Posts

Showing posts from October, 2016

ဟာဝိုင်ယီ လူမျိုးများ၏ အသက်ရှည်အောင် နေထိုင်နည်းများ

Image
ဟာဝိုင်ယီ လူမျိုးတွေဟာ အမေရိက တိုက်မှာ အသက်ရှည်ဆုံး လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ နှလုံးသွေးကြော ရောဂါကြောင့် သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပြီး အဝလွန်နှုန်းနဲ့ ဆေးလိပ် သောက်နှုန်း ဟာလည်း သိသိ သာသာ နည်းပါးနေတာကြောင့် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားတာလို့ သိရပါတယ်။ အသက်ရှ ည်ရှည် နေနိုင်ဖို့ ဟာဝိုင်ယီ လူမျိုးတွေ ရဲ့ အမူအကျင့် ငါးမျိုး ကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။ ကျန်းမာရေး အမူအကျင့် (၁) ဟာဝိုင်ယီ လူမျိုးတွေဟာ ငါးများများ စားပါတယ် ။ ငါး စားတာကြောင့် အသား ဓာတ်တွေ ရရှိစေတဲ့ အပြင် နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အိုမီဂါသရီး ဖက်တီး အက်စစ်လည်း ရရှိနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ငါးသေတ္တာ၊ ငါးတန်၊ ငါးကြင်း၊ ငါးမြင်း နဲ့ ငါးသလောက် လိုမျိုး ငါးတွေမှာ အိုမီဂါသရီး များများ ပါဝင်ပြီး မာကျူရီ ပါဝင်မှု အဆင့်လည်း နည်းတာကြောင့် အနည်းဆုံး တစ်ပတ် ကို နှစ်ကြိမ် ငါးစားပေးပါ။ ကျန်းမာရေး အမူအကျင့် (၂) သူတို့ဟာ လတ်ဆတ် တဲ့ သစ်သီး နဲ့ ဟင်းသီး ဟင်းရွက် များများ စားပါတယ်။ ဟာဝိုင်ယီ လူမျိုး အများစုဟာ နေ့စဉ် သတ်မှတ်ထားတဲ့ လိုအပ်ချက် ဖြစ်တဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် ငါးပုံ

သင့် အိမ်ခန်း အတွင်း နှစ်ခြိုက်စွာ အိပ်ပျော်စေရန်

Image
အိပ်ခန်းပြင်ဆင်မှုတွေကို ပြင်ဆင်ပြီးချိန်မှာတောင် သင့် အနေနဲ့ အိပ်မပျော်တာမျိုး ခံစားနေရတယ် ဆိုရင် အောက် ပါအချက်များကို သုံးသပ်ကြည့်ပါ။ ၁။ ညစာကို အများကြီး မစားပါနှင့် ညစာ ကို ဗိုက် အရမ်းတင်းအောင် စားလိုက်တာက အိပ်စက်မှု ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ် က အိပ်စက်နေချိန်မှာ အစာခြေ စနစ်ကို လုပ်ဆောင်ဖို့ နှေးကွေးနေတာကြောင့်ပါ။ ၂။ သက်တောင့်သက်သာ မရှိသော အဝတ်အစား မဝတ်ပါနှင့် အိပ်စက်ချိန်မှာ သင့် အဝတ်အစားနှင့် အိပ်ရာခင်းတွေဟာ သင့် ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကျပ်လွန်းတဲ့ အဝတ်အစားတွေ၊ ကြယ်သီး အလုံးတွေနဲ့ အလှဆင်ထားတဲ့ အဝတ်အစားတွေ နဲ့ သက်တောင့် သက်သာ မရှိတဲ့ အိပ်ရာခင်းတွေကြောင့် သင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်စက်ချိန် မှာ ချည်သား အိပ်ရာခင်းနှင့် ညအိပ်ဝတ်စုံတွေကို သာ ရွေးပါ။ ၃။ မအိပ်ခင် အရက် မသောက်ပါနှင့်  လူအများစုက အရက်သောက်ပြီး အိပ်စက်တာက ပိုအိပ်ပျော်တယ် လို့ ထင်တတ်ကြပါတယ်။ တစ်ကယ်တော့ အရက်သောက်ပြီး အိပ်ပျော်တာ ဟာ နိုးတစ်ဝက်၊ အိပ်တစ်ဝက် အိပ်ပျော်တာမျိုးဖြစ်တာက ပိုများပါတယ်။ အိပ်မက် မက်သလို၊ အိပ်ပျော်သလိုဖြစ်နေပြီး ကြာရင် သင့် မှတ်ဥာဏ်နဲ့ သင်ယ

