တရားထိုင်တဲ့အခါ တွေ့ရှိတဲ့ အလင်းနိမိတ်ကို သိပ္ပံနည်းကျ လေ့လာခြင်း
လူရဲ့ ဦးနှောက် ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၂ % ပဲရှိပါတယ်။
ဒါပေမယ့် ဦးနှောက် ရဲ့ Energy သုံးစွဲမှုက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်း သုံးပါတယ်။
ကျွန်တော်တို့ အချိန်တိုင်းလိုလို လောဘ ၊ ဒေါသ ၊ မောဟ တွေ နဲ့ တွေးနေကြတယ်။ စားရင်လည်း ဦးနှောက် က တွေးနေ တယ်။ ရေချိုး လည်းတွေး နေတယ်။ အိပ်နေတဲ့ အချိန် တောင် အလုပ် လုပ်နေရပါတယ်။
တရားထိုင်တဲ့ အချိန် ၊ စိတ် တည်ငြိမ် လာတဲ့ အချိန် ၊ ဦးနှောက် က Noise တွေ (လောဘ၊ ဒေါသ၊ မောဟ) လျော့ကျလာပါတယ်။ ဦးနှောက် က Energy (စွမ်းအင်) တွေ ပိုလာပါတယ်။ ပိုလာတဲ့ Energy တွေ ကို အလင်း အနေ နဲ့ ထုတ်လွှတ်ပါတယ်။
အဲဒီ အလင်း က Low frequency wave ဖြစ်တဲ့အတွက် သာမန် မျက်စိ နဲ့ မမြင်နိုင်ပါဘူး။ သမာဓိ ရ နေတဲ့ ဉာဏ် မျက်စိ နဲ့ မှ မြင် ရတာပါ။
(လူ့မျက်လုံးက wave length 380 နဲံ 740nm ကြားမှာရှိတဲ့ အလင်း ကိုပဲ မြင်ရပါတယ်)
ဦးနှောက် က gamma, beta, alpha, theta, delta ဆိုတဲ့ Low Frequency wave တွေ ထုတ်တယ်လို့ သိပ္ပံနည်းကျ တွေ့ရှိပြီး သားပါ။
တရားထိုင်တဲ့ သူတွေ ကို သိပ္ပံနည်း ကျ စမ်းသပ်ကြည့်တဲ့အခါ 4-8 Hz ရှိတဲ့ Theta Brainwaves တွေ ထွက်တယ်လို့ လေ့လာ တွေ့ရှိပါတယ်။ လူ့ဦးနှောက်ဟာ ပုံမှန် လှုပ်ရှားနေတဲ့ အချိန်မှာဆိုရင် 14-30Hz Frequency ရှိတဲ့ Beta Wave ထုတ်လွှတ်ပါတယ်။
အေးအေး ဆေး ဆေးနားနေတဲ့အချိန်မှာ ဆိုရင် 9-13Hz Frequency ရှိတဲ့ Alpha Wave ထုတ်လွှတ်ပါတယ်။ ငြိမ်းချမ်းစွာ တရားထိုင်နေတဲ့အချိန်မှာဆိုရင် 4-8Hz Frequency ရှိတဲ့ Theta Wave ထုတ်လွှတ်ပါတယ်။
ဒေါက်တာ မင်းတင်မွန် ကလည်း အလင်းနမိတ်က Low frequency wave တစ်ခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထား ပါ တယ်။
မောင်းထောင်မြေဇင်း နဲ့ ဖားအောက် တရားစခန်းတွေ မှာတော့ အလင်းနိမိတ် ရဖို့ ဦးစားပေး ထိုင်ရပါတယ်။လောဘ ၊ ဒေါသ ၊ မောဟ တွေ ဖုံးလွှမ်းနေတဲ့ ကျွန်တော်တို့ ပုတုဇဉ်တွေ ရဲ့ စိတ်က လှိုင်းထပြီး ၊ နောက်ကြည့် နေတဲ့ ရေ နဲ့တူပါတယ်။ ဘာကိုမှ ကောင်းကောင်းမမြင်နိုင်ပါဘူး။
အာနာပါန ကမ္မဌာန်းက လှိုင်းထ နေ တဲ့ ရေ ကို ငြိမ်သွားအောင် လုပ်တာနဲ့တူပါတယ်။
မေတ္တာ ကမ္မဌာန်းက နောက်နေတဲ့ ရေကို ကြည် သွားအောင် လုပ်တာနဲ့ တူပါတယ်။
အာနာပါန ၊ မေတ္တာ ကမ္မဌာန်းတွေ ကြောင့် စိတ်က (ငြိမ်ပြီး ကြည်နေတဲ့ရေလို) ငြိမ်ပြီး ၊ ကြည်သွားပြီ ဆိုရင်တော့ ဖောက် ထွင်းမြင်နိုင်ပါပြီ။ ခန္ဓာဖြစ်ပျက်ကိုလည်း ဖောက်ထွင်းပြီးမြင်နိုင် ပါပြီ။
ကာလာမသုတ်မှာ ဗုဒ္ဓ က ကိုယ်တိုင် စမ်းသပ်ကြည့်ပြီး အကျိုးရှိ မှ လက်ခံ နိုင်ပါတယ် လို့ မှာထားပါတယ်။
အားလုံး တရားထူးတရားမြတ်တွေ ရရှိကြပါစေ။
Crd ... ပြည့်ဖြိုးပိုင်
Comments
Post a Comment