အမျိုးသမီးတွေကို မျိုးပွားနိုင်မှု တိုးမြှင်ပေးမယ့် သစ်သီးဖျော်ရည်
အကယ်၍ သင်ဟာ ကလေးယူဖို့ ကြိုးစားနေသူ တစ်ယောက်ဖြစ် ပါက ကိုယ်ဝန်မယူခင် လအနည်းငယ် မျိုးပွားနိုင်မှုတိုးမြင့်ပေးမယ့် အစားအသောက်တွေ သုံးဆောင်သင့်ပါတယ်။
မိမိ ခန္ဓာကိုယ်အတွင်း အကောင်းဆုံး ဝန်းကျင် ဖန်တီးတဲ့အခါ ကိုယ်ဝန် ပိုရလွယ်နိုင်ပါတယ်။ ဟောဒီ သစ်သီးဖျော်ရည် (smoothie) က မျိုးပွားနိုင်စွမ်း တိုးမြင့်ပေးတယ်လို့ ဆိုပါတယ်။ 
စပြီး မသောက်မီ ဖျော်ရည်မှာ အသုံးပြုမယ့် ပါဝင်ပစ္စည်းအားလုံး မိမိ ကျန်းမာရေးနဲ့ တည့်မတည့် သေချာစေဖို့ ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပါ။
အဆင့် (၁)
ဟင်းနုနွယ် ကဲ့သို့ ဟင်းသီးဟင်းရွက်စိမ်း တစ်ခုခု သစ်သီးဖျော် စက်ထဲ ထည့်ပါ။ အရင်ဦးဆုံး အရွက်တွေကို ဆေးကြောသန့်စင် ပေးရပါမယ်။ ဟင်းနုနွယ်ရွက်ဖျော်ရည် (၁) ခွက်ဆိုရင် လုံလောက် ပါတယ်။
အဆင့် (၂)
တစ်ကယ်လို့ သင့်ဆရာဝန်က ပရိုတိန်းမှုန့် သုံးခွင့်ပြုပါက ထည့် သုံး ပါ။ သွေးတွင်း သကြားဓာတ် ပမာဏ ဝရုန်းသုံးကား မဖြစ်အောင် လို့ပါ။
အဆင့် (၃)
အုန်းရည် (၁) ခွက် ဒါမှမဟုတ် နွားနို့ (၁) ခွက်ကို ဖျော်စက်ထဲ ပေါင်းထည့်ပေးပါ။
အဆင့် (၄)
နှမ်းကြတ်စေ့ လက်တစ်ဆုပ်စာလောက် ပေါင်းထည့်ပေးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတစ်ချို့ရအောင် အလွှာလိုက် လှီးထားတဲ့ ထောပတ် တစ်ချပ် ထည့်သုံးနိုင်ပါတယ်။
အဆင့် (၅)
ဘယ်ရီသီး လက်တစ်ဆုပ် စာလောက် ရောထည့်ပါ။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီး သို့မဟုတ် ဘဘက်ဘယ်ရီသီး တစ်ခုခု ရွေးပြီး သစ်သီးဖျော်စက်ထဲ ပစ်ထည့်ပါ။
အဆင့် (၆)
ဖြည်းဖြည်းချင်း ရောကြိတ်ပေးရပါမယ်။ အရည်ပျော့ပျော့လေးဖြစ် အောင် ကြိတ်ပေးပါ။ လိုအပ်ပါက သောက်ရတာ အဆင်ပြေ အောင် ရေအနည်းငယ် ပေါင်းထည့်ပေးပါ။
အဆင့် (၇)
ဖျော်ရည်ကို အရင်သောက်ပြီး နောက် ၅ မိနစ် လောက်မှာ သံပုယိုရည် (၁) ခွက် သောက်ပေးရပါမယ်။
Credit: trendmyanmar
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall