Posts
Showing posts from September, 2017
သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ် ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း
Image
လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေး နေ့ မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။ အခုပြောမှာ ကတော့ မိမိ နေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ် ငန်းဆောင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿ နာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့ နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့ မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။ မိမိ နေအိမ် က ဘယ်ဘက် ကို မျက် နှာ မူသလဲ။ အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။ အရှေ့ အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာ
ကြားသာ ကြားဖူးပြီး မမြင်ဖူးတဲ့ ဓါးပီး ဒုတ်ပီး သေနတ်ပီး ၀က်စွယ် ကွင်းပိတ်
Image
ဝက်စွယ် ဝါးဆစ်ပိတ် ကဲသို့ ဖြစ်နေတာကို ဝက်စွယ်ပိတ် လို့ခေါ်ပါတယ်။ မိတ်လိုက်လိုစိတ် ဖြစ်နေတဲ့ အခါရတဲ့အစွယ် ကို ပီယ အပွင့်အလန်း ဘက်မှာ စီရင်ကြပါတယ်။ တိုက်ခိုက်လိုစိတ်ဖြစ်နေတဲ့အခါ ရရှိတဲ့ အစွယ်ကို အတိုက်အခိုက် အကာကွယ်စသဖြင့် စီရင်ကြပါတယ်။ မိမိ စီရင်တဲ့ အန္တရာယ်ကင်း ဆိုပါစို့ မိတ်လိုက်လိုတဲ့အခါရတဲ့ အစွယ်ဖြစ်နေရင်လည်း အန္တရာယ်တွေ ဖိတ်ခေါ်လိုက်သလိုပါပဲ။  ဒေါထနေတဲ့အခါ ရတဲ့အစွယ် အပွင့်အလန်းဘက် သုးံပါရင်လည်း ဆိုးကျိုးဖြစ်စေပါတယ်။ စာရေးသူငယ်စဉ်က အနက်ရောင် အညိုရောင်နယ်မြေတွေသွားလာနေထိုင်ထူးပါတယ်။ မီးမကူး ကျည်မထွက် ဒါးခုတ် မရ လွန်စွာ အစွမ်းထက်တဲ့ ဝက်စွယ် ဆောင်ယူထားသူ အတော်များများ တွေ့ဘူးပါတယ်။ နောက်တစ်ခါ အပွင့်အလန်း အဖြစ် ဆောင်ယူထားသူ များလည်း တွေ့ဘူးပါတယ်။ အပွင့် အလန်း ဘေး ကင်း စသဖြင့် ဆောင်ယူသူတွေမှာ လိုရာ အကျိုးဖြစ်ထွန်းအောင်သူ ရှိသလို အပွင့်က အပိတ်ဖြစ်ပြီး အပိတ်က ပိုပိတ်တာ စီးပွားပျက်တာ စသဖြင့် ဆိုးကျိုးဖြစ်တာတွေလည်း ရှိပါတယ်။  ရှေး ရှမ်းဆရာကြီးဆီက မှတ်သားဘူးတဲ့ အစွယ် စီရင်ပုံမှာ စိတ်ဝင်စားစရာ အလွန် ကောင်းလှပါတယ်။ လဆန်းပိုင်း လဆုပ်ပိုင်း မည်သို့ စီရင်ပါ စသဖြင့် မှတ်သားရပါတယ်။ မသမာသ
သီတင်းကျွတ် နှင့် ပဝါရဏာ ပွဲ
Image
ရှေး အခေါ် ‘ သန်တူလ ’ ၊ ယခု အခေါ် ‘ သီတင်းကျွတ်လ ’ တွင် ဘာသာရေးနှင့် နှီးနွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။  ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ‘ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်’ အနေဖြင့် တည်ရှိနေပေတော့သည်။ တာဝတိံသာပွဲ ခေါ် မီးမြင့်မိုရ်ပွဲ ဤ သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တစ်ဝါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာ တရားတော် ချီးမြှင့်ရာမှ ‘သင်္ကဿမြို့တော်’ သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော် မူလာချိန်မှာ  သီတင်းကျွတ် လပြည့်ည မှောင်ရီပျိုးစ အချိန် ဖြစ်သည်။  မြို့သူမြို့သားတို့သည် ဆီမီး ထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲ ဝမ်းသာ ကြိုဆို ဦးညွတ်ခဲ့ကြ သည်။ ဗုဒ္ဓမြတ်စွာသည် ဝဲယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေဝတာများ ခြံရံလျက် အလယ်  ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော် မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည် မှန်း၍ ‘တာဝတိံသာပွဲ’ ခေါ် ‘မီးမြင့်မိုရ်ပွဲ’ ကို ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့ တစ်ခမ်း တစ်နား ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်သည်။ အဘိဓမ္မာ အခါတော် သဘင် ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿီတ နတ်သားကို အမှူးထား၍ အာ
သင့် လက်မ က ပြောတဲ့ ကိုယ်ရည် ကိုယ်သွေး
Image
လူတစ်ယောက်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကနေ အဲ့ဒီလူ ဘယ်လို လူစားမျိုးလဲ ဆိုတာ ပြောပြပေးနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ ဒီတစ်ခါတော့ လက်မကို ကြည့်ပြီး အဲ့ဒီလူ ဘယ်လို စိတ်နေစိတ်ထား၊ ကိုယ်ရည် ကိုယ်သွေး ရှိမယ်ဆိုတာ ပြောပြပေးနိုင်တဲ့ အကြောင်းလေး ဖတ်ကြည့်လိုက်ပါဦး။ ဖြောင့်တန်းနေတဲ့ လက်မ လက်မထောင်လိုက်တဲ့ အခါမှာ ဖြောင့်တန်းနေပြီး နောက်ကို ကွေးညွတ်နေခြင်းမရှိတဲ့ လက်မ ပိုင်ရှင်ဖြစ် မယ် ဆိုရင် သင်ဟာ အရာရာကို အရမ်းအလေးအနက် ထားတတ်တဲ့သူ တစ်ဦးဖြစ်ပါတယ်။  စိတ်ဓာတ် မာကြောပြီး ခံစားလွယ်တဲ့သူ တစ်ဦး မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ပြလေ့ မရှိတဲ့ သူ တစ်ဦးဖြစ်ပေမဲ့ စိတ်ဓာတ်ကျတတ်သူ တစ်ဦးတော့ မဟုတ်ပါဘူး။
သီတင်းကျွတ် လပြည့် . အဘိဓမ္မာ အခါတော်နေ့
Image
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရား စစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တစ်ချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။ အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်  မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တစ်ထိုင် တည်း တနေရာ တည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စံပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။  ရှင်သာရိပုတ္တ
ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ ဖြစ်ထွေ
Image
ဦးမင်းအောင်၊ အိုးဝေဂျာနယ် အမှတ် ( ၆၃ ) ၊ ၁၅ . ၇ . ၁၉၇၁ ။ အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏ ။ မည်သည့် အမှုကိစ္စ ၊ မည်သည့် အရာ ဝတ္ထုမျိုး မဆို အကြောင်း မရှိဘဲ ဖြစ်ပေါ်မလာနိုင် ။ ဤသည်မှာ နိယာမ တရားဖြစ်ပေ၏ ။ ထို နိယာမ တရားတိုင်းပင် ကျွန်တော်တို့သည် တောင်တွင်း ဆရာတော် သျှင်ဥက္ကဋ္ဌ ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏ ။  ဆရာတော်သည် “ လူသေလူဖြစ် ” စာအုပ်ကိုရေးခဲ့၏ ။ ဤသို့လူသေ လူဖြစ် စာအုပ် ကိုရေးခြင်းသည် အကြောင်း တရားပင် ဖြစ်လေ၏။ ဤ အကြောင်း တရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင် လည်း ကျောင်း အမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ ။ ပြီးတော့ ဟိုမှ သည် မှ ဂ ယက်လှိုင်းထ , သလို ပကာသနိယ ကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ ။ ကန်တော့ဆွမ်းနှင့် ခဲမိုး ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည် ဆိုလျှင် အင်တိုက် အားတိုက် ကြိုတင် ၍ ကန်တော့ ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများ ကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့ က ကြီးစွာသော မေတ္တာ အာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်ဖြိုင် သွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ် ၏ အကျိုးတရား များပေတည်း။ ရေးရသည့် အကြေ
ခေတ်သစ် အနာထပိဏ် ဟု ဆိုရလောက်တဲ့ ရန်ကုန်မြို့မှ ထူးခြားလှသည့် အလှူရှင်
Image
365myanmar.com - Myanmar Online Shopping Mall