မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ်
ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲ ထားရုံဖြင့် ဘယ်လို ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ? ကြည့်မှန် ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ? အိမ်တွေ ဆိုင်တွေ မှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ? စတဲ့ မှန်တစ်ချပ် ရဲ့အသုံး ဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။ ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။ ဆန်းဗေဒင် မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ် က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင် သလို................. မိမိ အိမ် က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာ ရှိ ပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။ နောက်ပြီး မျက်နှာချင်းဆိုင် အိမ် က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိ အိမ်နဲ့ တည့်တည့် ကျရင် မိမိ အိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေ က မြန်မာ ဆန်းဗေဒင် မှာရော တရုတ် ဖုန်းရွှေပညာမှာ ပါရှိတဲ့ အကြောင်း အရာတွေပါ။ အဲဒီလို နေအိမ် ၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင့်သော တိုက်၊