လောက၌ ဆွဲအား အကြီးမားဆုံး
မြတ်စွာဘုရား မိန့်ကြားသည်မှာ လောက၌ ဖို နှင့် မ နှစ်မျိုးသာ ရှိ၏ ။ မ ၏ အဆင်း ၊ မ ၏ အသံ၊ မ ၏ အနံ့ ၊ မ ၏ အရသာ၊ မ ၏ အတွေ့အထိ သည် ဖို့သတ္တဝါ အတွက် အကြီးမားဆုံး ဆွဲအား အကောင်းဆုံးဖြစ်လေ၏ ။ မ အတွက်လည်း ဖို ၏ အဆင်းစသည် အဆွဲဆောင်ဆုံး အပြင်းဆုံး ခွန်အားဖြစ်သည်။ မ သည် ဖို အဆင်း အသံ.. ဖို သည် မ ၏ အဆင်းအသံ.. ကြားရုံမျှနှင့် ခုနှစ်ဘဝက စုစည်းထားသော ကိလေသာတို့သည် အစေးထွက်သော အပင်ကို ဓားနှင့် တို့မိလျင် တစ်ပြိုင်နက် အစေးသည် ထွက်လာသကဲ့သို့ .. အိပ်ပျော်နေသော မြွေဟောက်အား တို့မိသည့် အခါ ခေါင်းထောင်လာ သကဲ့သို့ တဏှာရမ္မက် ကိလေသာ တို့သည် နှစ်ပေါင်းများစွာ တရားဘာဝနာ အားထုတ် လာသော်လည်း မ ၏ အသံ ခဏ ကြားရုံမျှဖြင့် တဏှာဘီလူး သည် ပူးဝင်လာကာ ဈာန်ရသည့် ရသေ့တောင် လျောကျ ကုန်လေ၏ ။