Posts

Showing posts from June, 2018

ရတနာသိုက်ကြီး တစ်ခု၏ တည်နေရာအား တွေ့ရှိ

Image
ရတနာသိုက်ကြီး တစ်ခု၏ တည်နေရာအား တွေ့ရှိပါသဖြင့် . . . ရတနာသိုက်ကြီး ဆိုလို့ ရွှေတွေ ရမှာလား . . . ပတ္တမြားတွေ ရမှာလား . . .မဟုတ်ပါဘူး ရွှေတွေ ပတ္တမြားတွေထက် တန်ဖိုးရှိလှတဲ့ စာပေပညာရှင် ဆရာ့ ဆရာကြီးများရဲ့ တန်ဖိုးရှိလှတဲ့ အတွေးအခေါ်တွေ ပညာရပ်တွေ ဘဝနေနည်းတွေကို . . . သိခွင့်ရမှာပါ ။ 💎 💎 💎 💎 💎 💎 💎 💎 💎 စာအုပ်ပေါင်း ၇၀၀၀ ကျော် . . . ဖိုင် size အားဖြင့် 40 Gb ကျော် အများကြီးပါပဲဗျ  ။ Download ပြုလုပ်ရန် ....... အတွဲ-1 https://yadi.sk/d/SIKKLPaofGg4T အတွဲ-2 https://yadi.sk/d/W0gDCryIgXmGT

မြန်မာ ကို မြန်မာ က ရှုတ်ချထိုက်သလော

Image
မြန်မာ လူမျိုးနှင့် အကျင့်ဆိုး  (မြန်မာ ကို မြန်မာ က ရှုတ်ချထိုက်သလော) “ ဗမာ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှ မကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင် လုပ်နိုင်တာ မရှိပါဘူး” အစရှိသော နှိပ်နယ် စကား၊ ချိုးဖဲ့ စကား၊ ကဲ့ရဲ့ စကား၊ ရှုတ်ချ စကားများသည် မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။  ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့ လက်ထက်တွင် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံး သုံးနှုန်းပြော ဆိုကြသည်ဟု ဆိုရပေမည်။  ၀မ်းနည်းဖွယ်ကောင်းသော အချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ် လူများ လည်းမဟုတ်။ ကုလား လူမျိုးများလည်း မဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်း မဟုတ်။ မြန်မာ စစ်စစ်ဆိုသော လူများ၏ ပါးစပ်မှ ထွက်လာလေ့ရှိသည့် အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သော သူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသော အခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန် လက္ခဏာနှင့် လေးလေးနက်နက်ပက်
 
365myanmar.com - Myanmar Online Shopping Mall