အိမ် နှင့် လောကီပညာ
အိမ်တစ်အိမ် ဆောက်ရင် ... အဓိက ၃ ချက် ရှိတယ် ။ အိမ် ပနက် အိမ် ဦးရင်တိုင် လှေကား အဲ့ဒါ အဓိက ဘဲ။ မဆောက်ကောင်းသော အိမ် အိမ်ပျံ အိမ်ရင်ကွဲ အိမ်ပလ္လင် အိမ်ဖိုခနောက် အိမ်နွား အိမ်ပတ္တလား ကျောင်းနှင့် တူသောအိမ် မဆောက်ကောင်းပါ ။ ရင်ကွဲ အိမ် (ကွဲ...သေ) ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်) သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်) အဲ့ဒီ အိမ်တွေမှာ ထုပ်ယောက် မိုက်ဖွဲ့ပြီး ၃ နဲ့ စားလို့ ပြတ်ရင် ၃ လ အတွင်း လူသေဖို့ ၁ ၀၀% ပါ ။ အိမ် ပတ္တလား နဲ့ အိမ်နွား က ဆင်းရဲရုံဘဲ ရှိတယ် လူမခိုက်ပါ ။ အိမ်မှာ သစ်စုံန်းပါရင် သစ်မင်း စိုက်ထားပါ။ အိမ်ထက် အိမ်သာ မကောင်းစေသင့် အိမ်အရင် အိမ်သာ မဆောက်ကောင်း ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။ အိမ်တိုင်တွေကို ကြေးပြားမှာ စည်းချ ဂါထာ ရေးပြီး အောက်က ခံရင် ကြီးပွားတိုးတက်စေပါတယ် ။ မီးမခနိုင် ဧည့်သည် ကောင်းများလာစေတတ် ။ လောင်မီးစက် မခ နိုင် ။ မိစ္ဆာ များမနေနိုင်ပါ။