အပျိုကြီး
အပျိုကြီးသည် အရှက်မျက်နှာကို ဝှက်၍ တစ်ဝက်တစ်ပျက် ပေါ်နေသော သူ့တင်ပါးကို အသာအယာ ဆွဲဖုံးလိုက်၏ ။ ပြီးနောက် လိမ်နေသော ခါးကိုပြန်လည်တည့်မတ်ကာ တစ်ဆတ်ဆတ်တုန်သော လက်တို့ဖြင့် ထမီကိုပြင်ဝတ်လေသည်။ " အမယ်မင်းရယ်တဲ့မှပဲ ... အမေ ဘယ်အချိန်ကတည်းက ရောက်နေပါလိမ့်နှော် " ... ဟု စိတ်ထဲမှ တွေးသည်။ ဖော်မပြတတ်သော အမျိုးအမည်မသိ ဝေဒနာကြီးသည် အပျိုကြီး နှလုံးသားကို မထိတထိ ကလိနေဘိသို့ရှိလေ၏။ "ဟဲ့ မေးနေတာ မကြားဘူးလား ညည်း ဘာလုပ်နေတာလဲဆို " ဒုတိယံမ္ပိ မေးလိုက်သံက ရှက်စိတ်ပြွမ်းလျှက် အသက်ပင် ထွက်ချင်နေသော အပျိုကြီးကို မိုးကြိုး ပစ်ချလိုက်သလို ရှိ သည်နှင့် အပျိုကြီးမှာ တတ်နိုင်လျှင် သည်နေရာက အမြန်ဆုံး ပြေးထွက်သွားချင် မိလေသည်။ အပျိုကြီးသည် သူ့အမေကို တည့်တည့်မကြည့်ရဲ ။ ကြွေပြားအဖြူ ကပ်ထားသော မီးဖိုခန်းထဲမှနံရံကိုသာ သတိလက်လွတ်ကြည့်နေ၏။ နံရံပေါ်ရှိ အိမ်မြှောင် တစ်ကောင်သည် အပျိုကြီးကို သနားသည့်အလား ကျွတ် ကျွတ် ကျွတ် ဟု စုပ်သပ်နေလေသည်။ အပျိုကြီးသည် အကြောက်လွန်၍ ရေငတ်သလို လည်ချောင်း ခြောက်သလိုဖြစ်လာ ၏။ သူသည် အသံ အစ်အစ်ကို အားစိုက် ညှစ်ထုတ်လိုက်ကာ - "ရေ ... ရေ ရေနွေးအိုး တည်မလို့ပါ