လေယာဉ် ပျက်ကျခဲ့သည့် ဘောလုံးသမားများ၏ ဈာပန အခမ်းအနား

                          သေဆုံးသွားတဲ့ ခန္ဓာကိုယ်တွေကို ကိုလံဘီယာမှာ ပြင်ဆင်ထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။

လေယာဉ် ပျက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဘရာဇီးကလပ် ရှာပီကွမ်းစ် ဘောလုံးအသင်းရဲ့ ကစားသမားတွေ အလောင်းတွေကို ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာပြီးနောက် လတ်တလော ဝမ်းနည်းဖွယ်ရာ အကောင်း ဆုံး မြင်ကွင်းအဖြစ် မီဒီယာတွေက ဖော်ပြကြပါတယ်။

ရှာပီကွမ်းစ်ဘောလုံး ကစားသမား ၁၉ ဦး အပါအဝင် အသင်း ဝန်ထမ်းတွေ၊ ဂျာနယ်လစ်တွေပါ လေယာဉ်ပျက်ကျမှုထဲ ပါဝင်ခဲ့ပြီး စုစုပေါင်း ၇၁ ဦးသေဆုံးခဲ့ပြီးပြီဖြစ်ပါတယ်။ လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်းမြို့မှာ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဘရာဇီးကလပ် ရှာပီကွမ်းစ် နဲ့ ကိုလံဘီယာ ကလပ် အသလက်တီကိုနေစီယိုနယ် အသင်း တို့ရဲ့ ပွဲစဉ်ကို လတ်တလော ရွှေ့ဆိုင်းထားပေမဲ့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကစားဖို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်သွားဖွယ် ရှိနေပါတယ်။










ဒါပေမဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင် ကစားရမယ့် ကိုလံဘီယာ ကလပ်အသင်း အသလက်တီကို ဘက်ကတော့ လတ် တလောမှာ ပွဲကစားဖို့ ငြင်းဆန်းလျက်ရှိပါတယ်။

 " အဲဒီနောက်ဆုံးပွဲကို ကျွန်တော်တို့ ကစားဦးမှာ မဟုတ်ပါဘူး။ ကစားသမားတွေကိုလည်း ဒီအချိန်မှာ ကစားမလားလို့ မေးသင့်တဲ့အချိန် မဟုတ်ပါဘူး" လို့ အသလက်တီကိုနေစီယိုနယ် အသင်းဥက္ကဋ္ဌ နေပိုမြူစီနိုက ပြောကြားထားပါတယ်။



အသလက်တီကို အသင်းဘက်ကတော့ ဗိုလ်လုပွဲကို လုံးဝ ကစားချင်တဲ့ဆန္ဒ မရှိဘဲ ရှာပီကွမ်းစ်ဘောလုံး အသင်း ကိုသာ ချန်ပီယံ အဖြစ် သတ်မှတ်ကာ ဆုဖလားပေးဖို့ တောင်းဆိုထားပါတယ် ။


Source : Mirror
http://www.duwun.com.mm/sports/international/-id5841527.html




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ

မွေးနေ့ ဗေဒင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

နန်းမတော် မယ်နု

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

 
365myanmar.com - Myanmar Online Shopping Mall