Posts

Showing posts from October, 2017

ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် အခမ်းအနား

Image
                               ဘုရင်ကြီး ဘူမိဘော ၏ ဈာပနတော် စတင် ဖွင့်လှစ်ချိန် ပူဆွေးဝမ်းနည်းကြသော ပြည်သူများ စုံရုံးရောက်ရှိနေ ထိုင်းဘုရင်ကြီး ဘူမိဘော ၏ ရုပ်ကလာပ်တော်အား အောက်တိုဘာ ၂၆ ရက် တွင် မီးသဂြိုဟ်တော့မည့်ဖြစ်သောကြောင့် လောင်တိုက်တော်ရှိရာသို့ ပေးဝင်မည့် စစ်ဆေးရေး ဂိတ်များအား အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို စစ်ဆေးရေးဂိတ်များမှ တစ်ဆ င့် ဝင်ရောက်ခွင့်ရရန် စီတန်း စောင့်ဆိုင်းနေသည့် ပြည်သူ များမှာ ထောင် ပေါင်းများစွာ ရှိနေသည်။ ဘုရင်ကြီး ၏ ဈာပနတော်သည် ထိုင်း တစ်နိုင်ငံလုံး စုစုစည်းစည်း ရှိနေသည့် တစ်ခုသော ဝမ်းနည်းဖွယ် အခါ သမယလည်း ဖြစ်သည် ။ ရာစုနှစ် တစ်ခုစာ အတွင်း ထိုင်း တော်ဝင်နန်းတော် အဖြစ် အပျက်များ မှ  အကြီးကျယ်ဆုံး အခမ်းအနားလည်း ဖြစ်သည်။ မိုးများ သည်းထန်စွာ ရွာသွန်းနေသည့်ကြားက အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပြည်သူ ထောင်ပေါင်းများစွာသည် လောင်တိုက်တော်ရှိရာ ဘန်ကောက် နန်းတော်ရာ အနီး စုရုံးလျက်ရှိကြခြင်း ဖြစ်သည်။ ဆိုင်များနှင့် တည်းခိုခန်းများက ဈာပနတော် အတွက် လာရောက်ကြသည့် ပြည်သူများကို အစားအစာများ၊ နေ့စဉ်သုံး ပစ္စည်းများနှင့် လိုအပ်သော အကူအညီများ

အဲ ယား ကွန်း ကို Gas ဖြည့်‌ မယ်‌

Image
ဘယ်‌ က ‌နေ ဖြည့်‌ မှာ လဲ ? Suction (or) Discharge ? Suction ဆိုတာက စုပ်‌ယူတာလို့ လူတိုင်း သိကြ ပြီးသား ဖြစ်‌လို့ အလွယ်‌တစ်ကူ မှတ်‌ရန်‌လွယ်‌ ကူ‌အောင်‌ Gas ပဲ ဖြည့်‌မယ်‌လို့ မှတ်‌ယူပါ။ gas ဖြည့်‌မယ်‌ ဆိုလျှင်‌လဲ Compressor ကို ‌မောင်းထားရမှာ ဖြစ်‌ပါတယ်‌ ။  လိုချင်‌တဲ့ Point ကို ‌ရောက်‌ ‌အောင်‌ အ ချိန်‌ ယူ ပြီး ဖြည့်‌ ရ မှာဖြစ်‌ ပါ တယ်‌။ အ ‌ရေးကြီးတာက ဖြည့်‌ပုံ ဖြည့်‌ နည်း လိုပါတယ်‌။ Compressor Cycle မှာ Air Lock မ ဖြစ်‌ ‌အောင်‌ gas pipe ‌တွေ connection လုပ်‌ တဲ့ အ ချိန်‌ မှာ အ ထူး က ရု ပြု ရ မှာ ဖြစ်‌ ပါ တယ်‌။  ဖြည့်‌တင်း ‌နေကြသူများ အ တွက်‌ က ‌တော့ Easy Going ဖြစ်‌ ‌ပေ မယ့်‌ fresher တစ်‌ ‌‌ယောက်‌အတွက်‌ ကတော့ လက်‌တုန်‌ ‌နေ မှာ ‌သေချာပါတယ်‌။ ကိုယ်‌တိုင်‌လဲ ဖြစ်‌ ခဲ့ ဘူး ပါ တယ်‌ ။ လုပ်‌ ‌နေကျ ‌တော့လဲ ယဉ်‌ ပါး သွား မှာ ‌ပါ။ A/C တစ်‌ လုံး ကို Suction Side က ‌နေ Gas ဖြည့်‌ သွင်း ‌တော့ မယ်‌ ဆို ရင်‌ အ ‌ရေး ကြီး လိုအပ်‌တာက Ampere Clamp Meter ‌လေး ပါ။ Compressor motor load ကို တွက်‌ ပြီး Maximum amp ကို ‌ကျော်‌ လွန်‌ မ ဖြည့်‌ မိ ဖို့ လို အပ်‌ ပါ တယ်‌။ ပို ဖြည့်‌ ရင်‌ ဘာ ‌တွေ

ကျော်ကြားသော တံဆိပ်များတွင် ဝှက်ထားသော အဓိပ္ပာယ်များ

Image
နာမည်ကြီး ကုမ္ပဏီတိုင်းလိုလို သူတို့ရဲ့ logo ကို မှတ်မိထိုက်လောက်တဲ့ သင်္ကေတ အပြင် အဲ့ဒီမှာ အဓိပ္ပာယ်တွေပါ ဝှက်ထားတယ်။ တစ်ကယ်တော့ ဒီဇိုင်နာတွေကတော့ လိုအပ်တဲ့ အဓိပ္ပာယ်ကို နေရာ အရမ်းမယူ စေပဲ အတတ်နိုင်ဆုံးသေးနိုင်သလောက် သေးအောင် ရေးဆွဲထားကြတယ်။  1.Amazon ဒီအတိုင်း ကြည့်ရင်တော့ Amazon logo က ဘာမှ အထွေအထူး မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ကို ဒီအမှတ်တံဆိပ်ရဲ့ အတွေးအခေါ်ကို နားလည်စေဖို့ ရေးဆွဲထားတယ်။ အဝါရောင် မြှားလေးက အပြုံးကိုရည်ညွှန်းခြင်းဖြစ်တယ်။  ဘာလို့လဲ ဆိုတော့ Amazon.com က သူ့ရဲ့ customer တွေကို ပျော်ရွှင်စေခြင်တယ်။ ပြီးတော့ မြှားက  a နဲ့ z ကို ဆက်ထားတာဖြစ်တယ်။ အဲ့ဒါက ဒီ online ဈေးဆိုင်မှာ ပစ္စည်းအားလုံးနီးပါး ရှိတာကိုဆိုလို တာပါ။  2. Yoga Australia သြစတေးလျ ကယောဂ ဝါသနာရှင်များရဲ့ အဖွဲ့မှာ သုံးနေတဲ့ တံဆိပ်ဖြစ်တယ်။ ကောင်မလေး ရဲ့ လက်နဲ့ ခြေထောက်ကြားရှိ အကွက်က သြစတေးလျနိုင်ငံ ရဲ့ မြေပုံကြမ်း ဖြစ်တယ်။ 3.SonyVaio အဲ့ဒီ တံဆိပ်ရဲ့ ပထမ စာလုံးနှစ်လုံးမှာ လိုင်းလေးပါတယ်။ အဲ့ဒီ လိုင်းလေးက လျှပ်စစ်ပစ္စည်းကို ရည်ညွှန်းပြီးအနောက်က 1 နဲ့ 0 က နည်းပညာကို ရည်ညွှန်းခြင်းဖြ

မမေ့နဲ့

Image
အကျိုးပေးဖို. ကံတွေ အဆင့်ဆင့် ရှိတယ်။ ဂရုကံ--- ကြီးလေးတဲ့ ကံ။ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။ အာစိဏ္ဏကံ--- နေ.တိုင်းပြုတဲ့ ကံ။ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။ ကဋ္ဋတ္တာကံ--- တစ်ခါတစ်ရံ ပြုတဲ့ ကံ။ အာသန္တွကံ---စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးဖြစ်တဲ့ ကံ။ အဲဒီ ကံပြီးရင် စုတိ စိတ်ပဲ။ အဲဒီကံက ဟိုဖက် ပဋ္ဋိသန္ဓေ အကျိုးပေးတော့တာပဲ။ ကံ တစ်ခုဟာ ပဋ္ဋိသန္ဓေ အကျိုးတစ်ခုပေးတယ်။ နောက် ဟိုဘက်မှာ ပဝတ္တိအကျိုး ဆိုတာကတော့ ထပ်ခါ ထပ်ခါ ပေးတတ်တယ်။ အာသန္တွကံ ကို ဘာနဲ.ဥပမာ ပေးထားသလဲ ဆိုတော့---နွားခြံထဲကို နွားတွေ မောင်းသွင်းတဲ့ အခါ အားကောင်းမောင်းသန်တဲ့ နွားတွေက နေရာကောင်း လိုချင်လို. ခြံထဲကို အရင်ရောက်အောင် တိုးဝှေ.ပြီးတော့  ပြေးဝင်ကြတော့ အားနည်းတဲ့နွားတွေ၊ နွားအိုကြီးတွေ ပိန်ခြောက်နေတဲ့ နွားတွေက မတိုးနိုင် မဝှေ.နိုင်တဲ့အတွက်ကြောင့် နွားခြံထဲကို နောက်မှဝင်ရတယ်။ အဲဒီ ပိန်ခြောက်နေတဲ့ နွားတွေ အားနည်းနေတဲ့ နွားတွေက ရွှံ.ဗွက် ထဲမှာ နွားခြံ ရဲ. အပေါက်ဝနားမှာ ကပ်  ပြီးတော့ အိပ်ရတယ်။ မနက်မိုးလင်းလို. ခြံတံခါးဖွင့်တဲ့ အခါကျတော့ နွားပျို နွားသန်တွေက အရင်ထွက်လို.မရဘူး။  အပေါက်ဝနားမှာ တံခါ

မီးကွင်းဒေါင်း (သို့) သိဒ္ဓိပြီး ဒေါင်းရုပ် ၏ ထူးဆန်းဖွယ် သမိုင်း

Image
နံနက်ခင်း ဝေလီဝေလင်း အချိန်မှာ လောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီး ပဲလေ့ ဟိုတယ်ခေါင်မိုး တစ်ခုပေါ်ရပ်နားနေတဲ့ဒေါင်းရုပ်လေးကို အားလုံးပဲ မြင်ကြမှာပါ ။ အဲဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြလို့ သမိုင်းလှန်ပြီး အဖြစ်မှန်ပြောပြချင်ပါတယ် ။ အဲဒီဒေါင်းရုပ် က ခင်များတို့ပြောသလို Nld ပါတီဝင် မထားပါဘူး ။ သီးခြား ရပ်တည်နေတဲ့ ကဝေဒေါင်း တစ်ခုပါ သာမန်အရုပ်ဒေါင်းလို့ ထင်ရင် မှားပါတယ် ။  အဲဒါ အစီအရင်တွေနဲ့ သိဒ္ဓိတင်ထားတဲ့ ကဝေဒေါင်းဖြစ်ပါတယ် ….. ရှေးလူကြီးတွေ ပြောစကားအရ အဲဒီ ဒေါင်းရုပ်ကို ၁၈၈၇ ခုနစ်ခုလောက်က ရတနာပုံ နန်းတွင်းက အမတ် ကြီး ဦးကောက် ဆိုသူမှ ခရီးသွားရင်း ပုသိမ်ကြီးမြို့နယ် နားက တောအုပ် တစ်ခုမှာ တွေ့ခဲ့တဲ့ ကညင်ပင်  နှင့်ကျွန်းပင် နှစ်ပင်တစ်ပင် စပ်ယှက်ပြီး ပေါက်နေတဲ့ သစ်ပင်ကနေ ဖြစ်လာတဲ့ ကုန်းဘောင်ခေတ်နှောင်း ပိုင်း ရတနာပုံခေတ် လက်ရာပါ ။ အဲဒီ ဒေါင်းရုပ်ကို နန်းတွင်း လက်သမားဆရာကြီး မြို့သာ အပိုင်စား ဦးဖိုးကွန်း ဆိုသူမှ ၇ ရက် ၇ နှစ်လီ  အကြမ်း ထွင်းထုခဲ့ရပါတယ် ။ အဲဒီဒေါင်းရုပ်ကို စတင် ထွင်းထုတဲ့ အချိန်က စလို့ ဦးဖိုးကွန်း က အသား မစားပဲ သက်သတ်လွတ် စားရပါတယ် ။ ဥပုသ် စောင့်ဖို့ အတွက် ၅

ခြေဖနောင့် ကွဲလို့ စိတ်မညစ်ပါနဲ့

Image
မကြာခင် တစ်မိုးကုန်လို့ တစ်ဆောင်း ၀င်လာ ပါတော့ မယ် ။ ခန္ဓာကိုယ်တွင်း အပူဓာတ် များသူတွေ နဲ့ ၊ နေ့ လည်ဘက် နေပူပူထဲ လမ်း လျှောက် အထွက်များ သူတွေ အဖို့ ဆောင်းရာသီ ရောက်တဲ့အခါ အပူကန် ထွက်လေ့ရှိကြပြီး ခြေဖနောင့် အရေပြားများ ကွဲအက် လာ ပါတော့တယ်။  အချို့ သူတွေ မှာ သိပ်ဆိုးဆိုး ရွားရွားကြီး မဟုတ် အမြင်ဆိုး ရုံလောက်သာ ကွဲအက် ကြသော်လည်း၊ အချို့ ကတော့ ကွဲထွက်နေသော အရေပြား အစ အနတွေက တစ်ဆင့် အ၀တ်အထည်နဲ့  ပွတ်တိုက်၍ အသား  စလန် သွေးထွက်ကာ မေးခိုင်ပိုး အန္တရာယ်ဖြစ်စေ လာနိုင်ပါတယ်။ အပယိက ခြေဖနောင့် ကွဲအက်ခြင်း အတွက် ရေချိုးတဲ့အခါ ဖနောင့် အချင်းချင်း ခပ်ကြမ်းကြမ်းပွတ် တိုက် ၍သော် လည်းကောင်း၊ ရေချိုးခန်း တမံသတင်း (သို့ မဟုတ်) ရေချိုးခန်းသုံး ကျောက်ခဲ တုံးလေးဖြင့် ပွတ်တိုက်၍ သော်လည်း ကောင်း ဤသို့ ပြုပေးခြင်းဖြင့် အရေ ပြားချောမွေ့ သွားစေပါတယ်။ အကယ်၍ ကြီး  ကြီးမားမား ကွဲအက်သူများအဖို့ အရေပြားစလေးတွေကို လက်သည်း ညှပ်လေးနဲ့  ညှပ်ထုတ်ပေးပြီး အောက် ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံး (၈) မျိုးထဲမှ မိမိအတွက် အဆင်ပြေရာကို သုံး၍ ကုစားနိုင်ပါ တယ်။ (၁) သံပုရာရည်-ဆား-အလှဆီ-နှင်းဆီရည် တို့ ဖြင့် ခြေဖနောင့်
 
365myanmar.com - Myanmar Online Shopping Mall