Posts

Showing posts from May, 2018

အပျိုကြီး

Image
အပျိုကြီးသည် အရှက်မျက်နှာကို ဝှက်၍ တစ်ဝက်တစ်ပျက် ပေါ်နေသော သူ့တင်ပါးကို အသာအယာ ဆွဲဖုံးလိုက်၏ ။ ပြီးနောက် လိမ်နေသော ခါးကိုပြန်လည်တည့်မတ်ကာ တစ်ဆတ်ဆတ်တုန်သော လက်တို့ဖြင့် ထမီကိုပြင်ဝတ်လေသည်။ " အမယ်မင်းရယ်တဲ့မှပဲ ... အမေ ဘယ်အချိန်ကတည်းက ရောက်နေပါလိမ့်နှော် " ... ဟု စိတ်ထဲမှ တွေးသည်။ ဖော်မပြတတ်သော အမျိုးအမည်မသိ ဝေဒနာကြီးသည် အပျိုကြီး နှလုံးသားကို မထိတထိ ကလိနေဘိသို့ရှိလေ၏။ "ဟဲ့ မေးနေတာ မကြားဘူးလား ညည်း ဘာလုပ်နေတာလဲဆို " ဒုတိယံမ္ပိ မေးလိုက်သံက ရှက်စိတ်ပြွမ်းလျှက် အသက်ပင် ထွက်ချင်နေသော အပျိုကြီးကို မိုးကြိုး ပစ်ချလိုက်သလို ရှိ သည်နှင့် အပျိုကြီးမှာ တတ်နိုင်လျှင် သည်နေရာက အမြန်ဆုံး ပြေးထွက်သွားချင် မိလေသည်။ အပျိုကြီးသည် သူ့အမေကို တည့်တည့်မကြည့်ရဲ ။ ကြွေပြားအဖြူ ကပ်ထားသော မီးဖိုခန်းထဲမှနံရံကိုသာ သတိလက်လွတ်ကြည့်နေ၏။ နံရံပေါ်ရှိ အိမ်မြှောင် တစ်ကောင်သည် အပျိုကြီးကို သနားသည့်အလား ကျွတ် ကျွတ် ကျွတ် ဟု စုပ်သပ်နေလေသည်။ အပျိုကြီးသည် အကြောက်လွန်၍ ရေငတ်သလို လည်ချောင်း ခြောက်သလိုဖြစ်လာ ၏။ သူသည် အသံ အစ်အစ်ကို အားစိုက် ညှစ်ထုတ်လိုက်ကာ - "ရေ ... ရေ ရေနွေးအိုး တည်မလို့ပါ

မင်း အိုမင်းလာတဲ့အခါ

Image
၁ မင်း အိုမင်း​ ဖျော့​တော့လာတဲ့အခါ မီးလျှံ အလင်း​ရောင်​​ဘေးမှာ စာအုပ်​ တစ်​အုပ်​ကို ​ဖြေးညင်းစွာ ဖတ်​ရင်း မင်း အတိတ်​က မြင်​ဘူးခဲ့တဲ့  အာရုံ​တွေကို မြင်​​ယောင်​ရင်း နက်​ရှိုင်းစွာ အရိပ်​​တွေကို သီဖွဲ့ရင်း ။ ၂ ကျက်​သ​ရေ အပြည့်​နဲ့ ရင့်​ကျက်​စွာ မှားမှန်​ နှစ်​​ထွေ ​လောကဓံ တရားကို ချစ်​မြတ်​နိုးစွာ မြင့်​မြတ်​တဲ့ စိက်​၀ိဉာဏ်​ကို ပျိုး​ထောင် ​ရင်း ​ပြောင်းလဲ​နေတဲ့ မျက်​နှာ​ပေါ်က ဇရာကို ချစ်​ခင်​ လက်​ခံရင်း ။

ကာမဂုဏ် မစွန့်ဘဲ ကျင့်လို့ရတဲ့ တရား

Image
ဗုဒ္ဓမြတ်ဘုရားက အနာဂါရလမ်း အာဂါရလမ်း ဟူ၍ လမ်းနှစ်သွယ် ကို ဥဂ္ဂသေနသူဋ္ဌေး တောင်းပန် လျှောက် ထားခြင်းကြောင့် ဟောပြခဲ့သည် ။ သူဋ္ဌေးက “အရှင်ဘုရား တပည့်တော်၏ မယားသည် တပည့် တော် ခရီးထွက်သွားလျှင် တပည့်တော် လာမည့်လမ်းကို တမ်းတ၍ ထမင်းမစား ဟင်းမစား လေသာ ပြတင်းက ဘယ်ကိုမှမကြည့်ဘဲ တပည့်တော် ကို မျှော်တ၍သာ နေပါ၏ ။ လင့် ၀တ္တရားကိုလည်း ကျေပြွန်ပါ၏ ။ သည်လောက် လင်ကို ချစ်သော မယားကိုလည်း တပည့်တော် မပစ်နိင်ပါ၊ ကျေးကျွန် သင်းပင်း ရတနာ၊ ရွှေ၊ ငွေ၊ ဆင်၊ မြင်း၊ ကျွှဲ၊ နွား၊ တို့ကိုလည်း မစွန့်ပစ်နိင်ပါ ။ ၎င်း စည်းစိမ်ကြီးကိုပစ်၍ ရဟန်းလည်း မပြု နိင်ပါ ။ ဆင်းရဲသော ဘ၀နှင့် အပါယ်လားမည် ကိုလဲ မလိုလားပါ ။ လောကီ စည်းစိမ်ကို ခံစားစံစားလျှက် ကာမဂုဏ်ကို လက်မလွှတ်ဘဲ နိဗ္ဗာန်ကို ရောက်လို ပါသည်၊” ဟုလျှောက်ထားလေ၏….၊ ဤအခါ ဘုရားရှင်က ကာမဂုဏ် တန်းလန်းနှင့် ပုဂ္ဂိုလ်များ ကျင့်ကြံ၍ နိဗ္ဗာန်သို့ သွားသော ဘုံစဉ်စံ စခန်း သောတာပန်ဖြစ်သော အာဂါရ လမ်းစဉ်ကို ဟောကြားတော်မူလေသည်။ ဤ သောတာပန်ဘုံစဉ်စံ လမ်းသည် ရှေးဦးစွာ ဉာတပရိညာစခန်း တည်းဟူသော ရုပ၊် နာမ် ခန္ဓာ ၊ပဋိစ္စသမုပ္ပါဒ်၊ ဓာတ်သစ္စာ တရားတို့ကို သင်ကြားပြီးလျှင် တက်မြောက်သောအခါ အိမ်ထောင်မ
 
365myanmar.com - Myanmar Online Shopping Mall