ကိုဗစ်ကြောင့် အသက်ရူကြပ်လို့ အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ
ပါမောက္ခ ဒေါက်တာခင်မောင်ထွေး သုံးသပ်ချက်ကတော့ ... ကိုဗစ်ကြောင့် အသက်ရူကြပ်လို့ အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ မုချသေမယ် ပြောထားပါတယ်။ ခဏသာ ရူပြီး အဆုတ်လေ့ကျင့်ခန်း ကို နေကောင်းချိန် နေမကောင်းချိန်တွေမှာ များများ လုပ်ပါလို့ လမ်းညွှန်ထားပါတယ် ခင်ဗျာ။ အဆုတ်လေ့ကျင့်ခန်းက လေကောင်းလေသန့်ရနေရာမှာ ၂ ခါရှိက်ရူ တစ်ခါ ထုတ်လို့ တရုတ် နည်းက ဆိုပါတယ်။ အောက်စီဂျင်ကြောင့် အသက်မဆုံးရှုံးစေဖို့ ( U Su Tin မှတ်စု ) အောက်စီဂျင်ရှူ နေကြခြင်းကို မေ့ဆေးဆရာ တစ်ဦးအနေဖြင့် အကြံပြုလိုပါတယ်။ လေထဲမှာရှိတဲ့ အောက်စီဂျင် (၂၀-၂၁%)ဟာ လုံလောက်တာထက် ပိုပါတယ်ဆိုတာကို ထပ်မံ အတည်ပြုပြောချင်ပါတယ်။ ဒါပေမဲ့ ကိုဗစ်မှာ "ဘာ့ကြောင့် အောက်စီဂျင် အပိုကို သုံးနေကြရလဲ " ဆိုတဲ့ မေးခွန်း မေး စရာရှိပါတယ်။ ရှင်းပြပါ့မယ်။ လူ့ကိုယ်ခန္ဓာရဲ့အဆုပ်မှာ လေအိပ် (alvilia) လေးများ ၇ မီလီယံလောက် ရှိပါ တယ်။ ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား၇၀မီတာ၊ အနံ ၇၀ မီတာလောက် ကျယ်ပါတယ်။ ထိုလေအိပ်လေးများကိုေ သေးငယ်တဲ့လေပြွန် (bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထား ပါတယ်။ ထိုလေအိပ် ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံချည်