Posts

Showing posts from September, 2019

လောက၌ ဆွဲအား အကြီးမားဆုံး

Image
မြတ်စွာဘုရား မိန့်ကြားသည်မှာ လောက၌ ဖို နှင့် မ နှစ်မျိုးသာ ရှိ၏ ။ မ ၏ အဆင်း ၊ မ ၏ အသံ၊ မ ၏ အနံ့ ၊ မ ၏ အရသာ၊ မ ၏ အတွေ့အထိ သည် ဖို့သတ္တဝါ အတွက် အကြီးမားဆုံး ဆွဲအား အကောင်းဆုံးဖြစ်လေ၏ ။ မ အတွက်လည်း ဖို ၏ အဆင်းစသည် အဆွဲဆောင်ဆုံး အပြင်းဆုံး ခွန်အားဖြစ်သည်။ မ သည် ဖို အဆင်း အသံ.. ဖို သည် မ ၏ အဆင်းအသံ.. ကြားရုံမျှနှင့် ခုနှစ်ဘဝက  စုစည်းထားသော ကိလေသာတို့သည်  အစေးထွက်သော အပင်ကို ဓားနှင့်  တို့မိလျင် တစ်ပြိုင်နက် အစေးသည်  ထွက်လာသကဲ့သို့ .. အိပ်ပျော်နေသော မြွေဟောက်အား  တို့မိသည့် အခါ ခေါင်းထောင်လာ သကဲ့သို့  တဏှာရမ္မက် ကိလေသာ တို့သည်  နှစ်ပေါင်းများစွာ  တရားဘာဝနာ အားထုတ် လာသော်လည်း  မ ၏ အသံ ခဏ ကြားရုံမျှဖြင့်  တဏှာဘီလူး သည် ပူးဝင်လာကာ  ဈာန်ရသည့် ရသေ့တောင် လျောကျ ကုန်လေ၏ ။

ရေသောက်ခြင်း ၏ အကျိုးကျေးဇူးများ

Image
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့် လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ် ထင်ပါတယ်။  သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တစ်ကျ သောက်တတ်ဖို့ လိုပါတယ် ။ သောက်သင့်သည့် အချိန်တွင်   သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး  အကျိုးပြုနိုင်မှာ ဖြစ်ပါတယ် ။ ရေသောက်သုံး သင့်သော အချိန်များ နံနက်အိပ်ယာ ထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။ အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။ ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။ မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်  ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။
 
365myanmar.com - Myanmar Online Shopping Mall