မဟုတ် သူများ ဝါဆိုသင်္ကန်း ဆိုလို့ လိုက်ပြီး ဝါဆိုသင်္ကန်း လုပ်လိုက် ရတာတွေ လည်း ရှိတတ်ပါ တယ်။ ဒါကြောင့် ဝါဆိုသင်္ကန်း နဲ့ ပတ်သက်ပြီး ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့  ဗုဒ္ဓဘာသာ အချို့ အတွက် ဝါဆို ရည်မှန်း မြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စော င်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ တစ်ကယ်တော့ ဝါဆိုသင်္ကန်း ရဲ့ မူရင်း အခေါ်က" မု

ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ

Image
ဝါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာ တရားတော် ကို မြတ်စွာဘုရား က ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆို လပြည့်နေ့ နေ၀င်လထွက် အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦး တို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။ ဓမ္မစကြာ တရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။ ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။ (ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။) ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါးတရား ကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ ၏ အနှစ်ချုပ် တရားဟု ဆိုထိုက်ပါသည်။  ဓမ္မစကြာ တရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ် မှာ (အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ  ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေး တို့ကို ညွှန်ကြားထား
 
365myanmar.com - Myanmar Online Shopping Mall