မြေကြီး ပြိတ္တာ
ဘယ်လောက်ပင် စားရ စားရ၊ တစ်ဝမ်း ၀ရုံပဲ။ ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊ အရေပြား ဖုံးရုံပဲ။ ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာ ရှိရှိ၊ သေရင် ထားပစ်ခဲ့ရတာချည်းပဲ။ ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။ နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင် ၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓ က ယခုလို ဆုံးမခဲ့၏။ ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်း ရှိလျှင်လည်း ဘုဉ်းပေးပါ။ မရှိလျှင် ဆွမ်းခံ၍ စားပါ။ လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။ မရှိလျှင် ပံသကူ သင်္ကန်း ရှာ၍၀တ်ရုံပါ။ လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။ မရှိလျှင် သစ်ပင်အောက်တွင် နေပါ။ လှူသူရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။ မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။ ထို အဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊ မလိုက်နာသူ များသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး ဆင်းရဲရပေသည်။ ဆင်းရဲသွားသော