စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး
တည်သီးကို ၃နှစ်အောက် ကလေးများ မကျွှေးသင့်
***************************************
မြန်မာ အခေါ် ” တည်သီး ” ကို ၃နှစ်အောက် ကလေးငယ်တွေကို လုံးဝ မကျွေးသင့်ပါဘူး။
အဆင်မသင့်ရင် အသက်ပါ ဆုံးရှုံးရတဲ့အထိ ဖြစ်နို်င်တဲ့ သာဓကတွေကို အကြောင်းစုံ ရေးသားဖော်ပြ ထားကြောင်း ဘာသာပြန် မျှဝေလိုက်ပါတယ်။
” တည်သီး ” ဟာ ကလေးငယ်တွေအတွက် အစာအိမ်မှာ ကျောက်တည်စေနိုင်ပြီး ရာသီဥတု အခြေ အနေနှင့် မကိုက်ညီချိန်တွင် စားသုံးမိပါက ကလေးငယ်မှာ အသက်ရှု မဝဖြစ်ကာ ကိုယ်ခံအား မကောင်းချိန် တွင် သတိမေ့မျှောခြင်း သတိပြန်မလည် လာသည် အထိ ဖြစ်စေ၍ အသက်ပါ ဆုံးရှုံးနိုင်ကြောင်း သတိပေး ရေးသားထားတာ တွေ့ရပါတယ်။
ငယ်ရွှယ်တဲ့ ၃ နှစ်အောက် ကလေးငယ်တွေ ရဲ့ အတွင်းကလီစာ ခံနိုင်ရည်အားနှင့် ကလေး၏ အစား အသောက် အမျိုးမျိုးကို သတိပြုရှောင်ကျဉ်၍ အဟာရနှင့် ကိုက်ညီသော အစားအစာများကို ရွှေးချယ် ကျွေးတတ်ဖို့သည် မိဘတိုင်း၏ အရေးကြီးသော အချက်ဖြစ်သည်။
နောက်အရေးကြီးတဲ့ အချက်မှာတော့ ကလေးဖြစ်စေ/လူကြီးဖြစ်စေ တည်သီး စားပြီးနွားနို့/ပင်လယ် အစား အစာ ဟူသမျှ ကို(အထူးသဖြင့် ဂဏန်း )/ စိမ်းစားဥ/ ပဲနို့ ရည်နှင့် ပဲပြား စသဖြင့်စားခဲ့မိလျှင် ဝမ်းထဲက ကလီစာတွေ ပျက်စီးတတ်ကြောင်း  သတိပေးတားမြစ် ဖော်ပြထားပါတယ်။
ဤ Post ကို ဖတ်ခြင်းဖြင့် ကျန်းမာရေးထက် တစ်ချို့ တည်သီးရောင်းချ၍ စီးပွားရေးဆန်သူ တစ်ချို့မှာ ဈေးကွက် အရ ဝေဖန် စရာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဆိုလိုရင်းမှာ ရည်ညွှန်းခေါင်းစဉ်မှာ ၃နှစ်အောက် ကလေးငယ်များကို အဓိက ကျန်းမာရေးအတွက် သတိပြုရန် ဖော်ပြ ထားသည်။
တည်သီး တွင် ဆိုးကျိုးများ ရှိသလို ကောင်းကျိုးများလည်း ရှိ၍ မဆင်မခြင် စားသုံးလျှင် သင့်တင့်မှု့ မရှိ သော အစားအစာနှင့် တွဲဖက်၍ စားမိလျှင် ဘေးအန္တရာယ် ကိစ္စရပ်များစွာ ရှိ၍ ငယ်ရွှယ်သည့် ကလေးငယ် များအား အဓိက ဦးစားပေး သတိပြု ဆင်ခြင်သင့်ကြောင်း ရည်ညွှန်းပြောဆိုပါသည်။
မိမိ ကလေးငယ်ကို စားဖူးတယ် ရှိအောင်/သူစားတတ်မလား မသိဘူး ဆိုပြီး စမ်းကျွေးမိတာမျိုး ရှိတတ်လို့ သတိပြုရန် ကျန်းမာရေးအတွက် မျှဝေလိုက်ပါတယ် ။
Credit: Original Writre  FB
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall