နန်းမတော် မယ်နု
နန်းမတော် မယ်နု ဟု ဆိုလိုက်သည်နှင့် တိုင်းပြည် “ ခိုက် ” သောမြေး အဖွား (3) ဆက် ပထမ အင်္ဂလိပ် -မြန် မာ စစ်ရှုံးသူ မယ်နု ၊ သူ့သမီး ဆင်ဖြူ မရှင် ‘ နန်းတွင်း အာဏာလုပွဲ အတွက် မင်းတုန်းမင်း ၏ သားတော် (40)ကျော် ကို သတ် ကာ သီပေါမင်း ကိုသူ့ သမီး စုဖုရားလတ်နှင့် လက်ထပ်ပေးသူ၊ မြေး မတော် စုဖုရားလတ် သီပေါမင်း ကို ကျော်၍ အမိန့် မနာခံသော ဟု နာမည် ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြ သလို အင်း ဝရှိ မယ်နု အုဋ်ကျောင်း ကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။
ဟုတ်ပါသည် မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမ ဘဝ၏ အံ့ဖွယ် အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊အတ္တကြီးပြီး အကြောက် တရား ကင်း မှု၊ ဆင်ခြင်တုံ တရား နည်းပြီး တစ်ဇွတ်ထိုးနိုင်မှု တို့က သူမကို အထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
နန်းမတော် မယ်နုသည် ဖလံခုံ ရွာ ဇာတိထောင်မှူး သီဟကျော်စွာ ဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ် တို့မှ 18. June. 1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ် သည်။ မယ်နု သည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုး မဟုတ် သာမာန် အရပ်သူ တစ်ဦးသာ ဖြစ်သော် လည်း သူမဘဝတွင် ထူးဆန်းမှုကြီးကြီး မားမား (2) ကြိမ်ကြုံ တွေ့ခဲ့သည်။
မယ်နု ငယ်စဉ်က အိမ်မှ လူကြီးမိဘများနှင့် တစ်ရွာမှ တစ်ရွာသို့သွားလာရာ လမ်းဇရပ် တစ်ခု၌ အိပ်ကြ သည်။ မယ်နုက ထမင်းချက် တာဝန်ယူ၍ ချက်ပြုတ်ရာ မနက် မိုးလင်းသောအခါ မယ်နု ထမင်းချက် ခဲ့သောနေရာ၌ မှိုပွင့်ကြီး တစ်ပွင့် ပေါက်လာရာ လူကြီးများက အံ့ဘွယ် နိမိတ်ကောင်း ဟု မှတ်ယူကြသည်။
မယ်နု အသက် ၁၂နှစ် သမီးအရွယ် မြစ်ဆိပ်၌ ရေချိုးချိန် တွင် သူမ ၏ အနီရောင်ရေလဲ လုံချည် ကို စွန်ရဲ တစ်ကောင်မှ ချီယူ သွားပြီး အမရပူရ နန်းတော် အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး၌
ချထားခဲ့သည်။
ဘိုးတော်ဘုရား က လုံချည်ပိုင်ရှင်ကို ရှာဖွေ စစ်ဆေးဖော်ထုတ်ကာ မယ်နု ကို တောင်နန်း အပျိုတော် အဖြစ် ခန့်ထားလိုက်ရာမှ အရှုပ်တော်ပုံ ဖန်တီးမည့် အဓိက ဇာတ်ကောင်ကို ခေါ်မိသည့် အမှားကြီး တစ်ခု ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။
ကုန်းဘောင် မင်းဆက်တွင် နန်းသက် အရှည်ဆုံး ဘိုးတော်ဘုရား သည် (37)နှစ်ကြာ နန်းစံပြီး ဘကြီးတော် စစ်ကိုင်းမင်းကို အိမ်ရှေ့အရာ အပ်နှင်းပြီး ညီတော်သာယာဝတီ မင်းသား ကို ဒုတိယနှင့် ဘကြီးတော်၏ သားတော် စကြာ မင်းသားလေးကို တတိယ နန်းလျာထားသည်။
ဘကြီးတော်မှာ အိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာ မင်းသားလေးကိုမွေးပြီး ၁ ပတ်အကြာ 1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။
မယ်နုသည် စက်စက်ယိုအောင် လှသူဟု မဆိုနိုင်သည့်တိုင် ပကတိ ရုပ်ရည်ကားတည်ကြည်သည်။ အပြောချို၍ ကိုယ်နေဟန် အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏ နန်းမူရာမှာ နန်းတွင်းသူများ အတုယူရသည်အထိ မဟာဆန်သည်။ ယောကျာ်းတစ်ကာ တို့ နှစ်သက်ခံရပြီး ထိုအထဲတွင် အိမ်ရှေ့ မင်း ဘကြီးတော်
လည်းပါဝင်သည်။
အမရပူရနန်းတွင်း၌ အိမ်ရှေ့မင
မယ်နုသည် ပင်ကိုယ် ထက်မြက်သူပ
1819 တွင် မယ်နုသည် သူ့မောင်အရင်း ဖြစ်တဲ့ မောင်အို ကို စလင်းမြို့ကို စားစေပြီး နန်းတော်တွင်း သူမ ၏ အာဏာစက်ကို ခိုင်မာအောင် တည်ထောင်သည်။ ထို့အပြင်မောင်အို အား သတိုးဓမ္မရာဇာဘွဲ့ ချီးမြင့်လိုက်သလို ဘကြီးတော်ကလည်း သူ့ယောက်ဖအားမြှောက်စားသည့်
ရှေးခေတ်က မင်းသားများ၏ အဆင့်အတန်းကို ထီးဆောင်း အရေအတွက် အနည်းအများဖြင့် ခွဲခြားလေ့ရှိသည်။ ညီတော် သာယာဝတီမင်းပင် ထီးဆယ်ချက်သာ မိုးခွင့် ရှိ၍ယောက်ဖတော် မောင်အိုသည် ညီတော်အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်သည့်သဘော သက်ရောက်စေသည်။ နေ့ချင်းညချင်း မောင်အိုတန်ခိုးထွားလာသဖြင့
ထို့ကြောင့် နန်းတွင်း အားပြိုင်မှု (3) စုကွဲ ပေါ်ပေါက်လာသည်။
(1) နိုင်ငံရေး အာဏာပိုင်ဆိုင
(2) သူတို့၏ မဟာပြိုင်ဘက်များတွင် ဘကြီးေ
(3) စကြာမင်းသားခေါ် ညောင်ရမ်း မင်းသားလေးသည် မွေးဖွားစဉ်ကစကြာဝတေးမင်းတို့ ဘုန်းကြီးသည့်လက္ခဏာရပ်မျာြး
တိုင်းသူပြည်သားများက အလွန်ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အား ကို ပိုင်ဆိုင်သော ဘကြီးတော် ၏ တစ်ဦးတည်းသော သား ဖြစ်သဖြင့် ဘကြီးတော် က နန်းလွှဲလိုသည်မှာတွေးကြည့်ယ
ထို့ကြောင့်မောင်အို သည် စကြာ မင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာ အပ်နှင်းခြင်းကိစ္စကို အချိန်ဆွဲ သည်။ အသက် (20) ကျမှ နားထွင်းသည့်တိုင် နိုင်ငံရေးအာဏာကို မင်းသားလေးအား လွှဲမပေးခဲ့ချေ။
မယ်နုနှင့်မောင်အို သည် ဘကြီးတော်နှင့် မယ်နု နန်းစံသော (18)နှစ် လုံးလုံး သာယာဝတီမင်း ကို အသိ အမှတ် မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။ ထိုခေတ်က မယ်နုကြောက်ရသူ တစ်ဦး ရှိသည် ထိုသူမှာ ဆရာတော် ဦးဗုဓ်ဖြစ်သည်။
သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နုတို့ကကျောင်းဆောက် လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင် မဟာအောင်မြေဘုံစံ ဟု ကမ္ပည်းထိုးကာ ညောင်ကန် ဆရာတော် ဦးပို အား လှူဒါန်းခဲ့သည်။
တစ်နှစ် အကြာတွင် ဆရာတော် ဦးပို ပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ် အား ထပ်မံလှူဒါန်းခဲ့သည်။ အုတ်ကျောင်း အကျယ်အဝန်းမှာ အလျား 192 ပေ၊ အနံ 112 ပေ နှင့် အမြင့် 94 ပေ ရှိပြီး ကျောင်းတည်ဆောက်ရာတွင် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင် ဒဏ်ကြောင့် ပြိုကျခဲ့ရာ နန်းမတော် မယ်နု ၏ သမီးတော် ဆင်ဖြူမရှင် က သက္ကရာဇ် 1872 ခုနှစ်တွင်
ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ကျောင်းကြီးကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီး မယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နု အုတ်ကျောင်း ဟု ထင်ရှားခဲ့သည်။ ပညာရှင်များ ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာ လက် ရာများ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံင်္ ပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သား တံခါးများကို ‘အသံ’ များ ဖန်တီး တပ်ဆင်ပုံ တို့ကြောင့် ခံ့ညား
ဘကြီးတော် နန်းတက် ဘိသိက် မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သော အခါ၌ မဏိပူရစော်ဘွား မ တက်ရောက်ချေ။ မဏိပူရစော်ဘွားကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ အင်္ဂလိပ်ပိုင်နယ်ထဲ အထိ ဝင်ပြေး သဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿ နာ’ငြိ’လာရာမှ အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။ စစ်သူကြီးမဟာဗန္ဓုလ သည် ရခိုင်တွင် စခန်း ချကာ မြဝတီမင်းကြီး ဦးစက ပန်းဝါတွင် အင်္ဂလိပ်တို့ ကို အနိုင်တိုက် သည်။ မြန်မာတပ်များ ဘင်္ဂလားနယ် အထိ ရောက်နေသဖြင့် အင်္ဂလိပ် ဘုရင်ခံပင် ကျီးလန့်စာစားနေရ သည်။
ဗန္ဓုလ သာ စစ်တကောင်း ထိ တက်တိုက်၍ ဖိအားပေးခဲ့မည် ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာ ခတ်သွားနိုင် သည်။ အင်္ဂလိပ်တို့သည် ထိုအခြေအနေ ကို ရိပ်စားမိသဖြင့် ရန်ကုန်ဖက်မှ ပတ်ဝင်၍ တန်ပြန် တိုက်စစ် ဆင်သော ဗျူဟာကို သုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည
ထိုအချိန် သာယာဝတီလို အဆင့်မြင့် မင်းသား က ရန်ကုန်သို့ ဆင်း၍ ကာကွယ်ရန် သူစုဆောင်း ထား သည့် လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံ တိုက်ခိုက်လိုကြောင်း တင်ပြသည်။ ဘကြီးတော် က လည်း သဘောတူကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက် စလင်းမင်းသားကြီးမောင်အိုနှ
ဘကြီးတော်လည်း အရိပ်ကို ရန်သူ ထင်၍ နောက်ဆုံးတွင် မဟာဗန္ဒုလ ပြန်လာသည်အထိ စောင့်ပြီးမှ သွားရောက်တိုက်ရန် အမိန့်ချလိုက်လေသည်။ ထို့ကြောင့် ရခိုင်မှပြန်လာမ
သာယာဝတီမင်း၏ တပ်များသည် ရန်ကုန်သို့ ချီ၍ ကျိုက်ကလို့ တွင် တပ်ချထားသည်။ အင်္ဂလိပ်တို့ က သာယာဝတီ ၏ တပ်ကို ဝိုင်းတိုက်ေ
ဗန္ဒုလ ဓနုဖြူတွင် ကျသွားသဖြင့် အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင် ၄၀ သာဝေးသည့် ရန္တပို ရွာသို့ရောက်မှ စစ်ပြေ
အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အို တို့ဖြင
မောင်အိုသည် မိမိရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော သာယာဝတီမင်းကို ရှင်းရန် ဓားပြမှုဖြင့် အမှုဆင်ကာ သာယာဝတီမင်း ၏ အိမ် ကို လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီ ဘက်မှ လူများ ခုခံရင်း ဧရာဝတီမြစ်ကို ကူး၍ ရွှေဘိုသို့ ထွက်ပြေး ရှောင်တိမ်း သည်။ မယ်နု တို့ကိုပြည်သူများ မနှစ
လူသူ စုဆောင်းကာ 1837 ဖေဖော်ဝါရီ လတွင် အင်းဝကို ဝိုင်းသည်။ ၂ လ အကြာတွင် အောင်မြင်ပြီး ဘကြီးတော် စစ်ကိုင်းမင်း ကို နန်းချကာ မယ်နုကို အကျယ်ချုပ် မောင်အိုတို့လူစုကို ထောင်ထဲ ပို့လေသည်။ အရာရာသည်နေ့ချင်းညချင်း ပြောင်းလဲသွားသည်။ မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့် အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိသမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည် နန်း တင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့က နန်းကျ ဘုရင်အား ဘာအကြောင်းမှ မပြန်တော့ချေ။
သာယာဝတီမင်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာ ထားသော်လည်း မောင်အို တို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလ တွင် ကွပ်မျက် လိုက်သည်။ နောက်ဆုံး သာယာဝတီမင်း သည် 12 May 1840 တွင်မယ်နု အား သေဒဏ် ချမည်ကို မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုပေးသည့် အနေဖြင့်
ဘုန်းရှင် ကံရှင် မယ်နု တစ်ယော
“မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်” ဟု မိန့်ဆိုလိုက်သည်။ မယ်နု လည်း ဦးချပြီး ပြန်ဆင်းလာရာလှေကားအရောက်တွ
ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့ လှည့်၍ကြည့်သည်ဟူ၍လည်း မရှိ၊
ဗုဒ္ဓ တရားတော်ကို အတိုချုပ် သေ
” ငါ့ရှင် ၊ သင်၏ မျက်စိတို့သည် ကြည်လင်ကုန်၏ ၊ အရေအဆင်းလည်း
သန့်ရှင်းစင်ကြယ်ကုန်၏ သင်သည် အဘယ်သူကို ရည်၍ ရဟန်းပြုသနည်း ၊
အဘယ်သူက သင်၏ ဆရာနည်း၊ အဘယ်သူ၏ တရားကိုနှစ်သက်သနည်း
ရှင်အဿ ဇိတ က “ငါ့ရှင် ၊ ငါသည် အငယ်သည် သာတည်း ၊ အဘိဓမ္မာကို
အကျယ် အားဖြင့် သင့်အားဟောကြာ
အကျဉ်းအားဖြင့် သော်ကား အနက်ကို ငါဆိုအံ့ ဟုဆိုကာ ယေဓမ္မာ ဂါထာကို
ဟောတော်မူ၏။ အဓိပ္ပါယ်ကား.........................
“အကြင် တရားတို့သည် အကြောင်းလျှင် အမှန်ရှိကုန်၏
ထိုအကြောင်းကို မြတ်စွာဘုရားဟော၏
ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းရာလည်း ရှိ၏
ထိုချုပ်ခြင်းကိုလည်း မြတ်စွာဘုရားဟော၏
ငါ၏ ဆရာရဟန်းကြီးသည် ဤသို့ အယူဝါဒရှိ၏”
မယ်နုသည် ထိုဂါထာတော်ကို ချင့
ဤအကြောင်းတို့ ချုပ်ငြိမ်း ခြင်းကား ရန်ညိုး ရန်စ တို့ကို
နားလည် သွားခဲ့သည်။
သတ္တဝါတိုင်း သူ့ထိုက် သူ့ကံ ဖြစ်သည်ဆိုလျှင် တစ်နည်းအားဖြင့် ငါ့ထိုက် ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်က တရားကား သူမ အတွက်တော့ အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်နု ဝမ်းသာသွား ရှာသည် ။ ထိုနေ့ နေ့လည်ပိုင်းတွင် မယ်နု သည် ဘကြီးတော်အား နောက် ဆုံး သွားရောက် ကန်တော့ နှုတ်ဆက်ခဲ့သည်။
နှစ်ပေါင်းများစွာ ဘဝ ၊ အသက် ၊ ရာထူးစည်းစိမ် ၊ နိုင်ငံတော် အရာအားလုံး သူ ပိုင်ဆိုင်နိုင်သမျှကိုပေ
နန်းမတော် မယ်နု ။ ။ “မောင်တော်ဘုရား နှမတော် ဒီကနေ့ ဘဝပြောင်းရတော့မှာဖြစ်လို့ မောင်တော်ဘုရား ကိုနောက်ဆုံးနှုတ်ဆက် ရှိခိုး ကန်တော့ခဲ့ပါတယ် ဘုရာ
ဘကြီးတော်သည် သလွန်ပေါ်မှ နန်းမတော် မယ်နု၏ ဆံ ကေသာကို လက်ဖြင့် အသာယာထိထားသည်။ အရှုံးများစွာ ရှုံးပြီးနောက် အချစ်ဆုံးသူ ကို သေကွဲခွဲ ဆုံးရှုံးရမည့် အချိန်တို့ ဆိုက်ရောက်လာပြီဖြစ်သဖြင့် စိတ်သောကမီး တို့ စိတ်နှလုံးကိုလောင်ကျွမ်းကာ
ဘကြီးတော်သည် မျက်ဝန်းများ မှ
ဘကြီးတော် ။ ။ “နှမတော်ရယ် ၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှ မရှိခဲ့ပါဘူးကွယ်”
ဘကြီးတော်၏ ချစ်ခြင်းမေတ္တာကား လေးစားစရာ ကောင်းလှသလို ထိုအတွက်ျေနာင်တ တစ်စုံတရာလည်
နန်းမတော် မယ်နု။ ။ “မောင်တော်ဘုရားရယ် ၊ နှမတော်ရဲ့ နောက်ဆုံး ဝင်သက် ၊ ထွက်သက် မရပ်သွားမှီ နှမတော်ရဲ့ဘဝကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တ
သမီးတော်လေး ။ ။ “မယ်မယ် ဘုရား၊ သမီးတော်ကလေး ကို ပစ်ထားပြီး ဘယ်ကို သွားနေတာလဲဘုရား သမီးတော်လေးမှာ လွမ်းလို့သေရတော့မယ်ဘုရား”
နန်းမတော်မယ်နု ။ ။ “မယ်မယ် ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်း မယ်မယ် ဘုရားလေ အရေးကြီးတဲ့ ကိစ္စရှိလို့ ဟိုး….. အဝေးကြီးကို ခရီးထွက်ဖို့ ရှိသေးတယ်။ သမီးတော်လေး ခမည်းတော် ဘုရားနဲ့ အတူ လိမ်လိမ်မာမာနေခဲ့နော် ၊ မယ်ဘုရား စကားကို နားထောင်ပါကွယ်။”
သားအမိနှစ်ဦး ပါးချင်းအပ်ကာ ငိုရင်း.........................
သမီးတော်လေး ။ ။”ဟင့်အင်း ဒီတစ်ခါတော့ သမီးတော်လေးကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရားနဲ့ လိုက်မှာပဲ ”
ခမည်းတော် ၊ မယ်တော် ၊ သမီးတော်ကလေးတို့ မိသားစု အသိုက် အမြုံပြိုကြွဲ
မင်းမှုထမ်း ။ ။ “မိဘုရားကြီး ထွက်ခွာဖို့ အချိန်ကျပါပြီလိ
နောက်ထပ် မင်းမှုထမ်း တို့သည် မယ်နုဆီ ဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသ
သမီးတော် ကလေး ။ ။ “မသွားရဘူး မယ်မယ် ဘုရား ဘယ်ကိုမှ မသွားရဘူး ၊ သွားရင်သမီးတော်လေး လည်း လိုက်မှာပဲ ” ဟု တစ်စာစာအော်ဟစ်နေရာ မယ်နု၏နားများအတွင်း ပဲ့တင်ထပ်ကာ တဖြည်းဖြည်း ဝေးသွားလေတော့သည်။ ကြေးတိုက်မှ လာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင် လှည့် မကြည့်တော့ချေ။ နေလုံးကြီးသည် ဝင်းလက်သော အလင်းရောင်တို့ကိ
တောင်သမန်အင်းရေပြင်အနီး သို
ကုန်းဘောင်ခေတ်၏ မွန်းတည့်ချ
သတ္တဝါအပေါင်း ချမ်းသာကိုယ်စိ
သုခုမ အလင်းတန်းများ
Ref:
-နန်းမတော်မယ်နုရှာပုံတော်(
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး)
Tin Maung Hlaing
Comments
Post a Comment