အောင်မြင်ချင်ရင် ကိုယ့်အကြောင်းကို အရင်စဉ်းစား
သင်ဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်လား.... ? ဒါဆိုရင် သူများအကြောင်းတွေ လေ့လာဖို့ထက် ကိုယ့်အကြောင်းကို သိဖို့ ပိုအရေးကြီးပါတယ်။ ဘီဂိတ်လ် မနက်ကျရင် ဘာလုပ်လဲ ဆိုတာကို သိဖို့ထက် သင် မနက် ကျရင် ဘာလုပ်မှာလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ 
စတိဂျော့ ဟာ ဘာလုပ်လို့ အောင်မြင်သွားတယ် ဆိုတာထက် သင့် အနေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ပိုအရေးကြီးပါတယ်။ (အောင်မြင်တဲ့ သူတွေကို မလေ့လာရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကို အရင်လေ့လာဖို့လိုတယ်လို့ ပြောတာပါ။)
.
သေချာတာ ကတော့ ဘီဂိတ် ဟာ သူ့ရှေ့က အိုင်းစတိုင်း ကို အားကျနေတာထက် စာရင် သူ့အောင်မြင်မှုကိုပဲသူ ခေါင်းထဲထည့်တယ်။ စတိဂျော့ဟာ ဂရေဟမ်ဘဲလ် ကို ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်မယ့်အစား သူ့အလုပ်ကိုပဲ သူကောင်းအောင်လုပ်တယ်။
.
အောင်မြင်ချင်တဲ့ သူတစ်ယောက်အနေ နဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်ကို လေ့လာတာ ကောင်းပါ တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့ အပြုအမူတွေကို လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ 
ကိုယ်ဟာ ဘယ်လိုလူလဲ။ ကိုယ်ဟာ ဘာဖြစ်ချင်တာလဲ ။ ကိုယ့် အားသာချက်က ဘာလဲ။ ကိုယ့် အားနည်းချက် က ဘာလဲ။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်သင့်ပါတယ်။
Ref: (Focus Youth)
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall