ခရီးသွားသင့်-မသွားသင့် တွက်နည်း
ခရီးသွားလို |ထိုရပ်ဂြိုဟ်နှင့် |
သက်ကိုနှောထား ရှစ်ခုစားမှု
|ကြွင်းမှုဧက |ရာဇပူဇော်|ဒွေးသော်ဆင်းရဲ|
အောင်ပွဲ တြိန်း|ချမ်းငြိမ်းစတု|
ငါးခုလာဘ်ရ |ဆ-ကားဖျားနာ|
သတ္တ သူခိုး |သုန်းမူတစ်ဖန် |အိမ်မပြန်တည့်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ခရီသွားလိုပါက ထိုသွားလိုသောအရပ်ရှိ ဂြိုဟ်သက်ဖြင့်
မိမိ လက်ရှိ အသက်အား ပေါင်းပါ။
ပြီးလျှင် ၈-ဖြင့်စားပါ။
၁ အကြွင်းရရှိပါက မင်းစိုးရာဇာများ အထက်လူကြီးများ ပူဇော်ခံရမည်။
၂ အကြွင်းရရှိပါက ဆင်းရဲဒုက္ခကြုံတွေ့ရမည်။ ဆုံးရှုံးမည်။
၃ အကြွင်းရရှိပါက မိမိလိုရာခရီးရောက်မည်။ ပျော်ရွှင်ချမ်းမြေ့ရမည်။
၎ အကြွင်းရရှိပါက စိတ်ချမ်းသာရမည်။ဂုဏ်သတင်းမွှေးပျံ့မည်။
၅ အကြွင်းရရှိပါက လာဘ်လာဘပေါများမည်။ လက်ဆောင် ပစ္စည်းများစွာရရှိမည်။
၆ အကြွင်းရရှိပါက နေမကောင်းဖြစ်မည်။ ရောဂါရလာမည်။
၇ အကြွင်းရရှိပါက ပစ္စည်းပျောက်မည်။ သူခိုး အခိုးခံရမည်။
ဝ အကြွင်းရရှိပါက ထိုသွားသောအရပ်၌ သေတတ်သည်။ (သို့မဟုတ်) ခရီးကြံ့ကြာမည်။
အရှေ့အရပ်(တနင်္လာဂြိုဟ်သက်) ၁၅ နှော
အနောက်အရပ်(ကြာသပတေးဂြိုဟ်သက်) ၁၉ နှော
တောင်အရပ်(ဗုဒ္ဓဟူးဂြိုဟ်သက်) ၁၇ နှော
မြောက်အရပ်(သောကြာဂြိုဟ်သက်) ၂၁ နှော
အရှေ့တောင်ထောင့်အရပ်(အင်္ဂါဂြိုဟ်သက်) ၈ နှော
အနောက်တောင်ထောင့်အရပ်(စနေဂြိုဟ်သက်) ၁၀ နှော
အရှေ့မြောက်ထောင့်အရပ် (တနင်္ဂနွေဂြိုဟ်သက်) ၆ နှော
အနောက်မြောက်ထောင့်အရပ် (ရာဟုဂြိုဟ်သက်) ၁၂ နှော
Crd ... လင်းထင် ကျော်
Comments
Post a Comment