မြန်မာ့ သမိုင်း
မြန်မာ့ သမိုင်း ကို သက်ကြီး စကား သက်ငယ်ကြား မဟုတ်တဲ့၊ သဘာဝ ယုတ္တိ မတန် တာတွေ ပုံပြင် သက် သက် ပြောခဲ့တာတွေကို ဖြုတ်ပစ် သင့်ပေမဲ့ မဖြုတ် ခဲ့တဲ့၊ ဖြည့်သင့် တာတွေကိုလည်း မဖြည့်ခဲ့တဲ့၊ ပြုံ ပင် နဲ့ သမိုင်း နဲ့ ခွဲမရအောင် တွဲနေတဲ့ သမိုင်း ပုံပြင်တွေ ထားတဲ့ "မြန်မာ အကြိုသမိုင်း" အကြောင်းကို ရသလောက် စုစည်း တင်ပြလိုက်တာ ဖြစ်ပါ တယ်။
ဒါတွေ အပြင် ရှေးနှစ် သန်းပေါင်း များစွာက မြန်မာ့ မြေပေါ်မှာ ရှင်သန် နေထိုင်ခဲ့ကြ တဲ့ သတ္တဝါတွေ နဲ့ ရေမြေတောတောင် အနေအထားနဲ့ ပတ်သက်တဲ့ အသစ်တွေ့ရှိချက်တွေ ကိုလည်း စုစည်းပေးထားပါတယ်။ရှမ်းကုန်းပြင်မြင့် အနောက် ကန်းလျှောက ပဒတ်လိုဏ် (ပြဒါးလင်း) အမှတ် (၁) မှာ နံရံဆေးရေး ရှိ တယ်။ အဲဒီ အရုပ်တွေဟာ အရင် အနှစ် ၂၀,ဝ၀ဝ က ၁၀,ဝ၀ဝ အတွင်းရေးဆွဲ ခဲ့တာတွေ ဖြစ်ပါတယ်။
မြန်မာ့ အကြို သမိုင်း လေ့လာရေးက နုသေးတော့ ဒီမှာ တွေ့ ထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းနဲ ကျောက် လက် နက်တွေက နည်းသေးတယ်။ ဒီတော့ရှေးလူတွေရဲ့အနေအထိုင် အစားအသောက် အခြေအနေတွေကို စုံအောင်မပြောတတ်သေးပါ။ တစ်ခြားကလေ့လာ ပြီးသမျှနဲ့ စပ်ဟပ်ပြီး သရုပ်ဖော်ရမှာဖြစ်ပါတယ်။
အောက်က လူဆင့်ကဲ ဖြစ်စဉ် ပုံမှာ မြန်မာ ဘက်က အညာသား ဆိုတာ ဂျာဗာလူ၊ ဘေဂျင်လူ နဲ့ တတန်းတည်း ဟိုမို အိရက်တပ်စ် (မတ်ရပ်လူ) အဆင့် ရောက်ပြီးပါပြီ။ သူနဲ့ ဆိုင်တဲ့ အထောက် အထားတွေ အရ အရင် အနှစ် ၄၀ဝ,ဝ၀ဝ က စပြီး ရှိနေပါပြီ။
တခြား ဒေသတွေမှာတွေ့ရတဲ့ လူတွေ လိုပဲ အညာသား ရဲ့ဘဝ ကိုလည်း နေရာဒေသ ဆိုင်ရာ သဘာဝ အနေအထားက ပုံသွင်းပေးမှာ ဖြစ်ပါတယ်။ တစ်မျိုး ပြောရရင် သူနေရတဲ့ အပူပိုင်း တောထဲက စားလို့ ဖြစ်တဲ့ အပင်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေကို စားမယ်။ သူ့လိုပဲ အပင်တွေမှ ရတဲ့ အစာကို စားတဲ့ (အခု မျိုးတုံးပြီ ဖြစ်တဲ့) အကောင်တွေကို လူက သတ်ဖြတ်စားမယ်။
ရေအိုင်ရေကန်တွေက ရေချိုငါး ကို မျှားစားမယ်။ အပူ အအေး၊ မိုး၊ လေ နဲ့ သတ္တဝါကြီးတွေရဲ့ အန္တရာယ် က ကင်းလွတ်အောင် ဂူထဲမှာ ခိုအောင်း နေမယ်။ သူ နေထိုင် ခဲ့တဲ့ နေရာက မြန်မာ အထက်ပိုင်း ဖြစ်လို့ သူ့ကို ခပ်လွယ်လွယ် အညာသားလို့ နာမည် ပေးထား ပါတယ်။ သူက မုဆိုး တံငါ ဖြစ်ပါတယ်။ တစ်ခြားအမျိုးက မိန်းမ ကို အတင်း ဖမ်းယူ လာပြီး အိမ်ရာ ထူထောင်မယ်လို့ ပြောနိုင်ပါတယ်။
တစ်ကယ် က ရန်သူ လာတိုက်ပြီ ဆိုလျှင် မိန်းမတွေကပြေးရ ပုန်းရတယ်။ ရန်သူ အသာရပြီ ဆိုရင် အထီး ကို သတ်၊ အမကို သားမယား ပြု မြဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေးလူတွေဟာ ကိုယ့် အမျိုး ထဲက မိန်းမကို မယူဘဲ အမျိုးလွတ်တဲ့ မိန်းမ ကို ခိုးယူ ပေါင်းသင်းတယ်လို့ ပြောနိုင်ပါတယ်။
ရှေးဦး လူတွေရဲ့ မိသားစုမှာ အမျိုးသမီး က ထားရာမှာနေ ဆိုသလို အောက်တန်းကျတဲ့ အနေ မျိုးနေရ တယ် လို့ ထင်ရင် မှားမယ်။ လင်မယား ဖြစ်တဲ့ အခါ ကိုယ်စီ ကိုယ်ငှ ကိုယ်စွမ်းရာ
မယားက တောလည်ပြီး စားကောင်းမယ့် အသီးအရွက်၊ အခေါက်အမြစ်နဲ့ ငှက်ဥ ရှာပေးပ
ဒီလို ကိုယ်စီ ကိုယ်ငှ စွမ်းရာက အမှုထမ်း တာကို ခါတိုင်းပြောနေကျ တာဝန် ခွဲဝေထားတယ်လို့ ပြောရင် အတိအကျ မမှန်ပါ။ လင်ရော မယားပါ ပူးတွဲပြီး မိသားစု အစားအစာနဲ့ အန္တရာယ် ကင်းဖို့ တာဝန် ယူကြတာဖြစ်တယ်
သူ့ကြောင့် မိသားစုဟာ ကြီးထွားပြီး အားကောင်းလာပါတယ်။ ဂူ နံရံမှာ အမျိုးသမီး ကဏ္ဍ ကို တစ်လေး တစ် စား နေရာပေးထားပုံကို တစ်ဘက် စာမျက်နှာမှာပြထားပါတယ်
သားသမီး ငယ်ငယ်နဲ့သေရင်လူတစု
ကျောက်ဟောင်း ခေတ် လူတွေ နေထိုင်ခဲ့တဲ့ အရပ်တွေမှာ ဗိနပ်စ် ကို ရုပ်လုံး ရုပ်ပြား နံရံဆေးရေး အမျိုးစုံ
တွေ့ရတတ်ပါတယ်။ ကျောက်ဟောင်း ကာလက လူတွေဟာ အင်မတန် လိုလား တမ်းတကြပုံပေါ်ပါတယ်။
မြန်မာမြေ က မုဆိုး တွေဟာ တောကျွဲ၊ မွေးရှည်ဆင်၊ ရေခဲသမင် နဲ့ ဝက်ဝံ လို အကောင်ကြီးတွေ ကို သတ်ခွင့် ရမယ် မထင်ပါနဲ့။ အဲဒီ အကောင်တွေက သမပိုင်း ဇုံမှာ မှ ရှိတတ်တာ မျိုးပါ။ ဒီမှာလည်း အခု ကျွဲ၊ နွား၊ ကြံ့၊ ဆင်၊ ဆိတ်၊ မြင်း၊ သမင် ဆိုတဲ့ သတ္တဝါ တွေရဲ့ အထက် ရှေးသတ္တဝါ ကိုပဲ ကိုယ်နဲ့ နီးစပ်တဲ့ တောထဲမှာ လိုက်လံ ဖမ်းဆီး သတ်ဖြတ်ရမှာ ဖြစ်ပါတယ်။ တစ်ချို့အကောင်ရဲ့ ပုံ ကို ပဒတ်လိုဏ် (ပြဒါးလင်းဂူ) အမှတ် (၁) ရဲ့ အလယ် နံရံမှာ တွေ့ရမှာ ဖြစ်ပါတယ်။
ရှမ်းကုန်းပြင်မြင့် အနောက် ကုန်းလျှော က ပဒတ်လိုဏ် (ပြဒါးလင်း) အမှတ် (၁) မှာ နံရံ ဆေးရေး ရှိတယ်။ အဲဒီ အရုပ်တွေဟာ အရင် အနှစ် ၂၀,ဝ၀ဝ က ၁၀,ဝ၀ဝ အတွင်း ရေးဆွဲ ခဲ့တာတွေ ဖြစ်ပါတယ်။
ရှေးဟောင်း ကာလက လူရိုင်းတွေ သုံးတဲ့ လက်နက် ဆိုရင် ကျောက် သက်သက် မဟုတ်ဘဲ၊ သစ်သား တင်း ပုတ်တွေ၊ ဝါးချွန်တွေ၊ လောက်လွှဲတွေ ဖြစ်ပါတယ်။ ကျောက်ဟောင်း ကိရိယာ ကို ခေတ် ကိရိယာ နဲ့ ရှင်းပြ မှ ဒါတွေကို ဖြစ်အောင် ဘယ်လိုလုပ်ပြီး၊ ဘယ်လို အသုံး ချမယ်ဆိုတာ မှန်းဆနိုင်မှာ ဖြစ်ပါတယ်။
စင်းလုံးချော သွေးထားတဲ့ လက် ပုဆိန်တစ်ခုကို ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုံရွာ တစ်ဖက် မိုးကြိုးပြင် မှာ (ကောက်) ရတယ်။ အဲဒီ ကျောက် ဖိစပ်ဖူး လက်နက်မှာ ကျောက်သစ် ကာလ လယ်သမား၊ ယာသမား ဟာ သားငါး စား ရဖို့ မုဆိုး တံငါ တစ်ပိုင်း လုပ်နေရတုန်း ဆိုတဲ့ သက်သေခံချက် တစ်ခုကို တွေ့ရတယ်။
လေးမြားကို မိုးများ က မိုးပါး ကာလ ကို အကူး၊ အရင် အနှစ် တသောင်း အထက် ကပဲ တီထွင် သုံးစွဲခဲ့ကြတာ ဖြစ်လို့ အမဲလိုက်ရာမှာ ရှေးကထက် ပိုပြီး ကျင်လည်လို့ သားကောင် အရ များမယ်။
အခုလို ခေတ်ကာလ ရောက်တော့ ရန်ဖြစ်ကြရင်လည်း နှစ်ဖက်စလုံး လေးမြား စွဲကိုင်ပြီး တိုက်ခိုက်ကြမယ် ထင်ရပါတယ်။ မြန်မာ တံငါ တွေဟာ ကနေ့ထိ ကျောက်ခေတ်ဟောင်းက တံငါတွေ သုံးခဲ့တဲ့ ဝါးယက်သဲ့ လို ငါးဖမ်း ကိရိယာတွေ သုံးနေကြဆဲ ဖြစ်တယ်လို့ ယူဆ ပါတယ်။ အဲဒီ ကိရိယာ တွေက ကြမ်း၊ ခရာ၊ ဆင်လိမ်၊ ဆောင်း၊ ဆုတ်ကပ်၊ ဒိုင်းဝန်း၊ ဓမင်း၊ပက်ခွံပုံ၊ ရင်ကွဲမြုံး အစရှိသဖြင့် ဖြစ်ပါတယ်။
ကျောက်ခေတ်သစ် တော်လှန်ရေး စပြီ ဆိုရင် လူတွေဟာ လွင်ပြင်မှာ ရှိတဲ့ သစ်တောကို ခုတ်ထွင်ပြီး စိုက်ခင်းတွေ လုပ်တယ်၊ ရွာ တည်တယ်၊ တိရစ္ဆာန် မွေးတယ်။ အနောက် အာရှ မှာ ဆိုရင် ကျောက်ခေတ်သစ်ဟာ အရင်နှစ် ၉၀ဝ၀ က ၅၀ဝ၀ အထိ ရှည်ကြာ ခဲ့ပါတယ်။
မြန်မာ မှာ ဆိုရင် အရင် အနှစ် ၈၀ဝ၀ လောက်က ဆန် ကို စိုက်ပျိုး စားသောက် ကြမယ်လို့ ထင်ရတယ်။ ပြီးတော့ ကျောက်သစ် ကာလ ဟာ အရင် အနှစ် ၃၀ဝ၀ အထိ ရှိနေ သေးတယ်လို့ ထင်ရတယ်။ အပင် စိုက် တာနဲ့ အကောင် မွေးတာ ဘယ်ဟာက အရင် ကျသလဲ ပြောဖို့ ခက်ပါတယ်။ ပြိုင်တူ လည်း ဖြစ်နိုင်ပါ တယ်။
ဒေါက်တာ သန်းထွန်း
Tin Maung Hlaing
Comments
Post a Comment