မွေးနေ့ ဗေဒင်




ကိုယ့်ရဲ့မွေးနေ့ဂဏန်းလေးတွေ ကို ကြည့်ပြီး ကိုယ်ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာကို ကြည့်လိုက် ရအောင်နော်။


တွက်ပုံ တွက်နည်း ကတော့...............
ဥပမာ - ၁၉၈၀ ခုနှစ်၊ ၃ လ၊ ၁၉ ရက်နေဖွားဖြစ်ရင်
၁၉၈၀ + ၃ + ၁၉ = ၂၀၀၂

၂ + ၀ + ၀ + ၂ = ၎
ကဲ ကိုယ့် ရဲ့ဂဏန်း ကို တွက်ပြီး သွားရင်တော့ အောက်မှာ ကိုယ့် ရဲ့ဂဏန်းလေး ကို ရှာလိုက်ပါ



၁. အတွေး အခေါ် ကောင်းသူ
၂. ငြိမ်းချမ်းရေး ကို လိုလားသူ
၃. ပွဲလမ်း သဘင် ကြိုက်သူ
၎. ရိုးရာ အစဉ်အလာ ကို လိုက်နာသူ
၅. တီထွင် ကြံဆသူ
၆. ကဗျာ ဆန်သူ
၇. ထူးချွန်သော သူ
၈. အောင်မြင် သူ
၉. အနုပညာရှင်

၁. အတွေး အခေါ် ကောင်းသူ
စဉ်းစား တတ်ပြီး အတွေး အခေါ်ကောင်းတဲ့ အတွက် သူ့ကို ပတ်ဝန်းကျင် ရဲ့ အလေးထားခြင်း ကို ခံရပါ လိမ့်မယ်။ ဒါပေမဲ့လည်း သူများ ရဲ့အတွေး အခေါ် ကိုတော့ လက်မခံတတ်တဲ့ အတွက် လူမုန်းခံရပါလိမ့်မယ်။



၂. ငြိမ်းချမ်းရေး ကို လိုလားသူ
ပေါင်းသင်း ဆက်ဆံရေး မှာ ထူးချွန်ပြီး ပတ်ဝန်းကျင် က ဘာကို လိုလားနေသလဲ ဆိုတာကို နားလည်ပြီး၊ ကိုယ့် အတွက်ထက် သူတစ်ပါး အတွက် ဦးဆောင်ပြီး လုပ်ကိုင်ပေးတတ်ပါတယ်။ 

တစ်ယောက်တည်းနေရတာကို မုန်းပြီး သူငယ်ချင်းတွေ နဲ့ အတူတူ ရှိနေတာကို သဘောကျတယ်။ သူငယ်ချင်း ကို ဦးစားပေးတာလည်းကောင်းပေမဲ့ ကိုယ့် အတွက်လည်း အချိန်ယူသင့်ပါတယ်။

၃. ပွဲလမ်း သဘင် ကြိုက်သူ
ခေါင်းစဉ် အတိုင်းပဲ ပွဲလမ်း၊ သူငယ်ချင်းတွေ ကို ခင်မင်ပြီး ဘယ်သူနဲ့ မဆို ချစ်ချစ် ခင်ခင်နေတတ်တယ် ဆိုတာ သူ့ရဲ့ အားသာချက်ပါ။ အားနည်းချက် ကတော့ အလုပ် တစ်ခုကို ပြီးအောင် လုပ်ရန် အားနည်း ပါတယ်။ သူများတစ်ကာ အတွက်ပဲ လုပ်နေတတ်ပြီးတော့ ကိုယ့်ရဲ့အလုပ် ကိုတော့ မေ့နေတတ်ပါတယ်။

