Posts

Showing posts from 2020

လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ

Image
  လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ ၊ သတ္တိမရှိ တဲ့ကောင်တွေအတွက်နေရာမရှိဘူး .. ဟောဒီသစ်သားပြားပေါ်ကို သံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက် ၊  သံချောင်းစိုက်ဝင်သွားမယ် ။ သစ်သားပြား သူ့ထက်မာတဲ့ကောင် နဲ့တွေ့တော့နေရာ ဖယ်ပေးလိုက်ရတယ် ။ အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက် သံချောင်းပဲကွေးသွားမယ် ကျောက်တုံးက နေရာဖယ်မပေးဘူး I'm sorry ပဲ .. ။ သွေးကြောင်ရင် ဘေးရှောင် သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲ အဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား .. ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစား ကိုယ့်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေး မညှာတမ်းတွေး အားမနာတမ်းတွေး ။ ကိုယ့်ကိုကိုယ် ညှာတွေးနေသရွေ့ ကိုယ့် အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူး ။ အားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူး ။ ပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံး မတိုးတက်ဘူး ။ အဲ့ဒါ မင်းတို့ ပုံသေယုံ .. ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ် ။ အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူး ။ ကိုယ့်အမိန့်ကို ကိုယ်လိုက် နာနိုင်ရမယ် ။ လူတွေက သူများအမိန့်ပဲ ကျိုးနွံတာ ကိုယ့်အမိန့် ကို ကျိုးနွံနိုင်တဲ့သူရှားတယ် ။

သေခါနီး ရုပ်နာမ်ချုပ်ပုံ

Image
   လူတစ်ယောက် သေခါနီးလို့ ပက်လက် ဖြစ်နေပြီ ဆိုပါတော့ ... သေခါနီးမှာ ဝါယောဓါတ်များ အားလျော့ ချုပ်လာပြီ ဖြစ်တဲ့အတွက် လူနာဟာ လှုပ်ချင်တိုင်း လှုပ်လို့ မရတော့ပါ။  ခေါင်း ခြေ လက် စသည်တို့ကို ကြိုးများနဲ့ တုပ်ထားသလို ဖြစ်နေ ပါတယ် ။ လှုပ်ချင်၍ လှုပ်လို့မရပါ။ ပြောချင်ပေမဲ့ ပြောလို့ မရ တော့ပါ။ ဒါကြောင့် မိမိတို့ ပါးစပ်နဲ့ လက်ကို ပိုင်ပိုင်နိုင်နိုင် လှုပ်နိုင်တုန်းပါးစပ် မှ ဘုရားစာများ၊ တရားစာများကို များများရွတ်ဖတ်နေဖို့ အရေး ကြီးပါတယ်။  ကိုယ့် လက်ကို ကိုယ်ပိုင်နေတုန်း မကြာမကြာ လက်အုပ်လေး တချီချီနဲ့ ဘုရားရှိခိုးဖို့ အရေးကြီးပါတယ်။ သေခါနီးကျမှ ဘေးလူက လက်နှစ်ဖက် ကိုင်ပေးပြီး လက်ယှက် ရှိခိုးခိုင်းရတဲ့ ဘဝမျိုးကို အဖြစ် မခံဘို့လိုပါတယ် ။ နေကောင်းနေစဉ် ကိုယ့် ပါးစပ်ကလေးနဲ့ ဂုဏ်တော်ပွါး မေတ္တာပို့၊ ပရိတ်၊ ပဌာန်း စသည်တွေကို နေ့စဉ် များများရွတ်ဖို့ သတိရှိ ရ ပါ မယ်။ သေခါနီးကျမှ ဟိုလူရွတ်သံ ဒီလူရွတ်သံ နာခံရတဲ့ကျေနပ် ရတဲ့ ဘဝမျိုး မရောက်အောင် ကြိုးစားရပါမယ် ။ ဒါကြောင့် ကိုယ့်ပါးစပ် နဲ့ ကိုယ့်လက်နဲ့ ကုသိုလ်တွေ အများကြီး ရအောင် ယူသွားကြပါလို့ တိုက်တွန်းပါတယ်။ တန်ဖိုးရှိစွာအသုံးချပါ။ သေခါနီး ပက်လက်ဖြစ်နေတဲ့ လူ

ဈာန်မဂ် ဆိုတာ

Image
  ဈာန် ဈာန်ရထားတဲ့သူတွေကကောင်းကင်ကလည်း ပျံနိင်တယ်။ ရေပြင်ပေါ်ကလည်း ဖြတ်နိုင်တယ်။ ရာသီဥတု ဆိုးဆိုးဝါးဝါးရှိလည်း အန္ထရာယ်မဖြစ်ဘူး။ လေယာဉ်တွေကမှ တစ်နာရီကို မိုင် ၅၀၀/၁၀၀၀ အလွန်ဆုံးဘဲ။ ဈာန် နည်းပညာရထားတဲ့သူက တစ်နာရီကို မိုင်တစ်သောင်း ဆိုလည်းဟုတ်တယ်။ နှစ်သောင်းဆိုလည်းဟုတ်တယ်။  ကိုယ်သွားချင်တဲ့နေရာကို စိတ်နဲ့မှန်းလိုက်ရုံနဲ့ ရောက်တယ်။ ဈာန်အင်္ဂါ ငါးပါးအကြောင်း ရှင်းပြမယ် ဈာန်ရချင်ရင် ကမ္မဋ္ဌာန်းထိုင်ရတယ်။ အများဆုံးသုံးတာက အာနာပါန ပေါ့။ ဝင်လေထွက်လေကို သတိလေးနဲ့ မှတ်နေတာ။ စိတ်ကိုနှာသီးဖျားမှာ ထားပြီး စူးစူးစိုက်စိုက်နဲ့ မှတ်ရတာ။

ခရီးသွားသင့်​-မသွားသင့်​ တွက်​နည်း

Image
   ခရီးသွားလို |ထိုရပ်​ဂြိုဟ်​နှင့်​ |  သက်​ကို​နှောထား ရှစ်​ခုစားမှု  |ကြွင်းမှုဧက |ရာဇပူ​ဇော်​|ဒွေး​သော်​ဆင်းရဲ| ​အောင်​ပွဲ တြိန်း|ချမ်းငြိမ်းစတု| ငါးခုလာဘ်​ရ |ဆ-ကားဖျားနာ| သတ္တ သူခိုး |သုန်းမူတစ်​ဖန်​ |အိမ်​မပြန်​တည့်​။ 🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁 ခရီသွားလိုပါက ထိုသွားလို​သောအရပ်​ရှိ ဂြိုဟ်​သက်ဖြင့်​   မိမိ လက်​ရှိ အသက်​အား ​ပေါင်းပါ။ ပြီးလျှင်​ ၈-ဖြင့်​စားပါ။ ၁ အကြွင်းရရှိပါက မင်းစိုးရာဇာများ အထက်​လူကြီးများ ပူ ​ဇော်​ခံရမည်​။ ၂ အကြွင်းရရှိပါက ဆင်းရဲဒုက္ခကြုံ​တွေ့ရမည်​။ ဆုံးရှုံးမည်​။ ၃ အကြွင်းရရှိပါက မိမိလိုရာခရီး​ရောက်​မည်​။ ​ပျော်​ရွှင်​ချမ်း ​မြေ့ရမည်​။ ၄ အကြွင်းရရှိပါက စိတ်​ချမ်းသာရမည်​။ဂုဏ်​သတင်း​မွှေး ပျံ့မည်​။ ၅ အကြွင်းရရှိပါက လာဘ်​လာဘ​ပေါများမည်​။ လက်​​ဆောင်​  ပစ္စည်းများစွာရရှိမည်​။ ၆ အကြွင်းရရှိပါက ​နေမ​ကောင်းဖြစ်​မည်​။ ​ရောဂါရလာမည်​။ ၇ အကြွင်းရရှိပါက ပစ္စည်း​ပျောက်​မည်​။ သူခိုး အခိုးခံရမည်​။ ၀ အကြွင်းရရှိပါက ထိုသွား​သောအရပ်​၌ ​သေတတ်​သည်​။  (သို့မဟုတ်​) ခရီးကြံ့ကြာမည်​။

တစ်လောကလုံးသည် အကြောင်း နှင့် အကျိုးသာဖြစ်၏။

Image
  နိဗ္ဗာန်သည် အနတ္တ ဖြစ်၏။ နိဗ္ဗာန်သည် ကာလမှ လွတ်၏။ သဗ္ဗေ ဓမ္မာ အနတ္တာတွင် နိဗ္ဗာန်ပါဝင်၏။ နိဗ္ဗာန်သည် ကာလသုံးပါးမှလွတ်၏။ နိဗ္ဗာန်သည် အတိတ်တရား မဟုတ်။ နိဗ္ဗာန်သည် အနာဂတ်တရား မဟုတ်။ နိဗ္ဗာန်သည် ပစ္စုပ္ပန်တရား မဟုတ်။ နိဗ္ဗာန်သည် ကာလဝိမုတ္တတရား ဖြစ်၏။ နိဗ္ဗာန်သည် သင်္ခတတရား မဟုတ်။ နိဗ္ဗာန်သည် အသင်္ခတ ဖြစ်၏။ နိဗ္ဗာန်သည် သင်္ခါရမှ အလွတ် ဖြစ်၏။ ကာလဆိုသည်လည်း ပညတ်မျှသာ ဖြစ်၏။ ဖြစ်နေ တည်နေ ပျက်နေသော အရာများ ရှိမနေလျှင်၊ အဖြစ်အပျက်တို့ ရှိမနေလျှင် ကာလဟူသော အချိန်လည်း မရှိတော့။ ဖြစ်နေ တည်နေ ပျက်နေသော အရာများ ရှိမနေလျှင်၊ အဖြစ်အပျက်တို့ ရှိမနေလျှင် ဒေသဟူသော နေရာလည်း မရှိတော့။ Time and Space တို့သည် ဆိုင်ရြာ ဖစ်မှု ပျက်မှုတို့ မရှိလျှင် time လည်း မရှိ၊ space လည်း မရှိ။ Time and space မရှိသော အခြေအနေ ရှိသလားဟု သုံးသပ် သော အခါလောကီဟုဆိုအပ်သော  လောကတွင် ဘယ်သော အခါ မှ ထိုအခြေအနေမျိုး ရှိမည် မဟုတ်ပါ။ နိဗ္ဗာန်မှာမူ အချိန်မရှိ အချိန်မဖြစ်၊ နေရာမရှိ နေရာမဖြစ်၊ time and space မရှိ။ နိဗ္ဗာန်သည် သိမ်မွေ့၏။ သိနိုင်ခဲ၏။မြင်နိုင်ခဲ၏။ တွေ့ရန် အလွန် ခက်ခဲ၏။ ပညာရှိတို့၏ အရာသာ ဖြစ်၏။

မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ

Image
  တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ. . နံပါတ် (၈) သမား... တစ်ကယ်လို့..မင်းဟာ..လတွေရဲ့.  9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား... Do You Believe in #Numero

တရားထိုင်တဲ့အခါ တွေ့ရှိတဲ့ အလင်းနိမိတ်ကို သိပ္ပံနည်းကျ လေ့လာခြင်း

Image
  လူရဲ့ ဦးနှောက် ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့   ၂ % ပဲရှိပါတယ်။ ဒါပေမယ့် ဦးနှောက် ရဲ့ Energy သုံးစွဲမှုက ခန္ဓာကိုယ်တစ်ခုလုံးရဲ့   ၂၀ ရာခိုင်နှုန်း သုံးပါတယ်။ ကျွန်တော်တို့ အချိန်တိုင်းလိုလို လောဘ ၊ ဒေါသ ၊ မောဟ တွေ နဲ့ တွေးနေကြတယ်။ စားရင်လည်း ဦးနှောက် က တွေးနေ တယ်။  ရေချိုး လည်းတွေး နေတယ်။ အိပ်နေတဲ့ အချိန် တောင် အလုပ် လုပ်နေရပါတယ်။ တရားထိုင်တဲ့ အချိန် ၊ စိတ် တည်ငြိမ် လာတဲ့ အချိန် ၊ ဦးနှောက် က Noise တွေ (လောဘ၊ ဒေါသ၊ မောဟ) လျော့ကျလာပါတယ်။  ဦးနှောက် က Energy (စွမ်းအင်) တွေ ပိုလာပါတယ်။ ပိုလာတဲ့ Energy တွေ ကို အလင်း အနေ နဲ့ ထုတ်လွှတ်ပါတယ်။ အဲဒီ အလင်း က Low frequency wave ဖြစ်တဲ့အတွက် သာမန် မျက်စိ နဲ့ မမြင်နိုင်ပါဘူး။ သမာဓိ ရ နေတဲ့ ဉာဏ် မျက်စိ နဲ့ မှ မြင် ရတာပါ။ (လူ့မျက်လုံးက wave length 380 နဲံ 740nm ကြားမှာရှိတဲ့ အလင်း ကိုပဲ မြင်ရပါတယ်)

အသက်ထွက်ခါ နီး ကြားစိတ် အရေးအကြီးဆုံး

Image
  အဆုံးထိဖတ်ပါ ကောင်းလွန်းလို့ သေခြင်းတရားသည် ရိုးမလိုနှင့် အလွန်ဆန်း၏။ ဆန်းသော အရာ ဟူသမျှသည် တစ်ချိန်ချိန်၌ ရိုးသွားစမြဲပင်။ ရိုးသော အရာ ဟူသမျှသည်လည်း ပြန်လည် ဆန်းသစ်လာရစမြဲဖြစ်ပေ၏။ သေခြင်းတရားကို သတ္တဝါတိုင်း ကြုံတွေ့ကြရမည့်အရာဖြစ်၏။ မရဏသန္န လို့ခေါ်သည့် ဘဝပြောင်းကာနီး ရောက်လာသည့် အချိန်မှာတော့ စိတ်ဓာတ် စွမ်းအားတွေဟာ အားလျော့လာပေ၏။ ယင်းကို ``မိန်းမောတယ်´´ ` မျောနေတယ်´´    ဟူ၍လည်းခေါ်ကြပါ၏။ ဒီလို အချိန်မျိုး၌ ဘာနဲ့တူသလဲ ဆိုလျှင် ရေနစ်ချိန်၊ အမြင့်က လိမ့် ကျချိန်၊ အထိတ်တလန့်ဖြစ်ချိန် များနှင့် အလားတူတယ်လို့ဆိုပေ ၏။ ယင်းအချိန်၌ ဆိုလျှင် ဇောက (၇) ကြိမ် မဖြစ်တော့ပေ။ (၅) ကြိမ် ဘဲ ဖြစ်တော့သည်ဟု ဆိုပါ၏။ ထွက်သက်၏ နောက်ဆုံးအချိန်၌ ကံတွေကိုလည်း စနစ်တစ်ကျ သုံးသပ်ဆင်ခြင်ပြီး ပြုလုပ်နိုင်စွမ်းလည်း မရှိတော့ပေ။ { တရားအခံ မရှိလျှင်တော့ ပျာနေပြီ လို့ပြောရမှာပေါ့ } ကိုယ်အလေ့အကျင့် သန်ခဲ့သည့် ကံတွေကဘဲနေရာယူပြီး အာသန္နကံ သဖွယ် ထင်လာမြင်လာတတ်ကြပါ၏။ ဥပမာ - လူတစ်ယောက်သည် ထိန့်လန့်တစ်ကြား ဖြစ်သည့် အခါ၌ ငါ့ ပါးစပ် ကနေ ဘယ်လို စကားမျိုးပြောမယ်လို့ စဉ်းစားချိန် မရ လိုက်ဘဲ ပါးစပ်၏ အကျင့်သန်ရာ အတိုင်းဘဲ ယောင်ယမ်းအော် တ

