Posts

Showing posts from February, 2018

ပြည့်စုံတဲ့ ဘဝတစ်ခုသို့

Image
ဘုန်းကြီးတို့ အသက် (၈၀) ကျမှ တော်တော် များများ ပြည့်စုံတာဗျာ။ ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အကြာကြီး လုပ်ရတာ။ ဘုရားအလောင်း နည်းလမ်း (၅) မျိုး နဲ့ လုပ်တယ်။ နံပါတ် (၁) စိရကာလ-ဘာဝနာ- လုပ်ငန်း တစ်ခုကို ကြီးကြီးကျယ်ကျယ် တွေးကြံ အောင်မြင်ဖို့ ဆိုတာဟာ အကြာကြီး လုပ်ရတာ။ ခဏတစ်ဖြုတ်လေး လုပ် တြော်ကာ နောက်တစ်ခုပြောင်း ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့ အရာတွေကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်။   နံပါတ် (၂) နောက်တစ်ခု နိရန္တရ ဘာဝနာ- မရပ်မနားကို လုပ်ရတာ။ ဘုရားအလောင်း သိဒ္ဒတ္ထ ဥရုဝေလ မှာ ၆ နှစ် ကျင့်တုန်းက အနားယူ အပန်းဖြေတယ် ဆိုတာ စာထဲတွေ့ဖူးလား။ ဥပုသ်နေ့လည်း နားဦးမယ် ရှိလား။ အခုတော့ ဥပုသ်နေ့ ဆိုတာနဲ့ စာတွေ နားပြီးနေကြတယ်။ ဘုရားအလောင်း ဥပုသ်နေ့ နားတယ် ဆိုတာ မရှိပါဘူး။ ဒို့ မနားဘူး။ အနားမရှိဘူး အခုထိလုပ်တယ်။   နံပါတ်(၃) က နိရဝသေသ ဘာဝနာ ။ ကောင်း ဆိုတဲ့အလုပ် ၊ ကောင်းမှု ဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။ ဘုရားပန်းကပ်မယ် ပန်းတော် ကပ်မယ် ရေ မလဲဘဲ လုပ်မသွားနဲ့။ ပန်းတော့ ကပ်တယ် ဘုရားခန်း တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ ဆွမ်းတော့ ကပ်တယ်။

သင့်စိတ်ကို ဖိစီး နှိပ်စက်နေတဲ့အရာတွေကနေ လွတ်မြောက်စေမယ့် နည်းလမ်းများ

Image
စိတ်ပင်ပန်းတာဟာ လူပင်ပန်းတာထက် ပိုအခံရခက်ပါတယ်။ လူတိုင်းပဲ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စိတ်ပင်ပန်းမှုတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ထိုစိတ်ပင်ပန်းမှုတွေကို ကျော်လွှားပြီး ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့က အင်မတန် အရေးပါလာပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းမှုတွေ ကြုံနေရသူတွေအတွက် အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နိုင်ဖို့ အကြံဥာဏ်အချို့ကို မျှဝေပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။  အသက်အရွယ်မရွေး၊ ရာထူးနေရာ မရွေးက လူပေါင်းစုံဟာ စိတ်ဖိစီးမှုနဲ့ ကျိန်းသေပေါက် ရင်ဆိုင်ရနိုင် ပါတယ်။ စိတ်ဖိစီးမှုဟာ လူတစ်ယောက်ကို စိတ်ပန်း၊ လူပန်းဖြစ်အောင် ပြုလုပ်နိုင်တဲ့ အကြီးမားဆုံးသော နတ်ဆိုး တစ်ပါး ဖြစ်ပါတယ်။ တာဝန်ဝတ္တရားတွေ၊ ဖြေရှင်းရမယ့် အခက်အခဲတွေ၊ သင်ယူလေ့လာရမယ့် အရာတွေစတဲ့ အကြောင်း ကိစ္စပေါင်း မြောက်များစွာ နေ့စဉ်နေ့တိုင်း ကျွန်မတို့ရဲ့စိတ်တံခါးကို လာလာခေါက်နေကြပါတယ်။ ဒီအခါမှာ ခံနိုင်ရည်ထက် များလာပြီး စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ ဖြစ်လာပါတော့တယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးလွန်းလာရင် လူကပါ အလိုလို အားလျော့ နုံးခွေလာတတ်ပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတဲ့ စကားလိုပဲ စိတ်ဟာ လူကို အလ

အလောင်းတော် ကဿပ လှိုဏ်ဂူ အတွင်း ဝင်နိုင်ခဲ့သူ

Image
၁ . အလောင်းတော် ကဿပ လှိုဏ်ဂူ အတွင်း ဝင်နိုင်ခဲ့သူ အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင် ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲ လဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿပ လှိုဏ်ဂူရှိရာသို့ စတင် ခရီးထွက်လာ၏။  သက်တော် ၃၁ နှစ်။ ကပိုင်မှ တစ်ဆင့် တောကြီး အတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင် ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏ ။နောက်ကျနေလျှင်  စောင့်၏။ ကြေးစည်သံ ကြားရ၍ ဘုရား အာရုံရောက်၏။ ရဟန္တာ အရှင်မြတ်ကြီး ပရိနိဗ္ဗာန်ပြု  နေပုံ အာရုံတွင် ဖူးရ၏။ ထိုနေရာမှ အောက် လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။ မှောင်နေ၍ စမ်းတစ်ဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင် လှိုဏ်ဂူဝကို ကျောက်တုံးကြီး  တစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏ ။ ရေစီးကြောင်း တစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်း စီးဝင်သွားပြီး တစ်ဖက်မှ ပြန်ထွက် လာ၏။ ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ် သင်းပိုင် ကို ခင်းပြီး ရှိခိုး၏။ အမျှဝေ၏။ အလင်းတိုင် ၃ တိုင် မီးပူဇော်၏ ။  သစ္စာပြု၍ ပုတီး ၂ ပတ် စိပ်၏ ။ ဂူအပေါက်က လှုပ်နေ၏ ။ ဆောင်းတွင်းဖြစ်သော်လည်း ဂူတွင် နွေးနေ၏ ။ခ

မတ်တပ်ရပ်နေစဉ် ရေမသောက်သင့်သည့် အကြောင်းရင်းများ

Image
ကျန်းမာရေး ကောင်းဖို့အတွက် တစ်နေ့ကို ရေ ၈ခွက် သောက်တာက ပြဿနာ မဟုတ်ပါဘူး ။ ပြဿနာ က ရေသောက်တဲ့ အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲ ဆိုတာပါပဲ ။ လူတော်တော် များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထား မိတတ်ကြပါဘူး ။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေ အရ ရေသောက်တဲ့ အခါမှာ မတ်တပ်ရပ် အနေ အထားနဲ့ မသောက်သင့်ဘူး ဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။   ၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင် မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့ အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာ ကို ခံစားလာရနိုင်ပါတယ် ။ မတ်တပ်ရပ်ပြီးရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆစ် အဆက်များ ဆီသို့ အရည်ဓါတ် စီးဆင်းမှုကို အနှောင့် အယှက်ဖြစ်ရာမှ တစ်ဆင့် အဆစ်ရောင် ရောဂါအတွက် အစလမ်းကြောင်းကို ဖြစ်စေပါတယ်။   ၂။ အစာခြေ စနစ်ကို ထိခိုက်စေ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီးမြန်မြန် ဆန်ဆန် စီး ဆင်း စေပါတယ် ။ ဒီလိုမျိုး ပုံမှန် မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့ အခါမှာ အစာအိမ် နံရံကို ထိခိုက် စေကာ အစာခြေ စနစ်ကိုပါ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ် ။   ၃။ ရေဆာနေမြဲဖြစ် မတ

ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာ အရိုးအဆစ်နာ ဝေဒနာအတွက် ကိုယ်နဲ့ထိုက်လို့ ရခဲ့တဲ့လိမ်းဆေး

Image
လွန်ခဲ့သော နှစ် ၂၀ နီးပါးကထဲက ရခဲ့သော ဆေးနည်းဖြစ်ပါသည် ။ အပြင်းအထန် လေ့ကျင့် ခဲ့ကြသော အားကစားသမား များတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည် ။ ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည်။ အားကစား မလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိုးမျိုးနှင့် နာ တတ်ပါသည် ။ ကျွန်တော့ ခါးနာခြင်းက အမြဲတမ်း မနာဘဲ အကြောင်းအကျိုး မသင့်သည့်အခါ အိပ်ယာထဲ လှဲနေရ သည်အထိနာပြီး သက်သာသွားလျှင် မနာတော့ပါ ။ ဒူးနာခြင်း ကတော့ ဆယ်စုနှစ် တစ်ခုတိုင်ခဲ့ပါသည် ။ ဤဆေးနည်း ရခဲ့သည်မှာ ဆယ်စုနှစ်ချီ ခဲ့ပြီဖြစ်သော် လည်း အသုးံမပြုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါ သည် ။ နာနေသည့် ဒူးဆစ် အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြု လုပ်ခဲ့ပါသည်။ ဘယ်ဆေးနည်းကမျှ မသက်သာ မပျောက်ကင်းခဲ့ပါ ။ ဤဆေးနည်း ရခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကို မွေးမြူ လာခဲ့သည်မှာ ဒူးတစ်ဖက်ယောင်ကိုင်းပြီး ကွေးဆန့်မကောင်းတော့ပါ ။ ဆယ်စုနှစ်ကျော်ကြာပြီးမှ အသုံးပြု ပြီး သက်သာပျောက်ကင်းခဲ့သဖြင့် ဝေဒနာ ခံစားခဲ့ရသည့် ကုန်လွန်ခဲ့သောအချိန်များကိ

လကြတ်ခြင်း

Image
လကြတ်ခြင်း အဟောများ ကျွန်တော် ဒီစာစုကို ရေးသား တင်ပြခြင်းဟာ ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုေ မာင်နှမများ  အတွက် ဗဟုသုတ ရရှိစေရေးအလို့ငှာ ရှာဖွေလေ့လာ တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်ရေးထားတဲ့ အချက် (၄) ချက်က ကျမ်းအခိုင်အမာ ရှိပါတယ်လို့  ပြောပါရစေ။ ဒါပေမဲ့ ဗေဒင် နက္ခတ် ဝေဒပညာရပ်တွေမှာ ဆရာ့ဆရာကြီး ဆိုသူများနဲ့ လကြတ်တာတို့ နေကြတ်တာတို့ ဆိုတာ ပုံမှန်ဖြစ်နေကျ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ပါ သောက်ပိုလုပ်ပြီး ဟောနေတယ်လို့ ယူဆသူများ  ဒီပို့စ် ကို ဆက်မဖတ်ပါနဲ့ကျော်သွားလိုက် ဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။ (၁) ‘လ’ အလိုက် လကြတ်ခြင်း အဟောကတော့ ... တပို့တွဲ လကြတ်သော် မဇ္ဈိမဒေသအရပ် ဥပါဒ်ဖြစ်အံ့ လို့ဆိုပါတယ် ။ (အခြားသော လအလိုက် လကြတ်ခြင်း အဟောတွေရှိပါတယ် ။  ကြုံကြိုက်တဲ့အခါ တင်ပြပါမယ် ။) (၂) လကြတ်ချိန်မှာ လ ရဲ့အရောင်အဆင်းကို ကြည့်ပြီး ဟောချက်တွေကတော့ ..... ခိုခြေကဲ့သို့ နီသောအရောင်ရှိလျှင် မိုးရေနည်းအံ့ ။ ငတ်မွတ်အံ့ ။ ရွှေနီ ကျောက်နီကဲ့သို့ နီသောအရောင်ရှိလျှင် စစ်ထွက်အံ့ ။ (အခြားသော အရောင်အဆင်းများနဲ့  ပတ်သက်ပြီးတော့ အဟောတွေရှိပါတယ် ။ အခု လကြတ်တဲ့ အရောင်အဆင်းက အနီရောင်ဖြစ်တဲ့အတွက် အနီရောင
 
365myanmar.com - Myanmar Online Shopping Mall