ဂဏန်းဗေဒင်ပညာ က ကိန်းဂဏန်းတွေနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုတွေကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ နာ မည် တစ်လုံးမှာ ဆိုရင် ကိုယ့် နာမည်ထဲမှာ ရှိတဲ့ သရ စကားလုံးတွေက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်း ရှိတယ် လို့ ပညာရှင်တွေကဖော်ပြထားပါတယ်။ ဒါကြောင့် နာမည်ထဲက သရ စကားလုံး (a,e,i,o,u) တွေ အားလုံးကို ပေါင်းပြီး ရလာတဲ့ ဂဏန်းက ကိုယ့်ရဲ့ ကံကြမ္မာ ကို သတ်မှတ်ပေးတဲ့ ဂဏန်းလို့ ဆိုရပါမယ်။ ဒီလို ပေါင်းတဲ့ အခါမှာ a =1,e=2 , i=3 ,o =4, u=5 လို့ ယူပြီး ဂဏန်း အားလုံးကို တစ်လုံးထဲ ရသည် အထိ ပေါင်းရပါမယ်။ ဥပမာ .. သင့်နာမည် အားလုံးပေါင်းခြင်း 99 ရတယ် ဆိုပါစို့ ။ 99=9+9=18 ရရင် 1 +8 =9 အထိရောက်အောင် ဆက်ပေါင်းရတဲ့ အတွက် သင့် နံပါတ်က 9 ဂဏန်းဖြစ်ပါတယ်။ ၁ ဂဏန်း – ခေါင်းဆောင်နိုင်ခြင်းနဲ့ အင်အားပြည့်ဝခြင်းကို ပြပါတယ်။ တိုးတက်နိုင်ချေ အများကြီး ရှိသလိုထူးခြားတဲ့ ဖန် တီးနိုင်စွမ်း အပြည့်ရှိပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ ယုံကြည်ချက်တွေက ကိုယ်ချင်းစာစိတ်နဲ့ တစ်ယူသန် မထားတဲ့ အမြင် တို့နဲ့ ပေါင်းစပ်မှ အန္တရာယ် မပေးနိုင်တဲ့ အောင်မြင်မှုရပါလိမ့်မယ်။ ၂ ဂဏန်း – ဒေါသဖြစ်နေတဲ့ လူ...
Comments
Post a Comment