ရင်သားကြီးထွားဆေး ထိုးပြီးနောက် ရင်သားနှစ်ခု ခါးကို ရောက်သွားရတဲ့ အမျိုးသမီး
တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦး ဟာ သူမ ရဲ့ရင်သား အရွယ်အစား ကြီးမားစေဖို့အတွက် သူမကိုယ်တိုင် ဆေးထိုးခဲ့ပြီးနောက် သူမမျှော်လင့်ထားသလို ကြီးမလာဘဲ ရင်သားကို ရှာမတွေ့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမ ရဲ့ဝမ်းဗိုက်မှာ အတုံးကြီးနှစ်တုံး ပေါ်လာတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ 
ဆရာဝန်တွေက သူမ ကို စစ်ဆေးလိုက်ချိန်မှာတော့ သူမရဲ့ ရင်ဘတ်ကိုထိုးတဲ့ ဟိုက်ဒရိုဂျယ်ဟာ ဝမ်းဗိုက်ဧရိယာမှာ တစ်ဖြည်းဖြည်းချင်း သွားစုနေတာကို တွေ့ရှိခဲ့ရပါတယ်။
ယင်း အမျိုးသမီးဟာ ရင်သားကြီးထွားစေဖို့အတွက် Amazing Gel လို့ခေါ်တဲ့ ဆေးကို သူမရဲ့ရင်ဘတ်မှာ ထိုးနေတာ နှစ်ပေါင်း များစွာ ရှိနေပြီဖြစ်ကြောင်း အထူးကု ဆရာဝန်ကြီးတွေကို ပြောပြခဲ့ပါတယ်။
Amazing Gel လို့ခေါ်တဲ့ ရင်သားကြီးထွားဆေးဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးလှပြီး ရေရှည်မှာ ကျန်းမာရေး ကို ထိခိုက်နိုင်တာကို တွေ့ရပါတယ်။ ယင်းဆေးထိုးပြီးတဲ့နောက် ရင်သား ဟာ ချိုင်းကြားသို့ ရောက်ရှိခြင်း နဲ့ နောက်ကျော သို့ ရောက်ရှိသွားခြင်းတို့ ကြုံတွေ့ရသူများလည်း ရှိနေပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ခါးက အဝါရောင် ဂျယ်ပုံစံ အခဲနှစ်ခုကို ဆရာဝန်များက ခွဲထုတ်ပြီးတဲ့နောက် အခုအခါမှာတော့ သူမဟာ လုံးဝ ကျန်းမာသွားပြီ ဖြစ်ပါတယ်။   
Source & Photos : Metro
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall