သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း
လူတော်တော်များများက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေး ကို တည်ဆောက်လိုကြပါတယ်။ လူကြီးတွေပြောတာတော့ မိန်းကလေးတွေဆို ၂၅လောက် အိမ်ထောင်ပြု ရင် ကလေးယူမှာနဲ့ဆို အနေတော်ပဲတဲ့။ ယောက်ျားလေးတွေ ကတော့ အရွယ်တင်တော့ ၃ဝလောက်မှ ယူလည်းအဆင်ပြေတာပေါ့။ 
တစ်ချို့တွေ ကျတော့လည်း အိမ်ထောင်ပြုရမှာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားကြပါတယ် ။ အိမ်ထောင်ရေး ကံကောင်းပါ့မလားလို့ ဆိုပြီးတွေးကြောက်နေတာမျိးပေါ့။ 
ဒါဆို သင့် လက္ခဏာကပြောပြနေတဲ့ သင့်ရဲ့ အိမ်ထောင်ရေး လမ်းကြောင်း ကောင်း၊ မကောင်းကိုကြည့်လိုက်ကြရအောင် .. !
( ၁.) လက်ဖဝါး ယှဉ်ကြည့်တဲ့အခါ တူနေရင်
ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက် ကပ်လိုက်ရင် ပစောက် ပုံစံပေါ်ပြီး လက်သန်းကြွယ် နဲ့ လက်သန်း အရစ်လေးတွေ တစ် တန်းတည်းဖြစ်နေမယ်ဆို သင်ဟာ ဦးဆောင်စီမံနိုင် သူဖြစ်ပါ တယ်။ 
သင့် ဘဝကိုလည်း နည်းစနစ်ကျစွာ ဖြတ်သန်းပြီး ဥာဏ် ရည် အလွန်မြင့်မားပါတယ်။ သင့် ဘဝနဲ့ရော၊ သင့် စိတ်နဲ့ပါ ထပ် တူကျမယ့် လူမျိုးနဲ့ ဖူးစာဆုံမှာဖြစ်ပြီး အသေးဖွဲ့ ပြဿနာလေးတွေ တော့ရှိပေမယ့် သာယာတဲ့ အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်နိုင် မှာဖြစ်ပါတယ်။
( ၂.) ညာဘက်လက် အရစ်ပိုမြင့်နေရင်
ညာဘက် လက်က အရစ် ပိုမြင့်နေတဲ့ လူတွေဟာ သူတို့ရဲ့ အမြင် ကိုချ မပြခင် အခြေအနေ တစ်ခုကို အရင် နားလည်နိုင်အောင် ကြိုးစားပါတယ်။ အမှန်တရား တစ်ခုကို မသိမချင်း အခြားလူတွေ ရဲ့ပြောစကားကို ယုံတတ်တဲ့လူစားမဟုတ်ပါဘူး။ 
သင် ယုံကြည်တဲ့ အရာတစ်ခုကို အခြားလူတွေ ဘယ်လို တား တား ဂရုမစိုက်တတ်ပါဘူး။ သင့်ထက် ရင့်ကျက်ပြီး အသက်ကြီး တဲ့ လူနဲ့ ဖူးစာဆုံမှာဖြစ်ပါတယ်။
( ၃.) ဘယ်ဘက်လက် အရစ် ပိုမြင့်နေရင်
ဘယ်ဘက်လက် အရစ် ပိုမြင့်နေတဲ့ လူတွေရဲ့ အသွင်ပြင် သဏ္ဍာန် ဟာ ခန့်ညားကြည့်ကောင်းပါတယ်။ သူတို့ဟာ ဆွဲဆောင် မှုရှိပြီး သြဇာ အပြည့်ရှိသူနဲ့ ဖူးစာဆုံမှာဖြစ်ပါတယ်။ နယ်မြေ ရပ်ခြားက လူနဲ့လည်း ဖူးစာဆုံနိုင်ပါတယ်။
( ၄.) လက်ချောင်း ရှည်သူ
လက်ချောင်း ရှည်သူတွေဟာ အသေးဖွဲ့လေးတွေက အစ ဂရုစိုက် တတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေ နေတတ် ပြီး အကောင်းမြင်တတ်ကြပါတယ်။ သင့်လိုပဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိသူနဲ့ ဖူးစာဆုံရပါလိမ့်မယ်။
( ၅.) လက်ချောင်း တိုသူ
လက်ဖဝါးကျယ်ပြီး လက်ချောင်းတို ပိုင်ဆိုင်ထားသူတွေက စိတ် မရှည်တတ် သူတွေဖြစ်ပါတယ်။ အသေးစိတ် ကိစ္စတွေကို တတ်နိုင် သလောက်သူတို့ လစ်လျု ရှုထားတတ်ပါတယ်။ 
ဒါပေမယ့် သူတို့ဟာ အစီစဉ်ချတဲ့အခါကျွမ်းကျင်ပြီး ပွဲတော်တွေ စီစဉ်ရာမှာ တစ်ကယ့်ကို ထက်မြတ်ပါတယ်။ သူတို့ဟာ စိတ်ရှည် သည်းခံပြီး အကောင်းမြင်တတ်တဲ့ သူတွေနဲ့ ဖူးစာဆုံရတတ် ပါတယ်။
Credit – Trend
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall