အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ



ဆေးခြောက်ဟာ ကိုယ်တွင်း အင်္ဂါများနှင့် အရေပြား ကင်ဆာ အချို့ကို တိုက်ဖျက်နိုင်စွမ်း ရှိပြီး ဆေးလိပ်သောက်ခြင်းနှင့် ဆန့်ကျင်စွာ အဆုတ် ကို သန့်စင်စေသော ဆေးဘက်ဝင် ပစ္စည်းဖြစ်သည်။ 

သုံးနှစ်နှင့် အထက် ဆေးခြောက်သုံးစွဲသူ အများစုဟာ သက်တူ ရွယ်တူများ ထက် ၃ နှစ် မှ ၅ နှစ်ခန့် အထိ နုပျိုနေသည်ကို တွေ့ရှိ ရပြီး စိတ်အာရုံ စူးစိုက်မှု အားကောင်းကာ သင်ယူနိုင်စွမ်း ပိုရှိကြောင်း တွေ့ရှိရ သည်။
အပေါ်ယံ အရေပြားတွင် ဖြစ်တတ်သော ဝက်ခြံ တင်းတိတ် နေလောင်ခြင်း များကို ပြန်လည်ပြုပြင်ပေးသော အစွမ်းသတ္တိ ရှိသည်။
ဆေးခြောက်သည် အရက်သေစာ ကဲ့သို့ မူးယစ် ရမ်းကား လိုစိတ်များ မဖြစ်ပေါ်စေဘဲ ဘိန်းကဲ့သို့ ထိုင်းမှိုင်း လေးလံမှုများလည်း မဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်။
ကျန်းမာရေး အတွက် အကျိုးကျေးဇူး များစွာ ရှိသဖြင့် အမေရိကန် ပြည်ထောင်စု ပြည်နယ် အတော်များများတွင် ဆေးခြောက် တရားဝင် သုံးစွဲခွင့်ပြုပြီ ဖြစ်သည်။
ဘိန်းထွက် ပစ္စည်းဖြစ်သော မူးယစ်ဆေးများ
ဆေးရွက်ကြီးထွက်ဖြစ်သော စီးကရက်များ
အယ်ကိုဟော အမျိုးမျိုးဖြစ်သော အရက်သေစာများ အစား
ဘေးထွက်ဆိုးကျိုး မရှိသော ခန္ဓာဗေဒ ဆိုင်ရာ အကျိုးပြုသော ဆေးခြောက် ကို အစားထိုး သုံးစွဲဖို့ နိုင်ငံအစိုးရ အတော်များများ အလေးပေး စဉ်းစားနေကြပြီ ဖြစ်သည်။
မြောက် ကိုရီးယားတွင် ကျန်းမာရေး သိပ္ပံ ပညာရှင်များ ထောက်ခံချက်ဖြင့် ဆေးခြောက် ကို တရားဝင် သုံးစွဲခွင့် ပြုခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

အမေရိကန် အစိုးရက ဆေးခြောက် (Marijuana/Cannabis) ဟာ ကင်ဆာ ကလာပ်စည်း များ (Cells) ကိုသေစေ ပျက်ဆီး နိုင်တယ်လို့ လက်ခံလိုက် တာ ကြောင့် ကမ္ဘာနဲ့ အ၀ှမ်း တုန်လှုပ်သွား ရကြောင်း Mirror အွန်လိုင်း သတင်း တစ်ရပ် မှာ ဖော်ပြထားပါတယ် ။
Global Health အဖွဲ့ရဲ့ ခန့်မှန်း တွက်ချက်မှု အရ ကင်ဆာရောဂါ ဟာ ယနေ့ ကမ္ဘာ့ လူသား တို့အား နေ့စဉ် လူ ၂ သောင်းကျော် သေဆုံးစေတယ် လို့ ဆိုပါတယ်။
အမေရိကန် အစိုးရရဲ့ ကျန်းမာရေး သုတေသန တွေ့ရှိချက်များ အရ ဆေးခြောက်ပင် ရဲ့ အာနိသင်ထဲမှာ နိုးကြွစေတဲ့ ဓာတ်တစ်မျိုး ပါဝင်နေပြီး အဲဒီ ဓာတ်က ကင်ဆာ ဆဲလ် များကို သုတ်သင်ပေး သလို ကင်ဆာ ရောဂါ ကြီးထွား ပြန့်ပွားမှု အတွက် လိုအပ်သော သွေးကြောများကို ပိတ်ဆို့ နိုင်သည် ဟုဆိုပါသည်။ ထို့ကြောင့် ကင်ဆာရောဂါ အား ဟန့်တားပေးနိုင် သည်ဟု ဆိုပါတယ် ခင်ဗျာ။





ဆေးခြောက်ရဲ့ အဆိုပါ အာနိသင် အစွမ်းများ ကို ကြွက်တွေနဲ့ စမ်းသပ်ချက်များ အရ ကင်ဆာ ဆဲလ်ကို နှိမ်နင်းပေးသလို အခြား ပုံမှန်ဆဲလ်ကောင်း တွေ ကိုလည်း အကာအကွယ်ပေး တယ်လို့ သိရပါတယ်။
ဆေးခြောက်မှာ ပါဝင်တဲ့ အဓိက ဓာတ်များ က အူမကြီး ကင်ဆာ၊ အသည်း ကင်ဆာ၊ ရင်သား ကင်ဆာနဲ့ အခြား ရောဂါ ဖြစ်စေတဲ့ ဆဲလ်တွေကို ဆန့်ကျင် တိုက်ခိုက်နိုင်တဲ့ အာနိသင် ရှိတာကို တွေ့ရတယ် လို့ဆိုပါတယ်။
ထို့အပြင် ကင်ဆာရောဂါ ကို ဓာတု ကုထုံး (chemotherapy) နဲ့ ကုသ ရာမှာ ဆေးခြောက် ဟာ ဘေး ထွက် ဆိုးကျိုး မရှိဘဲ ဓာတု ကုထုံး ရဲ့ အာနိသင်ကို မြှင့်တင်ပေး နိုင်တယ် လို့လည်း အဆိုပြု တင်ပြ ထားပါ တယ်။
အထက်ပါ သုသေတန စမ်းသပ်ချက် အများစုဟာ တိရိစ္ဆာန်များ အပေါ် စမ်း သပ်ချက်များ (Animal Studies) မှ လေ့လာ တွေ့ရှိချက်များ ဖြစ်ပြီး လူသားများ အပေါ်တွင် ဆေးခြောက် ဟာ အလားတူ အာနိသင် ရှိ မရှိကို အချိန်ယူပြီး ဆက်လက်လေ့လာ ရအုံး မည်ဟု ထင်မြင်ကြောင်း တင်ပြအပ် ပါသည် ခင်ဗျာ။


Credit by: Dr Aung Gyi

========================================================


အထက်ပါ သတင်းနှင့် ပတ်သက်၍ အငြင်းပွားလိုသူများအတွက် သက်သေ အဖြစ် သတင်းမူရင်း လင့် များကို ဖော်ပြ ထား ပါတယ်ခင်ဗျာ။


Reference:
US government finally admits that cannabis kills cancer cells
http://www.mirror.co.uk/…/government-finally-admits-cannabi…
Marijuana Kills Cancer Cells, Admits the U.S. National Cancer Institute
http://naturalsociety.com/marijuana-kills-cancer-cells-adm…/
US government says cannabis kills cancer cells
http://www.telegraph.co.uk/…/US-government-says-cannabis-ki…
The US Finally Admits Cannabis Kills Cancer Cells
http://www.collective-evolution.com/…/the-us-finally-admit…/



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

မွေးနေ့ ဗေဒင်

လကြတ်ခြင်း

 
365myanmar.com - Myanmar Online Shopping Mall