ကမ္ဘာ့ နန်းသက် အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံ



ကမ္ဘာ့ နန်းသက် အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒေ့ခ်ျ သက်တော် ၈၈ နှစ်ဟာ ဒီကနေ့ ညနေ ၃ နာ၇ီ ၅၂ မိနစ် က နတ်ရွာစံ ကွယ်လွန်သွားပြီလို့ ဘုရင့်နန်းတော် က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။

သက်တော်ကြီးရင့်ပြီး ကာလရှည်ကြာ နာမကျန်းဖြစ်နေတဲ့ ထိုင်းဘုရင်ဟာ ပြီးခဲ့ရက်ပိုင်းက သွေးဆိပ်ကို သန့်စင်ဖို့ ကုသမှုခံယူအပြီး ကျန်းမာရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတယ်လို့ ဘုရင့် နန်းတော်က ထူးထူးခြားခြားသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗုဒဟူးနေ့ညနေပိုင်းမှာလည်း ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ ဆက်လက် မတည်ငြိမ် ဖြစ်နေပြီး အသည်းဟာပုံမှန်အလုပ်မလုပ်တော့သလို သွေးပေါင်ကျပြီး အသက်ရှူမြန်နေတယ်လို့ နန်းတော်ကထပ်မံသတင်း ထုတ်ပြန်ခဲ့တာပါ။
ဘုရင်ကြီး အသည်းအသန်းဖြစ်နေတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက ထိုင်းပြည်သူတွေက တော့ ထိုင်းဘုရင် တက်ရောက်ဆေးကုသမှုခံယူနေတဲ့ နေတဲ့ ဘန်ကောက်မြို့က စီရီရတ် ဆေးရုံကို သွားရောက်ပြီး ဘုရင်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆုတောင်းပေးခဲ့ကြ ပါတယ်။
ထိုင်းဘုရင်ရဲ့ ရင်သွေးတော် လေးပါးထဲက အိမ်ရှေ့စံမင်းသားအပါအဝင် ရင်သွေး ၃ ပါး ဟာလည်း ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ စီရီရတ် ဆေးရုံကို ရောက်လာခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေတဲ့ ရိုက်တာသတင်းထောက်ကပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ အိမ်ရှေ့စံ မင်းသား ဗဂျီရာလောင်ကွန်းကို ဗုဒ္ဓဟူး မွန်းလွဲပိုင်းမှာ အခစား ဝင်ဖို့ ချုံဘူရီက အစည်းအဝေးကို သူ့ကိုယ်စား ဒုဝန်ကြီးချုပ် တက်ရောက်ဖို့ လွှဲပေးခဲ့သလို အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပမယ့် ထိပ်သီး အစည်း အဝေးပွဲတွေ တက်ရောက်မယ့် အစီအစဉ်   ကို ဖျက်သိမ်းထားလိုက်ပါတယ်။
၁၉၂၇ ခု ဒီဇင်ဘာ ၅ ရက်မှာ မွေးဖွားခဲ့ပြီး တိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကျော် ဘုရင်အဖြစ်အုပ်စိုးခဲ့တဲ့ ထိုင်းဘုရင်ကြီးဟာ လူထု အကျိုးပြု လုပ်ငန်းတွေဆောင်ရွက်ခဲ့သလို ထိုင်းပြည်သူတွေ အတွက် စည်းလုံးခြင်း ပြယုဂ် လည်းဖြစ်ခဲ့ပါတယ်။ စည်းမျဉ်းခံ ဘုရင်ဖြစ်ပေမယ့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတိုင်းမှာ အကျပ် အတည်းတွေကို ကြားဝင် ဖြေရှင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။



ထိုင်းဘုရင်ကြီးဟာ ချက်ကရီမင်းဆက်ရဲ့ န၀မမြောက် ဘုရင်ဖြစ်တာကြောင့် ရာမ ၉ ဘုရင် အဖြစ် လူသိများပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှု နဲ့ ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံလောက် ရှိမယ် ခန့်မှန်း ပြီး ၂၀၀၈ ကနေ ၂၀၁၀ အထိ ကမ္ဘာ့ အချမ်းသာဆုံး တော်ဝင် မိသားစုအဖြစ် Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ခံထားရပါတယ်။
ထိုင်း ဘုရင်ကြီး ကွယ်လွန်ချိန်မှာ ဘုရင်မကြီး သီရိခေတ်၊ သမီးတော် ရာဇကညာ၊ သားတော် မဟာ ဗဂျီရာလောင်ကွန်း၊ သမီးတော် မဟာချက်ကရီ သီရိဒုံ နဲ့ သမီးတော် ချူလာဘွန်ဝါလိုင်လတ် နဲ့ မြေးတော်တွေ ကျန်ရစ်ပါတယ်။

Credit ... http://burmese.dvb.no/archives/171910

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

သင်္ဘောသီးပင် စိုက်ပျိုးနည်း

ငါးမျက်စေ့ (သို့) အသားမာ (Corn)

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လကြတ်ခြင်း

 
365myanmar.com - Myanmar Online Shopping Mall