လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်
ခုနှစ်စဉ်ကြယ် ကို ကျွန်တော်တို့ တော်တော် များများ သိကြသည်။ မြောက် ဘက် ကောင်းကင်ယံ တွင် အလွန် ထင်ရှားသော ကြယ် အစုအဝေး ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ လူမျိုးများ အတွက် ခုနှစ်စဉ်ကြယ် သည် မြန်မာ ဂဏန်း (၇) နှင့် ပုံသဏ္ဍန် အားဖြင့် အလွန်ပင် နီးနီးစပ်စပ် တူညီသည့် အတွက် ခုနှစ်စဉ်ကြယ်ဟု ခေါ်ခဲ့ကြသည်ဟု ထင်မိပါသည်။ မြန်မာတို့က ခုနှစ်စဉ် ကြယ် ဟု အမည်ပေးခဲ့သည့် အပြင် ကြယ်များကိုလည်း ဦးခေါင်းဘက် မု စတင်၍ ကြာသပတေးကြယ်၊ အင်္ဂါကြယ်၊ စနေကြယ်၊ ဗုဒ္ဓဟူးကြယ်၊ သောကြာကြယ်၊ တနင်္ဂနွေကြယ်၊ တနင်္လာကြယ် ဟု အစဉ်အတိုင်း ကြယ်တစ်လုံးစီ ကို အမည်ပေးခဲ့ကြသည်။ အတိုကောက် အားဖြင့် နေ့သင့် နံသင့် ကဗျာသဏ္ဍန် အမည်ပေးခဲ့ကြသည်။ ကဗျာ မှာ မ,စက်,တတ်,လေ၊ သည်း,အူ,ကြွေ၊ ရေလေ အစ၊ ဦးခေါ်င်းက ဟူ၍ဖြစ်သည်။ နေ့သင့် နံသင့်ပြန် ဆိုကြည့်ပါက အထက်ပါ အစီအစဉ် အတိုင်း ကြယ်များ၏ အမည်ကိုတွေ့ရမည် ဖြစ် သည်။ ခုနှစ်စဉ်ကြယ် အပြင် အချို့နေရာများတွင် ကြယ်ရေမှုတ်၊ ကြယ်မိချောင်း စသည်ဖြင့် အခေါ်အဝေါ်များလည်း ရှိခဲ့သည်။ သို့သော် အမေရိကန် လူမျိုး များ အမြင်တွင် ဟင်းခတ်သည့် ယောက်ချို ဇွန်းကြီး ပုံသဏ္ဍန် ရှုမြင်ခဲ့ကြသည်။ သို့အတွက် ယောက်ချိုဇွန်ြး ကီး (Big Dipper) ဟုခေါ်ခ