ဘယ်လို ချက် ပိုင်ရှင် ဖြစ်မလဲ






ချက်ရဲ့ ပုံလေးကိုကြည့်ပြီး ကိုယ် ကတော့ ဘယ်လို ချက်ပိုင်ရှင်ဖြစ်လိမ့်မလဲ ဆိုတာကို ကြည့် လိုက်ကြ ရအောင်နော်။ မတ်မတ် ရပ်ပြီးမှ ကိုယ့်ချက် ကို ကိုယ်ကြည့်နော်။

*** ဝိုင်းသော ချက်ပိုင်ရှင်
** ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲ ကိစ္စတွေ ဆိုရင် ခေါင်းထဲမှာ မထားပါ။
***  ဒေါင်လိုက် ရှည်သော ချက်ပိုင်ရှင်
** သူများကို ကူညီချင်သော စိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့် ပတ်သက်၍တော့ ကပ်စီးနဲ သူဖြစ် ပါလိမ့်မယ်။

***  ချက်ဆူ ပိုင်ရှင်
**သံယောဇဉ်ကြီးသောသူ၊ ခင်ပြီ ဆိုရင် သူငယ်ချင်း အဖြစ် တစ်သက်လုံး လက်ခံထားသူ၊ ဒါပေ မဲ့ ပိုက်ဆံ အသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံ တို့၊ အာဏာ ကို မက်လိမ့်မယ်။

***  အပေါ်သို့ထောင်နေသောချက် ပိုင်ရှင်
**  ကြိုးစားပြီး ရိုးသားသောသူ ၊ အလုပ်ကို လေးလေး စားစား ဝီရိယ ရှိသောသူ၊ အမှန် ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့ အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။

***  ဘေးသို့ရှည်သော ချက်ပိုင်ရှင်
** ပျော်ပျော်နေတတ်ပေမဲ့လည်း ကိုယ့်ရဲ့ရည်စား၊  ချစ်သူ အပေါ် မှာ မူတည်ပြီး စိတ်နေစိတ်ထား က ပြောင်း လဲသွားတတ်၏ ။

*** အောက်သို့ စိုက်နေသော ချက်ပိုင်ရှင်
** ကံကောင်းလိုက် မကောင်းလိုက် နဲ့ လောကဒဏ် ကို ကြံ့ကြံ့ခံနိုင်သူ၊ ပိုက်ဆံက လက်ထဲမှာ မရှိတတ်ပါ။ အသက်ကြီးရင် ဒုက္ခရောက်တတ်၏။

*** Y ပုံချက်ပိုင်ရှင်
** ကလေး ဆန်သောသူ၊ တစ်ခုခု ကို လေ့လာ မှတ်သား ရတာကို စိတ်ဝင်စားသူ၊ အနုပညာ ကို နှစ် သက် သူ၊ သတင်း ဗဟုသုတ ကို စုဆောင်း ရတာကို နှစ်သက်ပါလိမ့်မယ်။

***  ရေလှိုင်းပုံ ချက်ပိုင်ရှင်
** စိတ်ကြီး လို့ လူကောင်းလား လူဆိုးလား နှစ်ခု ထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဘာကိစ္စ မဆို တော်ရုံနဲ့ မဆုံးဖြတ်နိုင်ပါ။
 
*** အတွင်း အထိ မြင်ရသော ချက်ပိုင်ရှင် **  ဖြစ်သလိုနေတတ်သူ၊ အဆင်ပြေသလိုနေပြီး ဖြစ်သမျှ အကြောင်း အကောင်းချည်းသာ ထင်ထားသူဖြစ်ပါ လိမ့်မယ်။


Chelmo Team
Credit. ameblo.jp/giida
Credit Photo. twitter-soku




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

သင်္ဘောသီးပင် စိုက်ပျိုးနည်း

ငါးမျက်စေ့ (သို့) အသားမာ (Corn)

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လကြတ်ခြင်း

 
365myanmar.com - Myanmar Online Shopping Mall