ပကတိ အေးဆေး တည်ငြိမ်သူ ဖြစ်လိုလျှင် မြတ်ဗုဒ္ဓ ၏ တရား ကို နှလုံးသွင်းပါ
~ စိတ် လှုပ်တိုင်း မမြဲဘူး ဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဖို့ စိတ်သည် လှုပ်ရှားခြင်း ကင်းကာ ငြိမ်သက် ပိပြားလာသည်။
~ စိတ်ကို အလို မလိုက်ဘဲ ဥာဏ် ကွပ်ကဲလျှင် စိတ်သည် ဥာဏ်အောက် ၌ အမိန့်နာခံ ရိုကျိုး ကာ ခေါင်း မထောင်နိုင်ဘဲ လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။
~ စိတ် ကို ဥာဏ်ဖြင့် ကွပ်ကဲခြင်း သည် စိတ္တာနုပဿ နာ ကျင့်စဉ် ပင်ဖြစ်သည်။ ထို ကျင့်စဉ် အရ စိတ် ကို နိုင်ရုံမျှ မက စိတ် အကြောင်းကို မှန်မှန် ကန်ကန် ပိုမို အသေးစိတ် နားလည်နိုင်သည်။
~ ချစ်သူတွေ့တွေ့၊ မုန်းသူတွေ့တွေ့ မတုန်လှုပ်စေရန် ဥာဏ်ဖြင့် ထိန်းနည်း သည် စိတ္တာနုပဿ နာခေါ် ပေါ်စိတ် တုန်လှုပ်စိတ် ကို အပျက်တရား ဟု ရှုသတ်သော နည်းပင်ဖြစ်သည်။
~ နောက်ဆုံး သေခြင်းတရား ကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။
ရုပ် နာမ် ကို ယထာဘူတ ကျကျ သိသွားနိုင်သည်။
~ ကိုယ့် အကြောင်း သူ့ အကြောင်း လူတွေ အကြောင်း ကောင်းကောင်းကြီး သိသည်။
~ ငယ်ရွယ်သူများ မှတ်ဥာဏ်ကောင်းလိုလျှင် ဤနည်း ကို ကျင့်ပါ။ စိတ်များ ကြည်လင်၍ မှတ်ဥာဏ်ကောင်း လာမည်။
(ရွှေဥမင်ဆရာတော် ဘုရားကြီး သြဝါဒ)
https://www.facebook.com/ 777396522270350/photos/ pb.777396522270350.-2207520 000.1433740444./ 953947754615225/ ?type=3&theater
ရွှေဥမင် ဓမ္မသုခ တောရရိပ်သာ စာသင်တိုက်.မင်္ဂလာဒုံ စာမျက်နှာမှ ကူးယူပူဇော်ပါသည်။
https://www.facebook.com/
ရွှေဥမင် ဓမ္မသုခ တောရရိပ်သာ စာသင်တိုက်.မင်္ဂလာဒုံ စာမျက်နှာမှ ကူးယူပူဇော်ပါသည
သာဓု သာဓု သာဓု။
Comments
Post a Comment