Posts

Showing posts from January, 2019

အသက် ၃၀ ဆိုတဲ့ အရွယ်မှာ ဒီလိုအရာတွေ နားလည်ထားဖို့လိုပြီ

Image
အသက် ၃၀ မှ ဘ၀က စတယ် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီလို အသက်အရွယ် ဆိုတာ ငယ်လည်း မငယ်၊ကြီးလည်း မကြီးပဲ တစ်ကယ့် ဘ၀အစစ်ကို ခံစားနားလည်နိုင်တဲ့ အရွယ်လို့ပဲ ဆိုရမှာပါပဲ။ ဒီတော့ အသက် ၃၀ အရွယ်မှာ မသိမဖြစ် သိထားသင့်တဲ့ အရာတွေကိုလည်း လက်လွှတ်လို့ မဖြစ်ပါဘူး။ ဘာတွေလဲဆိုရင်… ကိုယ် တစ်ကယ်ပျော်ရွှင်တဲ့ အလုပ်ကို ရှာသင့်နေပါပြီ ။ လုပ်သင့်လို့ဆိုတာတွေထက် အသက် ၃၀အရွယ်မှာ ကိုယ်တကယ်ပျော်ရွှင်စွာလုပ်ချင်တဲ့အလုပ်က ဘာလဲ၊ကိုယ့်ရဲ့နှလုံးသားက ဘယ်နေရာကိုပိုပြီးအလိုရှိနေလဲဆိုတာ ကိုယ့်စိတ်ကိုယ်သိထားဖို့လိုနေပါပြီ။အဲ့ဒါမှ ဘ၀ရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရမှာပါ။ အရသာရှိတဲ့ ဟင်းတစ်ခွက် ချက်တတ်နေပြီလား ဘာပဲဖြစ်ဖြစ် ချက်တတ်တယ် ဆိုရင်တောင် တစ်ခြားသူတွေထက် ပိုသာတဲ့၊ကိုယ့်အကြိုက်ဆုံး ဟင်းလျာတစ်မျိုး ဆိုတာ ရှိသင့်ပါတယ်။ အထူးပေါ့။ ကဲ ဘယ်လိုလဲ သင်ယူဖို့ အဆင့်သင့်ဖြစ်နေပြီလား? ဘယ်သူက တစ်ကယ့် သူငယ်ချင်း အစစ်လဲ ဆိုတာ နားလည်သင့်နေပါပြီ ကိုယ့်အနားမှာ ၀ိုင်းနေတဲ့ သူငယ်ချင်းတွေထဲက ဘယ်သူက ကိုယ့်အပေါ် တစ်ကယ်ကောင်းတယ်၊ဘယ်သူက ဟန်ဆောင်တယ် ဆိုတာ ခွဲခြားတတ်ဖို့ လိုသလို ကိုယ့်ဘေးနားမှာ မလိုအပ်တဲ့ သူတွေကို လည်း ဖယ်ထုတ်တ
 
365myanmar.com - Myanmar Online Shopping Mall