သွားကိုက်ဝေဒနာ အတွက် တစ်ကယ် ထိရောက်တဲ့ သဘာဝဆေးနည်းများ
သွားကိုက် ဝေဒနာဆိုရင် ယောက်ျားတွေတောင် ကြံ့ကြံ့ မခံနိုင်ပါဘူး။ သွားကိုက်ရတဲ့ အကြောင်းရင်းကိုအပထား၊ အမြန်ဆုံး ပျောက်ကင်းစေမယ့် နည်းလမ်းရှာဖို့က အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ 
လူအများစုဟာ အကိုက်အခဲပျောက်ဆေး မှီခို အားထားကြပေမယ့် အကိုက်အခဲပျောက်ဆေး သိပ်များလွန်းတာက တစ်ကယ်တော့ ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတဲ့ သဘာဝ အကိုက်အခဲပျောက်ဆေးနည်းတွေကို ညွန်းပေးလိုက်ပါတယ်။
၁။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ပဋိဇီဝ အဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီ ကို သွားကိုက်ဝေဒနာ ကုသရာမှာ အသုံးပြု ရန် အကြံပြုထားပါတယ်။ နာကျင် ကိုက်ခဲမှု လျော့နည်း သက်သာအောင် ကြက်သွန်ဖြူ  ၁ မွှာ၊ ၂ မွှာ ကိုက်ပါ ဒါမှ မဟုတ် ကြက်သွန်ဖြူမှုန့် အနည်းငယ်နဲ့ ဆား ရောစပ်ပြီး ကိုက်ခဲတဲ့ သွားပေါ် လိမ်းပေးပါ။ ဝေဒနာ ပျောက်ကင်းစေဖို့ အာမခံပါတယ်။
၂။ ပူစီနံ တီး
ပူစီနံ တီးက ခံတွင်း အတွက်သာ ကောင်းတာမဟုတ်ဘဲ သွားကိုက် ဝေဒနာပါ သက်သာစေပါတယ်။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ထည့်ပြီး မိနစ် ၂၀ စိမ်ပါ။ အေးတဲ့ အခါ ပလုတ်ကျင်းပြီး ပြန်ထွေး ထုတ်ရပါမယ်။ အဲဒီအတိုင်း ထပ်ခါ ထပ်ခါ ပြန်လုပ်နိုင်ပါတယ်။
၃။ ကြက်သွန်နီ
သွားကိုက်ဝေဒနာ ခံစားနေရသူတွေ အတွက် ကြက်သွန်နီ ဝါးပေးခြင်းက အထောက် အကူဖြစ်စေနိုင်ပါ တယ်။ ကြက်သွန်နီ ကို နာကျင် ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ပိုးသတ်ဆေး အစွမ်းသတ္တိတွေကြောင့် လူသိများပါတယ်။ တစ်ချိန်တည်းမှာ ရောင်ရမ်းမှုနဲ့ ရောဂါ ကူးစက်မှု လျော့နည်းစေပါတယ်။ သွားကိုက်ဝေဒနာခံစားရပါက ချက်ချင်း ကြက်သွန်နီ ကိုက်ပေးပါ။ သွားပေါ် အချပ်လိုက် လှီးထားတဲ့ ကြက်သွန်နီ ကပ်ပေးနိုင်ပါတယ်။
၎။ လေးညှင်းပွင့် ဆီ
သွားတွေ တစ်ဒုတ်ဒုတ် ကိုက်ခဲနေပါက နည်းလမ်း တစ်ခုက သွားပေါ် လေးညှင်းပွင့်ဆီ တွေ လိမ်းပေးဖို့ပါပဲ။ လေးညှင်းပွင့်ဆီ မှာ ဘက်တီးရီးယားပိုး သေစေနိုင်တဲ့ သတ္တိတွေ ပါဝင်ပြီး အကိုက်အခဲပျောက်ကင်းစေတဲ့ အစွမ်းသတ္တိအတွက် လူသိများပါတယ်။ စလိမ်းချင်းမှာ နာကျင်ပေမယ့် နောက်ပိုင်းမှာ သက်သာစေပါ တယ်။
၅။ ဆား ရေနွေးနွေး
ရေနွေး  တစ်ခွက်ထဲ ဆား (၁) ဇွန်း ခပ်ထည့်၊ သေချာ မွှေပေးပြီး အဲဒီ အရည်နဲ့ ပလုတ် ကျင်းပေးရုံ လေးသာဖြစ် ပါ တယ်။ သွားဖုံးရောင်၊ သွားကိုက်ဝေဒနာတွေ လျော့နည်းသက်သာစေနိုင်ပါတယ်။
Ref: Wellnessbin
Trend Myanmar
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
Digital blood pressure monitors သွေးဖိအားတိုင်း ကရိယာ
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
365myanmar.com - Myanmar Online Shopping Mall