ခန္ဓာ နှင့် နွား ဥပမာ
ဆရာတော်။ ။ ဒီ ခန္ဓာကိုယ်ကို နေ့စဉ် ဘာလုပ
ဒကာကြီး။ ။ပြုပြင်ပေးနေရပါတယ် ဘုရား။
ဆရာတော်။ ။ ဒီအတိုင်း လွှတ်ထားရင် ဘာဖြစ်မ လဲဗျာ။
ဒကာကြီး။ ။ချေးညှော်တွေ နဲ့ နံစော်လာ မှာပေါ့ ဘုရား။
ဆရာတော်။ ။ ဥတုကို ဆန့်ကျင်ရင်ကောဗျာ။
ဒကာကြီး။ ။ ဖျားမယ် နာမယ် ဖြစ်လာမှာပါ ဘုရား။
ဆရာတော်။ ။ အစာ မကျွေးရင်ကောဗျာ။
ဒကာကြီး။ ။ ငတ်မွတ်ပြီး သေနိုင်ပါတယ်ဘုရား။
ဆရာတော်။ ။ ဒါဖြင့် သူ့ အတွက် ဝန်မလေးနေဘ
ဒကာကြီး။ ။ မှန်ပါတယ်ဘုရား။
ဆရာတော်။ ။ သူ့ကို စွန့်ဖို့ကော စိတ် မကူးဘူးလား။
ဒကာကြီး။ ။ တစ်ခါ တစ်လေတော့ စိတ်ကူး သလိုရှိပါတယ်ဘုရား။
ဆရာတော်။ ။ အေးဗျာ စိတ်ကူး မနေကြနဲ့ ကျွဲနွား ကို အစာကျွေးပြီး ခိုင်း ရသလို သူ့ကိုနေ့စဉ်ဆေးကြော
သုတ်သင်ပြုပြင်ရမယ် အစာကျွေးပြီး ခိုင်း မယ် ခိုင်းပုံ ကောနားလည်ရဲ့လားဗျာ့။
ဒကာကြီး။ ။ အမိန့်ရှိမှ သိရပါမယ် ဘုရား။
ဆရာတော်။ ။ တရား အလုပ် လုပ်ခိုင်းပေါ့ဗျာ ကျွဲနွား မရှိဘဲ လယ်လုပ်ငန်း စပါးလုပ်ငန်း မပြီးနိုင် သလိုခန္ဓာ
မရှိဘဲ တရား မရနိုင်ဘူးဗျာ့။
ဝေဘူ ဆရာတော် ဘုရားကြီး
အားလုံးကျမ္မာ ချမ်းသာကြပါစေ။
https://www.facebook.com/
AShin Thiri Ta စာမျက်နှာမှကူးယူပူဇော်ပါသည
သာဓု သာဓု သာဓု။
နှလုံးသားမေတ္တာ ၀ိပဿနာ
Comments
Post a Comment