ဗုဒ္ဓ နည်းကျ ခေတ်မှီ စီမံခန့်ခွဲမှု

Image
   ဗုဒ္ဓနည်းကျ ခေတ်မှီစီမံခန့်ခွဲမှု     Buddha ways of Management. ဘာသာရေးဟု ဆိုသည်နှင့် နိဗ္ဗာန်ရောက်ကြောင်းကိုသာတွေး မိပြီး ခေတ်နှင့် လုံးဝမဆိုင်ဟု အရွယ်အတော် ရသည် အထိ ဘမောင်အတွေးထဲ ကြီးစိုးခဲ့သည် ။ တက်တက်စင်အောင်လွဲသည် ဗုဒ္ဓ အဆုံးအမများသည် လောကုတ္တရာ သက်သက်ကိုသာမက လောကီချမ်းသာ ရရှိမှု ကို မည်သို့ စီမံခန့်ခွဲရမည် ဆိုသည်အထိ ကျယ်ပြန့်ပါသည်၊  ခေတ်ပေါ်ထက် သာလွန်        Far ahead of modern management. ယနေ့ ရေပန်းစားနေသော ကျင့်ဝတ် Ethic ကို လွန်ခဲ့သော နှစ် (၂၆၀၀) ခန်ထဲက ဗုဒ္ဓက တင်ကြို သတိပေး ဟောထား ခဲ့ပြီးဖြစ် သည် ။ * ဗုဒ္ဓဟောကြားချက်ဖက်မှ သာလွန်သည်က တစ်ဘဝစာ မဟုတ်ပဲ သံသရာအထိသက်ရောက်မှု ရှိခြင်း * သိပ္ပံနှင့် ခေတ်သစ်စီမံခန့်ခွဲမှုတို့ပင် သတိမမူမိသေးသော "ကံ " တဖန်ပြန်လည်  မွေးမြူခြင်းတို့ဖြစ်သည်။တိုးတက်မှု Growth ထက်လွန်သော ဖွံ့ဖြိုးမှု့ Development ကို ဗုဒ္ဓက ပို၍ အလေးထားသည် ။ ကျင့်ဝတ်ကို စောင့်ထိမ်းရန် လိုသည်ဟု ဆိုရာမှာ ခေတ်သစ် စီမံ ခန့်ခွဲမှု၏ စောင့်ထိမ်းမှုမျိုး မဟုတ် သံသရာပါ အကျိုးပေးစေမည့် စောင့်ထိမ်းမှုမျိုး ၊ ဆိုသည်ကို ထဲထဲဝင်ဝင် လေ့လာလေ တွေ့ ရလေဖြစ်သည်။ အခြေခံ အကျဆုံးသဘောတရား   The most b

ပေါင်ပေါ်တင်ပြီး laptop သုံးခြင်းက အန္တရာယ်ကင်းပါရဲ့လား

Image
  လိုရာ သယ်ဆောင်သွားနိုင်ပြီး အင်တာနက် မိတဲ့နေရာတိုင်းက သင့်ရဲ့ ရုံးခန်း ၊ စာသင်ခန်း ၊ အပန်းဖြေစခန်း တစ်ခုဖြစ်စေနိုင်တဲ့ ဒီနေ့ ခေတ်မှာ laptop တစ်လုံးက ကိုယ့် အတွက် ဘက်စုံသုံး ပစ္စည်းတစ်ခုလို ဖြစ်လာနေပါပြီ။  သင့်မှာ laptop တစ်လုံး ရှိမယ်ဆိုရင် အချိန်နေရာ ရွေးနေစရာ မလိုပဲ ပေါင်ပေါ်တင်ပြီး လွယ်လွယ်ကူကူနဲ့ အကြိမ်များစွာ သုံးမိ မှာ အမှန်ပါပဲ။ ဒီလို အသုံးပြုခြင်းက အန္တရာယ် ရှိစေနိုင်မလားလို့ သင်တွေးမိဖူးတယ် ဆိုရင် မှန်ပါတယ်လို့ ဆိုနိုင်ပါတယ်။ laptop ကြောင့် အရေပြား မီးကင်ရောဂါ (toasted skin syndrome) လို့ခေါ်တဲ့ ရောဂါ တစ်မျိုး ဖြစ်စေပါတယ်။ ကွန်ပျူတာ ကထွက်တဲ့ အပူနဲ့ ကြာရှည် ထိတွေ့မှုကြောင့် အရေပြား အရောင် ပျောက်သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။  သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အပူချိန် ၁၀၉.၄ ကနေ ၁၁၆.၆ ကြားရှိရင် လောင်ကျွမ်းမှု တစ်ခု ဖြစ်စေနိုင်ပါတယ်တဲ့။ ဒါ့ကြောင့် ကွန်ပျူတာက ထွက်တဲ့ အပူချိန်က ၁၁၂.၂ ရှိတဲ့ အတွက် အရေပြား မီးကင်ရောဂါ ခံစားရနိုင်ဖို့ အလားအလာ များပါတယ်။  နောက်ထပ် အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်မျိုးကတော့ အရေပြား ကင်ဆာ ဖြစ်ပါတယ်။ ပူနေတဲ့ laptop တစ်လုံးက ကင်ဆာ ဖြစ်စေနိုင်ရုံမက အရေပြားကိုလည်း ပျက်စီးစေပ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

Image
  လူတော်တော်များများက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေး ကို တည်ဆောက်လိုကြပါတယ်။  လူကြီးတွေပြောတာတော့ မိန်းကလေးတွေဆို ၂၅လောက် အိမ်ထောင်ပြု ရင် ကလေးယူမှာနဲ့ဆို အနေတော်ပဲတဲ့။ ယောက်ျားလေးတွေ ကတော့ အရွယ်တင်တော့ ၃ဝလောက်မှ ယူလည်းအဆင်ပြေတာပေါ့။  တစ်ချို့တွေ ကျတော့လည်း အိမ်ထောင်ပြုရမှာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားကြပါတယ် ။ အိမ်ထောင်ရေး ကံကောင်းပါ့မလားလို့ ဆိုပြီးတွေးကြောက်နေတာမျိးပေါ့။  ဒါဆို သင့် လက္ခဏာကပြောပြနေတဲ့ သင့်ရဲ့ အိမ်ထောင်ရေး လမ်းကြောင်း ကောင်း၊ မကောင်းကိုကြည့်လိုက်ကြရအောင် .. ! ( ၁.) လက်ဖဝါး ယှဉ်ကြည့်တဲ့အခါ တူနေရင် ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက် ကပ်လိုက်ရင် ပစောက် ပုံစံပေါ်ပြီး လက်သန်းကြွယ် နဲ့ လက်သန်း အရစ်လေးတွေ တစ် တန်းတည်းဖြစ်နေမယ်ဆို သင်ဟာ ဦးဆောင်စီမံနိုင် သူဖြစ်ပါ တယ်။  သင့် ဘဝကိုလည်း နည်းစနစ်ကျစွာ ဖြတ်သန်းပြီး ဥာဏ် ရည် အလွန်မြင့်မားပါတယ်။ သင့် ဘဝနဲ့ရော၊ သင့် စိတ်နဲ့ပါ ထပ် တူကျမယ့် လူမျိုးနဲ့ ဖူးစာဆုံမှာဖြစ်ပြီး အသေးဖွဲ့ ပြဿနာလေးတွေ တော့ရှိပေမယ့် သာယာတဲ့ အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်နိုင် မှာဖြစ်ပါတယ်။ ( ၂.) ညာဘက်လက် အရစ်ပိုမြင့်နေရင် ညာဘက် လက်က အရစ် ပိုမြင့်နေတဲ့

အမျိုးသမီးတွေကို မျိုးပွားနိုင်မှု တိုးမြှင်ပေးမယ့် သစ်သီးဖျော်ရည်

Image
အကယ်၍ သင်ဟာ ကလေးယူဖို့ ကြိုးစားနေသူ တစ်ယောက်ဖြစ် ပါက ကိုယ်ဝန်မယူခင် လအနည်းငယ် မျိုးပွားနိုင်မှုတိုးမြင့်ပေးမယ့် အစားအသောက်တွေ သုံးဆောင်သင့်ပါတယ်။ မိမိ ခန္ဓာကိုယ်အတွင်း အကောင်းဆုံး ဝန်းကျင် ဖန်တီးတဲ့အခါ ကိုယ်ဝန် ပိုရလွယ်နိုင်ပါတယ်။ ဟောဒီ သစ်သီးဖျော်ရည် (smoothie) က မျိုးပွားနိုင်စွမ်း တိုးမြင့်ပေးတယ်လို့ ဆိုပါတယ်။  စပြီး မသောက်မီ ဖျော်ရည်မှာ အသုံးပြုမယ့် ပါဝင်ပစ္စည်းအားလုံး မိမိ ကျန်းမာရေးနဲ့ တည့်မတည့် သေချာစေဖို့ ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပါ။ အဆင့် (၁) ဟင်းနုနွယ် ကဲ့သို့ ဟင်းသီးဟင်းရွက်စိမ်း တစ်ခုခု သစ်သီးဖျော် စက်ထဲ ထည့်ပါ။ အရင်ဦးဆုံး အရွက်တွေကို ဆေးကြောသန့်စင် ပေးရပါမယ်။ ဟင်းနုနွယ်ရွက်ဖျော်ရည် (၁) ခွက်ဆိုရင် လုံလောက် ပါတယ်။ အဆင့် (၂) တစ်ကယ်လို့ သင့်ဆရာဝန်က ပရိုတိန်းမှုန့် သုံးခွင့်ပြုပါက ထည့် သုံး ပါ။ သွေးတွင်း သကြားဓာတ် ပမာဏ ဝရုန်းသုံးကား မဖြစ်အောင် လို့ပါ။

အိပ်မက် မြင်မက်သူများ ဘာမြင်မက်ရင် ဘာဖြစ်မယ်ဆိုတာသိနိုင်ဖို့

Image
  [ က ] နှင့် ပတ်သက်သော အိပ်မက်များ ၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့။ ၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့။ ၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။ ၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။ ၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။ ၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့။ ၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။ ၈။ ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ြကီးစွာ တွေ့ရအံ့။ ၉။ ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။ ၁၀။ ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။ ၁၁။ ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။ ၁၂။ ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့။ ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။ ၁၃။ ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။ ၁၄။ ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်းရအံ့။ ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။ ကိုယ်ရောင်တောက်ပသည်ဟု မြင်

အာနာပါန ကျင့်စဉ် လမ်းညွှန်နိဒါန်း

Image
အာနာပါနကို အားထုတ်ရာ၌ အရေးတစ်ကြီး လိုက်နာရမည့် စည်းကမ်းချက်များကို သိထားဖို့လိုသည် ။ ၁။ အရှည် ၂။ အတို ၃။ အစ-အလယ်-အဆုံး = အကုန်လုံး ၄။ ငြိမ်းအောင်ကျင့်ခြင်း = သိမ်မွေ့အောင်,  ငြိမ်းအောင် = ချုပ်အောင် ကျင့်ခြင်း ဤသို့ အဆင့် (၄) ဆင့်ရှိရာ ၀င်လေ-ထွက်လေ အာရုံ၌ ဘာဝနာ စိတ်ကို ငြိမ် ၀ပ်စွာ ကပ်တည်နေအောင် ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်   နှုတ်ခမ်း တစ်နေရာမှ စောင့်၍ လေ ဟူသည့် = (၀င်လေ - ထွက်လေ ဟူ  သည့်) ပညတ် အာရုံအတုံးအခဲ ၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ တည်နေ  အောင် စိုက်ရှုနိုင်သောအခါ --- ၁။ အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ။ ၂။ အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်  ထင် ရှားရှား သိအောင် ၀င်လေ-ထွက်လေကို ဆက်၍ ရှုရ၏။ ၃။ ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ် အသက်ရှူမြန်အောင်, တစ်နည်း - ရှည်အောင်, တိုအောင် သက်သက် မပြု ပြင်ဘဲ သဘာဝအတိုင်း ပုံမှန်သာ အသက်ရှူနေပါ။ ၄။ ထိုသို့ရှုရာ၌ - ဆိုလိုရင်း --- ၀င်သက်လေ-ထွက်သက်လေ ထိမှုထင်ရှား ရာ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်း အရပ်ကသာ စောင့်၍ ၀င်လေ- ထွက်လေကို သတိကပ်၍ ပွားများ အ

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ

Image
'' အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို  ဝင်ရင် ဘုန်းနိမ့်ပါသလား ဘုရား" ''နိမ့်တယ် ထင်ရင် နိမ့်ပါတယ် ၊  မနိမ့်ဘူး ထင်ရင် မနိမ့်ပါဘူး '' ။ ဘာကြောင့်လဲ ဆိုတော့ ထဘီကြောင့်  နိမ့်တာမဟုတ်ဘဲ ''ထင်'' ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ် လို့ ထင်တာပါ... ။ ပိတ်စ တစ်ခုပဲဖြစ်တဲ့ ထဘီ လို  နူးညံ့တဲ့ ပိတ်စတစ်ခုဟာ သင့်ကို  ဘယ်လို များ ဒုက္ခရောက်စေမလဲ။  ဘုန်းနိမ့်တယ် ဆိုတာက  သင် ထင်သလို မဟုတ်ပြန်ဘူး။ ''ဘုန်းနိမ့်ပြီဟဲ့''ဆိုတဲ့  သင့်ရဲ့ ခံစားချက်ဟာ  negative feeling ဘက်ကို ရောက်သွားတယ်။ စိတ်အလိုမကျဖြစ်စေတယ်...  စိတ်ကိုနောက်ကျိစေတယ် ၊  အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ  အရည်အသွေး ကျဆင်းခြင်း ၊  စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ'' ''ဒါဆို အရှင်ဘုရားအနေနဲ့  ဝင်ခဲ့မိရင်ရော နိမ့်မှာလား'' ''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်  ဝင်ဖို့တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့  ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့   မယူဆပါဘူး။  ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့  သီလ သမာဓိ ပညာ ဟာ  ဒီ ထဘီ တန်းကြောင့် ကျဆင်းစရာ မရှိပါဘူး ''

ဇမ္ဗူ့သပြေပင်

Image
ဇမ္ဗူ့သပြေပင်သည်  ဇမ္ဗူဒိပ် ကျွန်းဦးတွင်  ပေါက်သော ကမ္ဘာဦး  သစ်ပင်ကြီး  ဖြစ်သည်။ တစ်ကမ္ဘာပတ်လုံး တည်နေနိုင်သည့်  သစ်ပင်ကြီး ခုနစ်ပင်တွင်  ပါဝင်သော  သစ်ပင်ကြီး ဖြစ်သည်ဟု  အင်္ဂုတ္တိုရ် အဋ္ဌကထာ၊  သာရတ္ထသင်္ဂဟ အဋ္ဌကထာ တို့တွင်လာသည်။ ထို ကျမ်းဂန်လာ စကားအရ  ဇမ္ဗူ့သပြေပင် ၏ အမြင့် အစောက်မှာ  ယူဇနာ ၁ဝဝ၊ ပင်စည် လုံးပတ်  ယူဇနာ ၃ဝ ရှိ သည်ဟူ၏။ ခက်မ ငါးဖြာ ရှိ၍၊  အကိုင်းအခက် ငယ်ပေါင်းမှာ  ရှစ်သောင်းရှိသည်။ အလွန် ထူထပ်သော အရွက်၊  စိပ်သော အရွက် ရှိသည်ဖြစ်၍၊  မိုးပေါက်  ဆီးနှင်းပေါက် တို့သည်  အတွင်းမဖောက် နိုင်ချေ  ဟူ၍ လည်းဆိုသည်။ ဇမ္ဗူ့သပြေပင် ၏ အသီးတို့သည်  လူတို့တီးသော မရိုးစည်မျှ  လောက်ရှိ ကုန်၏။ ပတ္တမြားညို အဆင်းရှိ၍  ပျားလပို့ အရသာ ကဲ့သို့ လွန်စွာချိုမြိန်  ကောင်းမြတ်သော အရသာ ရှိကုန်သည်။ ထိုအသီးတို့ကို ဆင်ပမာဏ ရှိသော  ငှက်ကြီးတို့သည် ဆွတ်ယူ  သုံးဆောင် ကုန်၏။ တန်ခိုးကြီးသော  ရသေ့ ရဟန်း တို့သည်၎င်း၊  ဇော်ဂျီ တပသီ တို့သည်၎င်း ဆွတ်ယူ သုံးဆောင်ကုန်၏။ အရှေ့မျက်နှာ၊ အနောက်မျက်နှာ၊  တောင်မျက်နှာတို့သို့ ထွက်သော အကိုင်းအခက် တို့မှသီးသော  အသီးတို့သည် ဇမ္ဗူဒိပ် ကျွန်း အပြင်သို့ ကျ ကုန်၏။

