လျှပ်စစ်မီး ဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်
ယခုနောက်ပိုင်း လူငယ် အများစုဟာ အိပ်သည့် အခါတွင်လည်း လျှပ်စစ်မီး ကို မပိတ်တော့ပဲ တစ်ညလုံးထွန်းထား တတ်ကြ ပါတယ်။ တစ်ချို့ သူတွေဆိုရင် မီးဖွင့်ပြီး အိပ်မှ အိပ်ပျော်ကြပါတယ်။ လျှပ်စစ်မီး ဖွင့်ပြီး အိပ်ခြင်းဟာ ကိုယ်ခံအား စနစ်ကို ဆိုးဆိုး ရွားရွား ထိခိုက်စေနိုင်တယ်လို့ ဆေးသုတေသန တစ်ခုက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ 
မီးဖွင့်ပြီး အိပ်တယ် ဆိုတာ ည အိပ်မီး မှိန်မှိန်လေး ထွန်းတာကို ပြောခြင်း မဟုတ်ဘဲ ပုံမှန် လျှပ်စစ် မီးသီး နဲ့ မီးချောင်း များကို ဖွင့်ပြီး အိပ်တာ ကို ဆိုလိုတာ ဖြစ်ပါတယ်။ အလုပ် လုပ်စဉ် မှာလည်း အခန်း တွင်း လျှပ်စစ်မီး နဲ့ လုပ်တယ်။
အိမ်ရောက်တော့လည်း အခန်းတွင်းအောင်းပြီး လျှပ်စစ်မီး နဲ့ နေတတ်ကြပါတယ်။ ပြင်ပ အလင်းရောင်နဲ့ ပုံမှန် ထိတွေ့မှု မရှိတဲ့အခါမှာ အဲဒီလို လူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ နေရ ထိုင်ရ မအီ မသာဖြစ် လာတတ်ပါတယ်။ 
လျှပ်စစ်မီး အလင်းရောင်အောက်မှာပဲ အမြဲ လိုလို နေရတဲ့ အတွက် စိတ်မကြည်လင်ပဲ ထိုင်းမှိုင်း လာခြင်း၊ ရောဂါများ အလွယ်တစ်ကူဖြစ်တတ်သည်အထိ ကိုယ်ခံအား ကျဆင်းခြင်းများကို ဖြစ်လာစေပါ တယ်။
နယ်သာလန်နိုင်ငံ လိုင်ဒန်ဆေး တက္ကသိုလ်မှာ ကြွက် များကို စမ်းသပ်တဲ့ အခါ မီး အလင်းရောင်အောက် မှာ လပေါင်း များစွာ အထား ခံရတဲ့ ကြွက်တွေဟာ ကိုယ်ခံအား နည်းလျော့နည်းလာပြီး ကျန်းမာရေးဆိုးရွားလာတာကို တွေ့ရှိရပါတယ်။ 
ဒါကိုကြည့်ပြီး လျှပ်စစ်မီးတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ် ကိုလည်း ထိခိုက်စေနိုင်တယ် ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ညအိပ်တဲ့ အခါမှာ မီးဖွင့်ပြီး အိပ်တဲ့ အခါမှာ လူရဲ့ ဦးနှောက် လုပ်ငန်းစဉ် (၇၀) ရာခိုင်နှုန်းခန့် ကို ကမောက် ကမ ဖြစ်စေပြီး ၊ ကြွက်သား များ ချိနဲ့စေပြီး အရိုးပွနိုင်ခြေများကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ 
လျှပ်စစ်မီး အလင်းနဲ့ ညအိပ်သူများ ဟာ မီးပိတ် အိပ်သူများလောက် အိပ်ရေးမဝတဲ့ အပြင် နိုးလာရင်လည်း မလန်းဆန်းကြတာကို တွေ့ကြရမှာပါ။
နေလို့ ထိုင်လို့ ပိုကောင်းပြီး ကျန်းမာရေးကောင်းမွန်စေဖို့ သဘာဝ အလင်းရောင်နဲ့ ထိတွေ့ပေးဖို့လို အပ် သလို ညအခါမှာလည်း လျှပ်စစ်မီး ကို ပိတ်ပြီး အိပ်ဖို့ လိုအပ်ပါတယ်။
Source : Healthline
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall