မင်း အိုမင်းလာတဲ့အခါ
၁
မင်း အိုမင်း ဖျော့တော့လာတဲ့အခါ
မီးလျှံ အလင်းရောင်ဘေးမှာ
စာအုပ် တစ်အုပ်ကို ဖြေးညင်းစွာ ဖတ်ရင်း
မင်း အတိတ်က မြင်ဘူးခဲ့တဲ့
နက်ရှိုင်းစွာ အရိပ်တွေကို သီဖွဲ့ရင်း ။
၂
ကျက်သရေ အပြည့်နဲ့ ရင့်ကျက်စွာ
မှားမှန် နှစ်ထွေ လောကဓံ တရားကို ချစ်မြတ်နိုးစွာ
မြင့်မြတ်တဲ့ စိက်ဝိဉာဏ်ကို ပျိုးထောင်
ပြောင်းလဲနေတဲ့ မျက်နှာပေါ်က ဇရာကို ချစ်ခင် လက်ခံရင်း ။
၃
ဝရံတာ ရဲ့နံဘေးမှာ
တီးတိုးစွာ ရေရွတ်
တစ်ခါ တစ်ရံတော့လည်း ဘ၀ကိုလွမ်
မေတ္တာတရားတွေကို ဖြန့်ကျက
ရေမြေတောတောတောင် အနှ့
ကရုဏာတရားနဲ့ ကြယ်စင်တွေ အကြားဆီ
ကြယ်ရောင် လရောင်လို တောက်ပရင်း။
သစ္စာငြိမ်း
William Butler Yeats
ရဲ့ when you are old ကို မှီငြမ်း ရေးဖွဲ့သည်
Crd ; မင်းမင်းဇော်မောင်
Comments
Post a Comment