မြန်မာ့ သမိုင်းထဲက သခွားသီး စားလို့ ဒုက္ခများခဲ့တဲ့ ဘုရင် နှစ်ပါး

Image
တစ်ပါးကတော့ ပုဂံခေတ် က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မှ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။ တစ်နေ့ သိန်းခိုမင်းဟာ အမဲလိုက်ရင်း နောက်လိုက်နောက် ပါများနဲ့ လူချင်း ကွဲသွားခဲ့ပါတယ်။ မောလည်းမော ရေလည်းအလွန်ငတ်လှချိန်မှာ လူသူ မတွေ့ရတဲ့ သခွားခင်း တစ်ခင်းကိုတွေ့ပါတယ်။  ၀မ်းသာအားရနဲ့ သခွားခင်းထဲဝင်  ကာ သခွားသီးများကို အားရပါးရ စားပစ်ပါတယ်။ ဒါကို ယာရှင် က တွေ့ပြီး ဘုရင်ဟု မထင် သူခိုးဟု ထင်ကာ တူရွင်း နဲ့ ခုတ်တာကြောင့်  နေရာ မှာတင် ပွဲချင်းပြီးသွားပါတယ်။ အဖော်ကွဲသွားသော နောက်လိုက်  နောက်ပါများ ရောက်လာမှ ပြည့်ရှင်မင်း ကို သတ်မိကြောင်း သိပါတယ်။  အဲဒီခေတ် က ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင်ဖြစ်သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။ သခွားသီးကြောင့် ဒုက္ခ များခဲ့တဲ့ နောက် မင်းတစ်ပါးကတော့ သေတော့ မသေပါ သို့ သော် ယာရှင်နဲ့ နပန်းလုံးလိုက်ရပါတယ်။  သူကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရဲ့သားတော်ကြီး နောင်တော်ကြီး ခေါ် ဒီပဲယင်းမင်း ဖြစ်ပါတယ်။  နောင်တော်ကြီးဟာ ဘုရင်ဖြစ်သော်လည်း မ၀ံ့ကြွားတတ်ပဲ နှိမ့်ချသော မာနဖြင့် ရိုးရိုးစား ရိုးရိုးနေတတ် သူဖြစ်

ကမ္ဘာ့ နန်းသက် အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံ

Image
ကမ္ဘာ့ နန်းသက် အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒေ့ခ်ျ သက်တော် ၈၈ နှစ်ဟာ ဒီကနေ့ ညနေ ၃ နာ၇ီ ၅၂ မိနစ် က နတ်ရွာစံ ကွယ်လွန်သွားပြီလို့ ဘုရင့်နန်းတော် က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။ သက်တော်ကြီးရင့်ပြီး ကာလရှည်ကြာ နာမကျန်းဖြစ်နေတဲ့ ထိုင်းဘုရင်ဟာ ပြီးခဲ့ရက်ပိုင်းက သွေးဆိပ်ကို သန့်စင်ဖို့ ကုသမှုခံယူအပြီး ကျန်းမာရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတယ်လို့ ဘုရင့် နန်းတော်က ထူးထူးခြားခြားသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗုဒဟူးနေ့ညနေပိုင်းမှာလည်း ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ ဆက်လက် မတည်ငြိမ် ဖြစ်နေပြီး အသည်းဟာပုံမှန်အလုပ်မလုပ်တော့သလို သွေးပေါင်ကျပြီး အသက်ရှူမြန်နေတယ်လို့ နန်းတော်ကထပ်မံသတင်း ထုတ်ပြန်ခဲ့တာပါ။ ဘုရင်ကြီး အသည်းအသန်းဖြစ်နေတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက ထိုင်းပြည်သူတွေက တော့ ထိုင်းဘုရင် တက်ရောက်ဆေးကုသမှုခံယူနေတဲ့ နေတဲ့ ဘန်ကောက်မြို့က စီရီရတ် ဆေးရုံကို သွားရောက်ပြီး ဘုရင်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆုတောင်းပေးခဲ့ကြ ပါတယ်။ ထိုင်းဘုရင်ရဲ့ ရင်သွေးတော် လေးပါးထဲက အိမ်ရှေ့စံမင်းသားအပါအဝင် ရင်သွေး ၃ ပါး ဟာလည်း ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ စီရီရတ် ဆေးရုံကို ရောက်လာခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေတ

အဖေ့ စကား

Image
( အသက် ၄၅ နှစ် အရွယ်ရှိ ကျောင်းဆရာဖြစ်သူ ပေါလ် ဟာ အရေပြား ကင်ဆာရောဂါ နဲ့ သူ မကြာမီ လူ့ လောက မှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလား မမြောက်သေးတဲ့ ၅ နှစ် နဲ့ ၁ နှစ်ခွဲ အရွယ် ကလေး ငယ် များ နောင်တစ်ချိန် အရွယ်ရောက်လာတဲ့အခါ ဖတ်ဖို့ ရေးထားခဲ့ တဲ့ စာပါ။) ၁။ ယဉ်ကျေးသိမ်မွေ့ပါ။ အချိန် တိကျပါ။ ကျေှးဇူးပြု၍၊ ကျေးဇူးတင်ပါတယ် ဆိုတာကို အမြဲတမ်း ထည့်ပြောပါ။ ၂။ သင်ကိုယ်တိုင်ပြဿ       နာ ရှိသော်လည်း တစ်ခြားသူ ဒုက္ခရောက်တဲ့အခါ ထောက်ထား ညှာတာပါ။ ကရုဏာ ထားပါ။ အချိန်တန်တဲ့အခါ သင့်ရဲ့  ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို လေးစား အံ့သြပြီး သင့်ကို ကူညီလာပါ လိမ့်မယ်။ ၃။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ စိတ်ဓါတ်ကို အားထုတ်ကျင့်ကြံပါ။ သင့်အတွက် မထင်ပေါ်သော်ငြား မှန် တယ်ထင်ရင် လုပ်ပါ။ မနက်တိုင်း ကိုယ့်ကိုယ်ကို ဘာအပြစ်မှ မကျုးလွန်ပါ (သို့) ကိုယ်လုပ်ခဲ့ သမျှ ကို နောင် တ မရပါဆိုတဲ့ အကောင်းအဆိုး ခွဲခြားသိတဲ့ စိတ်နဲ့ မှန်ကြည့် နိုင်အောင် ကြိုးစားပါ။ ၄။ မိမိကိုယ် ကို နှိမ့်ချပါ။ မိမိရဲ့ အယူအဆ၊ နေရာကို မပြောင်းလဲဘဲ မနေဘဲ တစ်ဖက်သား ပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်း သိရင် ရပ်တန်းက ရပ်ပြီး နောက်ပြန်ဆုတ်ပါ။ အရိုအသေ တန်မှာ အရ
 
365myanmar.com - Myanmar Online Shopping Mall