၎. ရိုးရာ အစဉ်အလာ ကို လိုက်နာသူ
ရိုးရာ အစဉ်အလာ ကို အလေးထား စဉ်းစားပြီး သွားလာ လှုပ်ရှားသူဖြစ်ပါတယ်။ အလုပ်ကြိုးစားပြီး၊ ဘဘာဝ ပတ်ဝန်းကျင် အကြောင်း ကို စိတ်ဝင်စား တတ်ပါတယ်။ နည်းနည်းတော့ ခေါင်းမာ တတ်ပါတယ်။ လူ အများ နဲ့ဆက်ဆံတဲ့ အခါမှာ နည်းနည်းတော့ ပြေလည်အောင် ဆက်ဆံနိုင်မယ် ဆိုရင် အကောင်းဆုံးပါပဲ။

၅. တီထွင် ကြံဆသူ
ရှိနေတာထက် အသစ် ကို တီထွင်ချင်၊ တွေးကြည့်ချင်တယ် ဆိုတဲ့ စိတ်ဓာတ် က သူ့မှာ ရှိပါတယ်။ ကိုယ့် ရဲ့နေ ပုံထိုင်ပုံ ကို လာပြီး အနှောက် အယှက်ပေးတာကို မကြိုက်ပါ။ ဒါကြောင့် အခြားသော သူတွေနဲ့ ခဏ ခဏ ရန်ဖြစ်လေ့ ရှိပါတယ်။ ပေါင်းသင်း ဆက်ဆံရေး ကို နားလည်အောင် ကြိုးစားဖို့ သင့်ပါတယ်။

၆. ကဗျာဆန်သူ
သူ့ကို အမြဲ လိုအပ်နေတဲ့ သူရှိပါတယ်။ ဒါကြောင့်လည်း ထိုသူ အတွက် အားလုံးကို ပေးဆပ်ဖို့ အသင့်ပါပဲ။ မိသားစု အတွက် အမြဲ စဉ်းစားနေသူဖြစ်တဲ့ အတွက် ကျောင်းဆရာ အလုပ် နဲ့ လိုက်ဖက် ပါတယ်။ ဒါပေမဲ့ သိပ်ပြီး ရိုးသား လွန်းအားကြီး ရင်လည်း မကောင်းပါ။

၇. ထူးချွန်သောသူ
လောကကြီး မှာ မရှိသေးတဲ့ အရာ ကို ရှာဖွေပြီး တီထွင်ကြံဆ ချင်တဲ့ ပညာရှင် တစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူက ရှာဖွေတွေ့ရှိတဲ့ အရာကို တစ်ကမ္ဘာလုံး ကို သိအောင် လုပ်ချင်တဲ့ ဆန္ဒ က သူ့ဆီမှာ ရှိပါတယ်။ သူ့မှာ ကြီးမားသော ခံယူချက် ရှိပြီး ဘယ်သူတွေ ဘာပြောပြော ခံနိုင်ရည်ရှိပြီး သူ ဘာတွေတွေးနေသလဲ ဆိုတာ ကိုလဲ ဘယ်သူ  မှ မသိနိုင်ပါ။

၈. အောင်မြင်သူ
ပြသာနာ ကို ဖြေရှင်း ရာတွင် သူ့အပြင် အခြားသူ မရှိပါ။ ကျွမ်းကျင်သော ပညာရှင် တစ်ယောက်အနေဖြင့် ရပ်တည်နိုင်သူပါ။ မာန ရှိပြီး ရာထူး၊ အာဏာတွေ ကိုတော့ မမက်စေချင်ပါ။


၉. အနုပညာရှင်
လူ အများကို ပျော်ရွှင်စေချင် တဲ့ အရည် အချင်း သူ့မှာ ရှိပါတယ်။ လူအများပျော်ရွှင်နိုင်ရန် အတွက် အမြဲတွေးနေပြီး လူချစ် လူခင် လည်း ပေါများပါလိမ့်မယ်။ သူတစ်ပါးပြောတာ ကို ယုံတတ်တဲ့ အကျင့်လေး ရှိတဲ့ အတွက် သတိထားစေချင်ပါတယ်။



Chelmo Team
Credit. tabi-labo
Credit Photo. tabi-labo

 http://www.searchmyanmar.com/link/frame/cid/53480

 

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

လကြတ်ခြင်း

 
365myanmar.com - Myanmar Online Shopping Mall