ပေါင်ပေါ်တင်ပြီး laptop သုံးခြင်းက အန္တရာယ်ကင်းပါရဲ့လား

 



လိုရာ သယ်ဆောင်သွားနိုင်ပြီး အင်တာနက် မိတဲ့နေရာတိုင်းက သင့်ရဲ့ ရုံးခန်း ၊ စာသင်ခန်း ၊ အပန်းဖြေစခန်း တစ်ခုဖြစ်စေနိုင်တဲ့ ဒီနေ့ ခေတ်မှာ laptop တစ်လုံးက ကိုယ့် အတွက် ဘက်စုံသုံး ပစ္စည်းတစ်ခုလို ဖြစ်လာနေပါပြီ။ 


သင့်မှာ laptop တစ်လုံး ရှိမယ်ဆိုရင် အချိန်နေရာ ရွေးနေစရာ မလိုပဲ ပေါင်ပေါ်တင်ပြီး လွယ်လွယ်ကူကူနဲ့ အကြိမ်များစွာ သုံးမိ မှာ အမှန်ပါပဲ။ ဒီလို အသုံးပြုခြင်းက အန္တရာယ် ရှိစေနိုင်မလားလို့ သင်တွေးမိဖူးတယ် ဆိုရင် မှန်ပါတယ်လို့ ဆိုနိုင်ပါတယ်။


laptop ကြောင့် အရေပြား မီးကင်ရောဂါ (toasted skin syndrome) လို့ခေါ်တဲ့ ရောဂါ တစ်မျိုး ဖြစ်စေပါတယ်။ ကွန်ပျူတာ ကထွက်တဲ့ အပူနဲ့ ကြာရှည် ထိတွေ့မှုကြောင့် အရေပြား အရောင် ပျောက်သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ 


သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အပူချိန် ၁၀၉.၄ ကနေ ၁၁၆.၆ ကြားရှိရင် လောင်ကျွမ်းမှု တစ်ခု ဖြစ်စေနိုင်ပါတယ်တဲ့။


ဒါ့ကြောင့် ကွန်ပျူတာက ထွက်တဲ့ အပူချိန်က ၁၁၂.၂ ရှိတဲ့ အတွက် အရေပြား မီးကင်ရောဂါ ခံစားရနိုင်ဖို့ အလားအလာ များပါတယ်။


 နောက်ထပ် အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်မျိုးကတော့ အရေပြား ကင်ဆာ ဖြစ်ပါတယ်။ ပူနေတဲ့ laptop တစ်လုံးက ကင်ဆာ ဖြစ်စေနိုင်ရုံမက အရေပြားကိုလည်း ပျက်စီးစေပါတယ်။


laptop ကြောင့်ဖြစ်နိုင်တဲ့ အရေပြားရောဂါတွေကို ကာကွယ်နိုင်ဖို့ အတွက် ပေါင်နဲ့ laptop ကြားမှာ ကြားခံ အဖြစ် တစ်ခုခုထားပြီးမှ သုံးတာမျိုး  ၊ ကိုယ့် ခန္ဓာကိုယ်နဲ့ လုံးဝ မထိနေစေဖို့ အတွက် laptop တင်တဲ့ ဒေါက်ခုံလေး တစ်ခုပေါ်တင်ပြီးသုံးတာမျိုး ပြုသင့် ပါတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။


Credit - Trend Myanmar



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ

မွေးနေ့ ဗေဒင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

နန်းမတော် မယ်နု

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

 
365myanmar.com - Myanmar Online Shopping Mall