ဇမ္ဗူရာဇ် ရွှေ

Image
ဇမ္ဗူရာဇ်ရွှေသည်  ဇမ္ဗူ့သပြေသီးမှ ဖြစ်သော  ရွှေဖြစ်သည် ဟု ကျမ်းဂန် တို့  တွင်ဆို၏ ။  ယင်းကို ဇမ္ဗူနဒရွှေ ဟု ပြသည်။ လူတို့ သုံးဆောင်ကြသော  ရွှေမှာ အဘိဓာန်ဋီကာ၊  အင်္ဂုတ္တိုရ် စသည့်ကျမ်းတို့ အလိုအားဖြင့် အမျိုးမျိုး အပြားပြား ရှိကြရာ၊  ဇမ္ဗူရာဇ်ရွှေသည် အကောင်းဆုံး ရွှေ တစ်မျိုးဖြစ်၏။ ဤသည်ကို ရည်လျက်၊ ဦးတိုးက  ရာမရကန်တွင်  'ရွှေနာရနီ၊  သိင်္ဂီနိက္ခ၊ ဟေမစာရု၊ ဝေလုရိယာ၊ နာလာမုတ္တာ၊ အဉ္စနာနှင့် နာရကာ၊ နာရဝေါ၊ သီးသန့်၍ပြောလွန်းလျှင်၊ ကြောမစင်းတန်၊ ကြောစင်းပြန်မည်ကြောင့်၊ ဝေဖန်ခြားနား၊ ခေါင်းစဉ်လို့သွား ရော့မည်။ နဂါးရင်းမြစ်၊ မြေကဖြစ်နှင့်၊ ရွှေနှစ်ဇော်ဂျီ၊ နင်းခွက် ကျစီခဲ့သည်။ လောဟီတွင်းစံ၊ နီဖလံကို၊ ဟန်တမ်းခွန်ထူ၊ ပြိုင်ရည်တူသော်လည်း၊ ရွှေဇမ္ဗူရာဇ်၊ ပင်ကြီးဖြစ်ကို၊ ဦးသစ် ရောင်မှိုင်း၊ ရွှေမြင်တိုင်းတို့၊ မင်းတိုင်မှာ ဆုံရမည်ဖြစ်သည်'  ဟူ၍ ဇမ္ဗူရာဇ်ရွှေကို ချီးကျူး ဖွဲ့ဆိုထားသည်။ သာရတ္ထသင်္ဂဟကျမ်း၊  မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသအဋ္ဌ ကထာ၊  တိကနိပါတ်၊ အင်္ဂုတ္တရဋီကာကြီးနှင့်  အဘိဓာန်တို့ အလို အရ  ဇမ္ဗူဒီပါတောင်ကျွန်းဦးတွင်သာ  ပေါက်သော ဇမ္ဗူ့သပြေ ပင်တွင်  ဆင်ပြောင်ကြီး ပမာဏ၊  အိုးစရည်းကြီး ပမာဏရှိကုန် သေ

