လူကြိုက်များ လာသော ငှက်ပျောသီး ဖြင့် ၀ိတ်ချနည်း
စောနွဲ့ နေဆိုင် - ပူတာအို's photo.
အခုဆိုရင် ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း ဟာ ကမ္ဘာမှာ လူကြိုက်များလာသည့် ၀ိတ်ချနည်း တစ်နည်း ဖြစ် လာ ပါပြီ။ ဒီနည်း ကို စတင်တွေ့ရှိခဲ့သူ ကတော့ ဂျပန်နိုင်ငံ မှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ ငှက်ပျော သီးဖြင့် ၀ိတ်ချနည်း စာအုပ်ဟာ ဂျပန်နိုင်ငံ မှာ သာမက ကမ္ဘာ အရပ်ရပ် မှာလည်း ဘာသာပြန်ပြီး ရောင်း အားကောင်းနေသည့် အပြင် ရုပ်သံများမှ လည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။
ဒီ ၀ိတ်ချနည်း ကို အရှေ့တိုင်း၊ အနောက်တိုင်း မှ လူ အများအပြား က လက်တွေ့ စမ်းသပ်ပြီး တစ်ကယ် ထိရောက်မှု  ရှိလာသည့် အတွက် ကိုရီးယား မင်းသမီးများ ဟာလည်း ဒီနည်း ကို အသုံးပြုနေကြပြီ လို့ ဆို ပါတယ်။
ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း
*************************
၁။ နံနက်စာ ကို ငှက်ပျောသီး (၂) လုံး သာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။
၂။ နေ့လည်စာ ကို ပုံမှန် အတိုင်း ထမင်း၊ ဟင်း တို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့် များတဲ့ အစာများ ကိုတော့ ရှောင်ပါ။
၃။ ညစာ ကိုတော့ ထမင်းဟင်း မစားပဲ သစ်သီးများ နဲ့ ဟင်းသီးဟင်းရွက်အချို့ ကိုသာ စားပါ။ ည ၈ နောက် ပိုင်း ကိုတော့ ဘာမှ မစားပါနဲ့။
ဒီ ၀ိတ်ချနည်း ဟာ ရိုးရှင်း လွယ်ကူပြီး ပင်ပင် ပန်းပန်း အားကစားလည်း မလုပ်ရပဲ ငှက်ပျောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ် တစ်မျိုးဟာ အဆီ များကို စုပ်ယူပြီး အစာချေဖျက်မှု ကို ပိုမိုကောင်းစေကာ အာဟာရပြည့်ဝ သည့် အတွက် ထမင်းဆာ သည့် အဆာ ကိုလည်း ထိန်းပေးတယ်လို့ ဆိုပါတယ်။
ငှက်ပျောသီး ကိုတော့ ဘာငှက်ပျောသီး မဆို အဆင်ပြေပါတယ်။ ဖီးကြမ်း ကတော့ မြန်မာပြည် မှာသာ ပေါ များပြီး အခြားနိုင်ငံ များ မှာတော့ ရှားပါးတဲ့ အတွက် သီးမွေး ကို အများဆုံး အသုံးပြုကြပါတယ်။
 စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - Banana for weight loss
စောနွဲ့ နေဆိုင် - ပူတာအို
.
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall