မွန် မင်းသမီး ရှင်စောပု အင်းဝ မှ ထွက်ပြေးခြင်း



မွန် မင်းသမီး ရှင်စောပု သည် အဆင်း လှပြီး၊ စိတ်သဘောထားမှာလည်း အလွန် သိမ်မွေ့လေ၏။ မိုးညှင်း မင်း တရား၏ မိဖုရား အဖြစ် ထပ်မံ ချီးမြှောက်ခြင်းခံရသည့် အပြင် နန်းတွင်းရှိ အမတ်များ အားလုံး၏ လေးစားခြင်းလည်း ခံရသူဖြစ်သည်။

ရှင်စောပု စံရာ နန်းဆောင်သည်လည်း မိဖုရားခေါင် နီးပါး သားနားရာ မိုးညှင်း မင်း ၏ အချစ်ဆုံး မိဖုရား တစ် ပါး ဖြစ်လေ၏။

မိုးညှင်းမင်း ၏ မြှောက်စားခြင်း ခံရသော်လည်း မိမိ၏ စိတ် အစဉ်မှာမူ၊ မူလဌာနေ ဖြစ်ရာ ဟံသာဝတီသို့သာရောက်နေဟန် ရှိ လေ၏။

အေဒီ ၁၄၂၈ ခုနစ်တွင် ဟံသာဝတီ မှ မွန် ရဟန်း နှစ်ပါး အင်းဝနေပြည်တော် သို့  ကြွလာရာ မွန်မင်းသမီး ရှင်စောပု သည်လည်း မွန် ရဟန်း အင်းဝနေပြည်တော်တွင် သီတင်းသုံးနေကြောင်း သိသော် မွန် ဘာသာဖြင့် ဟောသော တရား နာလို သဖြင့်ရဟန်းတော်နှစ်ပါး ကို နန်းတော်သို့ ပင့်ကာဆွမ်းကပ် တရားနာလေ၏။

ရှင်စောပုလည်း ဆွမ်းကပ် လှူ ဒါန်းပြီး ဆက်ကပ်စရာ အလှူ တော်များ လှူ ဒါန်းလေ၏။ ထို အခါ မွန် ရဟန်းတော်မှ ရှင်စောပု အား အင်းဝတွင် ပျော်သလော ဟု မေးမြန်းရာ ရှင်စောပုလည်း မိမိ၏ စိတ်ရင်းအမှန်ကိုလျှောက်ထားလေရာ ရဟန်း နှစ်ပါး စိတ်မကောင်း ဖြစ်လေ၏။

ထိုမှ ရဟန်းနှစ်ပါး မှ စိတ်မပူလေနှင့် လွတ်မြောက်အောင် ကြံဆောင်ပေးမည်ဟု ကတိပေးလေ၏။ မွန် ရဟန်းနှစ်ပါး သည် ဗဟုသုတ နှံ့စပ်သော ရဟန်းများ ဖြစ်လေရာ ဆေးတစ်မျိုးဖော်စပ်ပြီး ရှင်စောပု ကို သောက်စေလေ၏။


ထိုဆေးသောက်ပြီး နောက်တွင် ရှင်စောပု သည် ၀မ်းမှ အနီ၊အ၀ါ စသဖြင့် သွားလေရာ နန်းတွင်း သမားတော် ကို ခေါ်ပြလေသည်။ သမားတော်လည်း ရောဂါဆန်းဖြစ်ကြောင်း ဖြေဆေး ကို အစွမ်းကုန် ရှာပေးမည် ဟု လျှောက်တင်ကာ ၁ ပတ် တိတိ မရှာဖွေနိုင်ပဲ ဖြစ်နေလေသည်။

မိုးညှင်းမင်း လည်း အလွန် စိုးရိမ်တော်မူနေစဉ် မွန် ရဟန်းနှစ်ပါး မှ အခစား ၀င်ကာ ရှင်စောပု ၏ ရောဂါ ကို မိမိ တို့ ကြည့်ရူလိုပါသည်၊ မိမိ တို့ စွမ်းသော် ကုသနိုင်ပါမည်၊ ဟံသာဝတီတွင် ဖြေဆေး မျိုးစုံ ရှိသည် ဟု ဘုရင် ကို မိန့်လေရာ မိုးညှင်းမင်း လည်း အရှင်ဘုရား တို့ စွမ်းလျှင် ကုသပေးတော်မူပါ ဟု ရှင်စောပု ကို ကုသရန် ခွင့်ပြု လေ၏။

ရှင်စောပု ၏ ရောဂါဆန်းကြောင့် အပျို တော် များလည်း အနား မကပ်ရဲဘဲ ရှိနေသည်။ ထိုအချက် ကို အ   ခွင့်ကောင်းယူကာ ရှင်စောပု အား ကယ်ရန် မိမိတို့၏ ရဟန်း သိက္ခာ ကို ချကာ သာမဏေ အဖြစ် နေလေ ၏။


ကုသသည့်နေ့ မှ စပြီး နေ့တိုင်း နေ့လည်စောင်းတွင် သေတ္တာ တစ်ခု ကိုနန်းတွင်း သို့ သယ်ဝင်လေသည်။ ရဲမက် တို့ စစ်ဆေးသော် ဆေးဥ ဆေးမြစ် သာ တွေ့လေသည်။





ရှင်စောပု ၏ အတွင်းဆောင်တွင် ရှင်စောပု အား ကုသဟန် ပြုနေလေ၏။ ပြီးလျှင် ရှင်စောပု ၏ အရောင်   စွန်း သော ထဘီ တို့ကို ညနေစောင်းတိုင်း သေတ္တာကြီး ဖြင့် နေတိုင်း သယ်လေ၏။ ရဲမက် တို့ စစ်ဆေးသော် ထဘီ တို့ကိုသာ တွေ့လေ၏။ ထိုသို့ ၄ ရက်တိုင်အောင် ပြုလုပ်သော် ရဲမက် တို့လည်း ၅ ရက် မြောက်နေ့ တွင် မစစ်ဆေးတော့ပေ။ မွန် ရဟန်း ကိုမြင်သည်နှင့် မစစ်ဆေးဘဲ လွှတ်ပေးလေ၏။

နောက် ကယ်ထုတ်မည့်နေ့တွင် မွန် ရဟန်း နှစ်ပါးသည် သဘောင်္ဆိပ်တွင် လှေ သင်္ဘော အသင့် စီစဉ် ထားလေ၏။ မိမိတို့ လှည်းတွင်လည်း ဓါး များ ထည့်ကာ ၀ှက်ပြီး ယူလာစေ၏။ အင်းဝ နန်းတော် သို့ သေတ္တာ ဖြင့် ၀င်သော် ရဲမက် တို့မှ မွန်ရဟန်းကို သိနေသဖြင့် မစစ်တော့ပေ။ မွန် ရဟန်း တို့လည်း
အပြန် တွင် သေတ္တာထဲသို့ ရှင်စောပု ကို နေစေလေသည်။

အပြန် တွင်လည်း ရဲမက်တို့ စစ်ဆေးခြင်း မရှိ။ နန်းတော် မှ ထွက်ပြီး ရဲမက်တို့ မျက်စိရှေ့မှ လွှတ်သည်နှင့်  မွန် ရဟန်း တို့လည်း အလျင်အမြန် ရေဆိပ် ကို ကပ်ကာ လှေဖြင့် အလျင်အမြန် အောက်ပြည်သို့ စုန် ဆင်းလေသည်။

ရဟန်းနှစ်ပါး တို့သည် ပရိယာယ် ရှိသူများဖြစ်လေရာ မြို့ တံခါးမှ လူတစ်စု ကို ဒုန်းစိုင်းပြေးထွက်စေ လေ သည်။ ညနေ စားတော်ခေါ်ချိန်ရောက်သော် အပျို တော် တို့လည်း နန်းဆောင် အပြင်မှ စားတော် သယ်လြာ ပီး အတွင်းတော်သို့ ၀င်ရန် အခွင့်တောင်းစဉ် အတွင်း မှ အသံ မကြားသဖြင့် ၀င်ကြည့်ရာ ရှင်စောပု ကို မတွေ့  သဖြင့် အလျင်အမြန် ဘုရင်ဆီ လျှောက်တင်ကြလေသည်။

မိုးညှင်းမင်း လည်း သတင်းကြားသည်နှင့် ချက်ခြင်း မိမိ ၏ ရဲမက် အများကို စေလွှတ်လေသည်။ ဗိုလ်မှူးများ လည်း နန်းတော် မှ ထွက်လာပြီး မြို့တံခါး မှူးအား စစ်မေးသော် တံခါးမှူး မှ ညနေစောင်းတွင် လူတစ်စု ဒုန်းစိုင်း မြင်းစီး ထွက်သွားကြောင်း လျှောက်တင်လေရာ ဗိုလ်မှူး လည်း မြို့တံခါးမှ အပြင်းလိုက်လေ၏။

သို့သော် ရှင်စောပုမှာမူ ရေကြောင်းဖြင့် စုန်ဆင်း သွားလေရာ မည်သူမှ မသိလိုက်ပေ။ ရှင်စောပု လည်း မ  ကြာသောရက်တွင် ဟံသာဝတီ သို့ ပြန်ရောက်လေ၏။ ဟံသာဝတီ ကို မင်းပြုနေသော ရှင်စောပု ၏
နောင်တော် ဗညားရံ သိသော် ၀မ်းမြောက်ဝမ်းသာ ဖြစ်လျက် တစ်ခမ်း တစ်နားဖြင့် ကြိုဆိုလေ၏။

ထိုသတင်း ကို မိုးညှင်းမင်းကြားလေရာ ရှင်စောပု သည် မိမိထက် သူ ၏ တိုင်းပြည်၊ အမျိုး ကို ချစ်မြတ်နိုးကြောင်း သုံးသပ်ပြီး မိမိချစ်သောသူ စိတ်သဘောအတိုင်း ရှိစေတော့ ဟု ဆိုကာ ရှင်စောပု အတွက်နှင့် ဟံသာဝတီ ကို စစ်မပြုတော့ပေ။

ထိုအခါမှ ရှင်စောပုသည် ဟံသာဝတီတွင် နေကာ မိမိ နောင်တော် လွန်သော် ဟံသာဝတီနန်း ကို သိမ်းကာ ဘုရင်မ အဖြစ် ဟံသာဝတီ ကို အုပ်ချူ ပ်ခဲ့သေး သည်။



(ဟံသာဝတီ သမိုင်း ကို နောက်ပိုင်းတွင် အကျယ်ရေးသားပါမည်)

Posted by သမိုင်း ပုံရိပ်

Tin Maung Hlaing


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

စားကောင်းသလောက် အခန့်မသင့်ရင် အသက်ကိုပါ နှုတ်ယူနိုင်တဲ့ တည်သီး

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

သီတင်းကျွတ် လပြည့် . အဘိဓမ္မာ အခါတော်နေ့

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

 
365myanmar.com - Myanmar Online Shopping Mall