အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်
ဂဏန်းဗေဒင်ပညာ က ကိန်းဂဏန်းတွေနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုတွေကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ နာ မည် တစ်လုံးမှာ ဆိုရင် ကိုယ့် နာမည်ထဲမှာ ရှိတဲ့ သရ စကားလုံးတွေက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်း ရှိတယ် လို့ ပညာရှင်တွေကဖော်ပြထားပါတယ်။ 
ဒါကြောင့် နာမည်ထဲက သရ စကားလုံး (a,e,i,o,u) တွေ အားလုံးကို ပေါင်းပြီး ရလာတဲ့ ဂဏန်းက ကိုယ့်ရဲ့ ကံကြမ္မာ ကို သတ်မှတ်ပေးတဲ့ ဂဏန်းလို့ ဆိုရပါမယ်။ ဒီလို ပေါင်းတဲ့ အခါမှာ a =1,e=2 , i=3 ,o =4, u=5 လို့ ယူပြီး ဂဏန်း အားလုံးကို တစ်လုံးထဲ ရသည် အထိ ပေါင်းရပါမယ်။ 
ဥပမာ .. သင့်နာမည် အားလုံးပေါင်းခြင်း 99 ရတယ် ဆိုပါစို့ ။ 99=9+9=18 ရရင် 1 +8 =9 အထိရောက်အောင် ဆက်ပေါင်းရတဲ့ အတွက် သင့် နံပါတ်က 9 ဂဏန်းဖြစ်ပါတယ်။ 
၁ ဂဏန်း –
 ခေါင်းဆောင်နိုင်ခြင်းနဲ့ အင်အားပြည့်ဝခြင်းကို ပြပါတယ်။ တိုးတက်နိုင်ချေ အများကြီး ရှိသလိုထူးခြားတဲ့ ဖန် တီးနိုင်စွမ်း အပြည့်ရှိပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ ယုံကြည်ချက်တွေက ကိုယ်ချင်းစာစိတ်နဲ့ တစ်ယူသန် မထားတဲ့ အမြင် တို့နဲ့ ပေါင်းစပ်မှ အန္တရာယ် မပေးနိုင်တဲ့ အောင်မြင်မှုရပါလိမ့်မယ်။
၂ ဂဏန်း –
 ဒေါသဖြစ်နေတဲ့ လူတွေကြားမှာ အမြဲ ဖျန်ဖြေပေးနိုင်တဲ့ အစွမ်း ရှိတယ်။ ချီးကျုး ခံရဖို့ အသိ အမှတ်ပြု ခံရဖို့တွေကို သိပ် အလေးမထားတတ်ပေမဲ့ သူများ အတွက် အရမ်း စဉ်းစားပေးတတ်တဲ့ အတွက် ကိုယ့် အတွက် အလွယ်တကူ ပြဿ          နာတောထဲရောက်နေစေတာ ကို ရှောင်ကြဉ်နိုင်ဖို့ လိုပါလိမ့်မယ်။
၃ ဂဏန်း -
စွန့်စား ရတာကို ကြိုက်တဲ့သူဖြစ်မယ်။ အပြောကောင်းသူဖြစ်မယ်။ တစ်ခါ တစ်လေ အယူသည်းတာ၊ အာရုံစူးစိုက်မှု မရှိတာတွေ ဖြစ်တာက လွဲရင် လူတွေက သင့်ရဲ့ ရင်းနှီး လွယ်တဲ့ အမူအရာတွေကြောင့် နှစ်သက်သဘောကျမယ်။
၎ ဂဏန်း - 
သင့်မှာ များပြားလှတဲ့ အစွမ်းတွေ ရှိတယ်။ အောင်မြင်မှုကို လိုချင်ရင်တော့ စနစ်တစ်ကျ လုပ်တတ်ပြီးစိတ်ဓာတ် ခိုင်မာဖို့ အရမ်းအရေးကြီးပါတယ်။ သူများ ဆွဲဆောင်တိုင်း အလွယ်တစ်ကူမျောပါ မသွားဖို့ ခံနိုင်ရည်ရှိရမယ်။
၅ ဂဏန်း- 
စွယ်စုံ ရပြီး အလေ့အကျင့် အသစ်တွေကို အလွယ်တစ်ကူ ကျင့်သုံးတတ်တယ်။ အသစ် အဆန်းတွေကို လေ့ လာ ရတာ စိတ်ဝင် စားတယ်။ ဂနာမငြိမ်ဖြစ်တတ်တာနဲ့ စိတ်မရှည်တာက ကိုယ့်ရဲ့ အားနည်းချက် ပဲ ဖြစ် ပါတယ်။ တစ်ခုခု မှာ စွဲမြဲပြီး မလုပ်တတ်၊ တစ်နေရာတည်းမှာ စွဲမြဲပြီး မနေတတ် တာကြောင့် အမှားလေးတွေ မကြာခဏ လုပ်မိလေ့ ရှိတတ်တယ်။
၆ ဂဏန်း- 
အချစ်ရေး ၊ပေါင်းသင်း ဆက်ဆံရေးတွေမှာ အရမ်း ကျွမ်းကျင်မယ်။ အများ သဘောကျတာကို ခံရမယ်။ တစ်ချိန် တည်းမှာပဲ ဝေဖန်တတ်လွန်းတဲ့ အတွက် လူတစ်ချို့ ရဲ့ အမြင်လွဲမှုကို ခံရမယ်။ ကိုယ့်ရဲ့ အရည်အချင်း ကို အများအကျိုး အတွက် အသုံးပြုနိုင်ရင် ပိုကောင်းမှာ ဖြစ်ပါတယ်။
၇ ဂဏန်း
ကြည့်လိုက်တာနဲ့ ပညာရှိမဲ့ အသွင်၊ စဉ်းစားမြော်မြင်တတ်မဲ့ ပုံပေါ်တယ်။ အခက်အခဲတွေ ပြဿ      နာတွေကို မကြောက်ဘဲ ဖြေရှင်းနိုင်တယ်။ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့စိတ် မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် လူမုန်းခံရတာ မရှိဘဲ အောင်မြင်မှာ ဖြစ်ပါတယ်။
၈ ဂဏန်း
-မွေးရာပါ စီးပွားရေး ပညာရှင် လို့ ဆိုရအောင် စီးပွားရေး အကွက်မြင်တယ်။ စီမံ ခန့်ခွဲမှု ကျွမ်းကျင်မယ် ။ လက်တွေ့ ကျလွန်းပြီး ဟန်မဆောင်တတ်တဲ့ အတွက် ကြမ်းတမ်းတယ် လို့ လူတွေက သတ်မှတ်ခံရတတ်တယ်။ ရည်မှန်းချက် ကြီးလွန်းအားကြီးတယ်။
၉ ဂဏန်း-
ကိုယ့် အနားမှာ ရှိတဲ့ လူတွေအတွက် အကိုကြီး /အမကြီး တစ်ယောက် ပုံစံဖြစ်နေမယ်။ ဖန်တီးနိုင်စွမ်း ရှိပြီး စိတ်ကူးယဉ် ဆန်တယ်။ စိတ်ကူးကောင်းပေမဲ့ လက်တွေ့ အကောင်အထည် ပေါ်လာဖို့ကိုတော့ ကြိုးစားမှ ရလိမ့်မယ်။ တစ်ခြားသူတွေရဲ့ ရည်မှန်းချက်တွေပြည့်ဖို့ ထောက်ပံ့ပေးရုံနဲ့ ကျေနပ် မနေဘဲ ကိုယ် ကိုယ် တိုင် အတွက်လည်း ရည်မှန်းချက်ကြီးကြီး ထားပြီး တွန်းအားပေးသင့်တယ်။
Ref:higherperspectives
ခင်သူဇာ – Trend Myanmar
http://www.lwinpyin.com/2016/05/blog-post_7-4.html
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall