Posts

Showing posts from January, 2018

မြေကြီး ပြိတ္တာ

Image
ဘယ်လောက်ပင် စားရ စားရ၊ တစ်ဝမ်း ၀ရုံပဲ။ ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊ အရေပြား ဖုံးရုံပဲ။ ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာ ရှိရှိ၊ သေရင် ထားပစ်ခဲ့ရတာချည်းပဲ။ ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။ နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင် ၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓ က ယခုလို ဆုံးမခဲ့၏။ ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်း ရှိလျှင်လည်း ဘုဉ်းပေးပါ။ မရှိလျှင် ဆွမ်းခံ၍ စားပါ။ လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။ မရှိလျှင် ပံသကူ သင်္ကန်း ရှာ၍၀တ်ရုံပါ။ လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။ မရှိလျှင် သစ်ပင်အောက်တွင် နေပါ။ လှူသူရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။ မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။ ထို အဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊  မလိုက်နာသူ များသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး  ဆင်းရဲရပေသည်။ ဆင်းရဲသွားသော

ငလျင် လှုပ်ခတ်မည်ကို ကြိုတင် သိရှိနိုင်မည့် နိမိတ်များ

Image
အခုနှစ်ဦးပိုင်းမှာ နေ့စဉ် ရက်ဆက် အကြိမ်ရေ တော်တော်များများ  ငလျင် လှုပ်ခတ်ခဲ့တော့  လူပြော သူပြောများတဲ့ ငလျင်နဲ့ ပတ်သက်ပြီး  ကျတော့် လေ့လာ ဖတ်ရှု မှတ်သားထားသည်များကို  အသိပေး တင်ပြသွားပါ မယ် ။ ငလျင်လှုပ်မှာကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပါသည် ဆိုသည့် နိုင်ငံတွေက သိပ္ပံပညာရှင်ကြီးတွေတောင် မခန့်မှန်းနိုင်သေးတာ  ကျတော့်လို့ ငမြောက် ငချောက် ချာတိတ်လေးက "ငလျင် လှုပ်ခတ်မည့်ကို ကြိုတင်သိရှိနိုင်မည့် နိမိတ်များ" လို့ ခေါင်းစဉ် တပ်တော့ မတန်မရာဟယ် လို့ ထင်မြင်ကြပါလိမ့်မယ် ။ ငလျင်လှုပ်မှာကို ခေတ်မီ သိပ္ပံပညာအရ ကြိုတင် မခန့်မှန်းနိုင်သေးဘူး ဆိုတာကို  မိတ်ဆွေတို့ သိသလို ကျတော်လည်း သိပါတယ်။ ခေတ်မီ စက်ကိရိယာတွေ ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိပေမဲ့ ငလျင်လှုပ်ခါနီး ဖြစ်ပေါ်တတ်တဲ့ နိမိတ်များအကြောင်းကို  ရှေးလူကြီးသူမများရဲ့ ပြောဆို လက်ဆင့်ကမ်းခဲ့တာများကို မိတ်ဆွေတို့ကို ဝေမျှပေးလိုက်ပါတယ် ။ ရှေးထုံးကို မပယ်ကောင်းသလို ဈေးသုံးလည်း မကြွယ်ကြနဲ့ပေါ့ဗျာ ။ ကုန်ဈေးနှုန်းတွေက တက်နေတယ် ။ ၁ မြွေ၊ ကြွက် စတဲ့ တွင်းအောင်း သတ္တ၀ါများ တွင်းမအောင်းပဲ ပုံမှန် မဟုတ်တဲ့ သွားလာ လှုပ်ရှားတာမှုများ အမြင့်ေ

ငါးကြီး အန်ဖတ်

Image
  ပင်လယ်ကနေ ထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်စိထဲမှာ မုတ်ကောင် က ထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ န၀ရတ် ကိုးပါး ရတနာ စာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာ မဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ ပစ္စည်းတစ်မျိုးကိုတော့ မြင်ဖူး တဲ့လူနည်းပါလိမ့်မယ်။ မမြင်ဖူးတဲ့ အပြင် သိတောင် မသိကြတဲ့လူတွေ တော်တော်များမယ် ထင်ပါတယ်။ ဒီပစ္စည်းဟာ သဘာဝပုလဲ ထက် ပိုပြီး ရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီ ဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ် ကမ်းစပ်မှာ နိစ္စဒူဝ သားငါး ရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင် ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။ ဒီပစ္စည်းကို ပင်လယ် ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမှတ်မထင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသူကတော့ အောင်ဘာလေထီ အမြင့်ဆုံးဆုကို ပေါက်သလို ဘ၀ပြောင်းသွားစေနိုင်တဲ့အထိ သူ့ရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတွေ့ဖို့ ပင်လယ်ကမ်းစပ်မှာ တစ်သက်လုံး နေ့စဉ်ရက်ဆက် သွားရှာမယ် ဆိုရင်တောင်မှ ထိုက်တန်တဲ့ကံဇာတာ ပါမလာရင် မတွေ့နိုင်ပါဘူး။ သူဆင်းရဲ တံငါသည်တွေကို နေ့ချင်း ညချင်း သူကြွယ်ဖြစ်အောင် ဖန်ဆင်းပေးနိုင်တဲ့ ဒီပစ္စည်းက ဘ
 
365myanmar.com - Myanmar Online Shopping Mall