သတိ ပညာ ဥာဏ်မြေကတုတ် ပညာ ချွန်းကဲ့သို့ အုပ်
အခုလည်း တစ်ယောက် နဲ့တစ်ယောက် သူခိုး ယိုးခံရတာတွေမရှိဘူး လား။ အတင်းပြောခံရတာတွေ မရှိဘူးလား ။ အပုပ်ရည် သွင်းတဲ့ စကားမျိုး အ ပြောခဲ့တာ မရှိဘူးလား ......... အဲဒီလို ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးဆင်ခြင် သုံးသပ်လိုက်မယ် ဆိုလို့ရှိရ င် .. အကြောင်း ရှိလို့အကျိုး တရားေ တွပေါ်တာပါလား ... လို့သိရင် စိတ်ဆိုးစရာ လိုသေးသလား။ စိတ်ဆိုး စရာ မလိုတော့ဘူးနော်။ အကြောင်း ရှိသလောက် အကျိုးတရားပေါ်တာကွဲ့။ အဲလို သိတော့ ကြွေးဟောင်းကား မကျေလား။ ကြွေးသစ် ကား တင်သေးရဲ့လားဟဲ့။ အဲလို စိစစ်ဖို့မကောင်းလား။ **ဝိဥာဏ်မြင် သမ္မုတိသစ္စာ ဘက်က ပြန်ကြည့်လိုက်ရင် အဲဒီလို အပုပ်ရည် သွင်းတဲ့ စကားမျိုး အပြော ခံရတဲ့ အခါမှာ ကိုယ့် ခန္ဓာကိုယ်ကြီး လှည့်ပြီးတော့ သတိ နဲ့ ကြည့်ဖို့ကောင်းတယ်နော်။ အဲလိုပြောဆိုတဲ့ အခါ ကိုယ့် ခန္ဓာကိုယ်ကြီး က အသား အရေ လျော့သလား အသားအရေ မလျော့ ရင် စိတ်ဆိုး စရာ မလိုဘူးပေါ့ ။ တစ်နည်းအားဖြင့် အပ် နဲ့ထိုးသလို ဒီလိုကား နာရဲ့လား ဒီလို ဆိုလည်း စိတ်ဆိုး စရာ မလိုဘူးကွဲ့နော် ။ ခန္တီ ပရမံ တပေါ-သည်းခံခြင်းမြတ်တယ် ဆို တာ အဲ သလိုလည်း ပြန်ပြီးတော့ သမ္မုတိ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ ကောင်းတယ်ကွဲ့နော