အိမ်​ နှင့် လောကီပညာ

Image
အိမ်​တစ်​အိမ်​ ​ဆောက်​ရင်​ ... အဓိက ၃ ချက်​ ရှိတယ်​ ။ အိမ်​ ပနက်​ အိမ်​ ဦးရင်​တိုင်​ ​လှေကား အဲ့ဒါ အဓိက ဘဲ။ မ​ဆောက်​​ကောင်း​သော အိမ်​ အိမ်​ပျံ အိမ်​ရင်​ကွဲ အိမ်​ပလ္လင်​ အိမ်​ဖိုခ​နောက်​ အိမ်​နွား အိမ်​ပတ္တလား ​ကျောင်းနှင့်​ တူ​သောအိမ်​ မ​ဆောက်​​ကောင်းပါ ။ ရင်​ကွဲ အိမ်​ (ကွဲ...​သေ) ဝါး​ခေါင်းထိုးဆက်​​သောအိမ်​ (ရန်​ဖြစ်​) သစ်​ဆက်​ဝါးဆက်​ ဆက်​​သောအိမ်​ (ရန်​ဖြစ်​) အဲ့ဒီ အိမ်​​တွေမှာ ထုပ်​​ယောက်​ မိုက်​ဖွဲ့ပြီး ၃ နဲ့ စားလို့ ပြတ်ရင်​ ၃ လ အတွင်း လူ​သေဖို့  ၁ ၀၀% ပါ ။ အိမ်​ ပတ္တလား နဲ့ အိမ်​နွား က ဆင်းရဲရုံဘဲ ရှိတယ်​ လူမခိုက်​ပါ ။ အိမ်​မှာ သစ်​စုံန်းပါရင်​ သစ်​မင်း စိုက်​ထားပါ။ အိမ်​ထက်​ အိမ်​သာ မ​ကောင်း​စေသင့်​ အိမ်​အရင်​ အိမ်​သာ မ​ဆောက်​​ကောင်း ခြံစည်းရိုး မရှိဘဲ အိမ်​မတည်​သင့်​ပါ။ အိမ်​တိုင်​​တွေကို ကြေးပြားမှာ စည်းချ ဂါထာ ​ရေးပြီး အောက်​က ခံရင်​ ကြီးပွားတိုးတက်​​စေပါတယ်​ ။ မီးမခနိုင်​ ဧည့်​သည်​ ​ကောင်းများလာ​စေတတ် ။ လောင်​မီးစက်​ မခ နိုင်​ ။ မိစ္ဆာ များမ​နေနိုင်​ပါ။

မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများ

Image
မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများကို တင်ပြပေး လိုက် ရပါတယ်။ အောက်ပါ အဟောများတွင် ယောင်္ကျားလေးများအတွက် "ကျား"ဟုရေးထားပေးပြီး မိန်းကလေးများ အတွက် " မ " ဟု ရေးပေးထားမှာ ဖြစ်ပါတယ် ။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဟောများကို ဖတ်ကြည့်ရုံပါပဲ ။ ကျွန်တော့်အနေနဲ့ တစ်ခုပြောချင်တာကတော့ ယခုဟောချက်များသည် ရေဘူယျဟောချက်များဖြစ်ပါသဖြင့် ဒီအကြွင်း ဇာတာရှင်ကတော့ ဒီလိုတစ်ထစ်ချ ဖြစ်ရမယ်လို့ မဆိုလိုပါ ။ ခိုင်နှုန်းအားဖြင့် လူ ၁၀၀ မှာ ၈၀% ဖြစ်ကြရတတ်တယ် လို့ ဆိုလိုရင်းသာဖြစ်ပါ တယ် ။ ထို့ကြောင့် တစ်သက်တာ အိမ်ထောင်ရေး ကံဇာတာ တွက်ချက်နည်းလေးနဲ့ အဟောတွေကို အောက်တွင် ရှု့စားလိုက်ကြရအောင်ပါ ။  တွက်နည်း မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁ (ကျား)ဆိုသော အဟောကို ဖတ်ကြည့်ရုံပါ ။ အကြွင်း ၁ ရသော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။ ထို့နည်းတူ ကျန်သော အကြွင်းများကိုလည်း မိမိ ၏ ကျရောက်လာသော သက်ဆိုင်ရာ အကြွင်းများ အတိုင်းလေ့လာနိုင်ပါသည်။ ထို့ကြောင့် အောက်တွင် သက်ဆိုင်ရာ အဟောများကို စတင်၍ လေ

မြန်မာတွေ ဘာကြောင့် ဆိုင်ပြုတ်သလဲ .. ?

Image
လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်း  လုပ်ကြတယ်။ လေး ငါးနှစ်ကြာတဲ့အခါ… ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တယ်။ လုပ်ငန်း အထိုင်ကျလို့ ဆယ့်ငါးနှစ်လောက်ကြာရင်  ဆိုင်ခွဲ အနည်းဆုံး သုံးခုဖြစ်သွားပြီ။ မြန်မာဆိုင် နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင်ဟာ သိပ်မကြာခင် ပြုတ်ပြီး ပြေးရပြီ။ ကျွန်တော်ဟာ… လွန်ခဲ့သော နှစ်သုံးဆယ်လောက်က  အရောင်းအဝယ် ကောင်းတဲ့ ဆိုင်တစ်ဆိုင် မှာ  ပညာသင် အလုပ်သမားအဖြစ် ဝင်လုပ်ရင်း  လေ့လာကြည့်မိတယ်။ ၁။ အလုပ်ချိန်တိကျတယ်။ ဆိုင်ပိတ်ချိန် တစ်ခါ တစ်ရံမှသာ နောက်ကျတယ်။ နယ်အော်ဒါများလို့  ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။ နေ့ကူးရင်  နောက်နေ့အော်ဒါတွေ ထပ်ပြီး ဂျမ့် မဖြစ်စေဖို့ပါ။ ၂။ သူဌေးက အစ အလုပ်သမား အဆုံး  အကုန် အလုပ်လုပ်တယ်။ ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင်  အာ မရိုက်ဘူး။ သောက်ချိန်ရောက်ရင်  လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်တယ်။ ၃။ သူဌေးအလုပ်က  ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး  ခေါင်းထဲမှာ ရှိတယ်။ ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။ စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ် လို့  အမြဲပြောတဲ့ သူဌေးရဲ့စကား။
 
365myanmar.com - Myanmar Online Shopping Mall