Medical Oxygen နှင့် သိထားသင့်သော ဗဟုသုတများ


Medical Oxygen ကို နိုင်ငံတစ်ကာ ဆေးကျမ်းမှာ ဆေးဝါးအဖြစ်သတ်မှတ်ပြီး ထုတ်လုပ်မှူ ကို FDA က ထိန်းချုပ်ပါတယ်။ ထုတ်လုပ်မှူ လိုင်စင်ကို FDA ကပေးတာပါ။ ပြောပြ ချင်တာက medical oxygen သည် ဆေးဝါး ဖြစ်တဲ့ အတွက် ဆေးဝါးတိုင်းမှာ side effect ရှိ သလို oxygen မှာလည်း side effect ရှိ ပါတယ်။ 


မသုံးတတ်ရင် ဘေးဖြစ်နိုင်တာမို့လို့ ခု အိမ်မှာ oxygen အသုံးပြုနေတဲ့ လူနာတွေ အနေနဲ့ oxygen  တိုင်းလို့ 90 % သို့ 92%အောက် ​ ရောက် မှ စပေးစေချင်ပါသည်။  မလိုသေးပဲ ပေးနေတဲ့ အတွက် oxygen waste ဖြစ်တဲ့ အပြင် တစ်ခြားလိုအပ်တဲ့ သူတွေ အတွက် ရှားပါးစေပါတယ် ။  တစ်ကယ်လိုအပ်လို့ပေးမယ့်အချိန်ကျရင် အခက်အခဲ ဖြစ်စေမှာပါ။ 


side effect တွေက ပေးရမယ့် rate ထက်ပိုပေးမိရင် အဆုတ်က လေပြွန်အိတ်တွေ ကွဲန်ုင်ပါသည်။ မလိုအပ်ပဲ ကြာရှည် တောက်လျှောက်ပေးမိပါက oxygen toxicity. ရနိုင်တာကို သတိပြုရမှာပါ။ နောက်ပြီး အိမ်မှာ လူနာများကို ပြုစုပေးနေတဲ့ အိမ်သားများအနေဖြင့် oxygen ပေးရာတွင် သတိထားရမည့် အချက် .. 

ဥပမာ flow meter အတွင်းရေ ဘူးတွင် ရေသန့်ထည့်ရန် နှင့် ရေမကုန်စေရန် သတိထားရန်- ရေကုန်သွား သည်ကို သတိမထားမိပဲ ဆက်ပေးမိပါက အဆုတ် အမြှေးပါးများခြောက်သွေ့ သွားပြီး အဆုတ် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါ။ အောက်ဆီ ဂျင် ပိုက်များကို ၂ ရက် တစ်ခါ လဲလှယ်ပေးပါ မလဲ နိုင်ပါက ဆေးကြောပြီး ခြောက်သွေ့အောင် လေဖြင့်အခြောက်ခံပြီးမှ  အသုံးပြုစေချင်ပါသည်။


အခြား risk တစ်ခု အနေဖြင့် အောက်ဆီဂျင် အိုးများအတွင်း အမှုန်၊ ဘက်တီးရီးယား နဲ့ မှိုများရှိနေနိုင်ပါသည်။ ပုံမှန်အားဖြင့် လူတစ်ယောက် အသက်ရှူပါက နှာခေါင်းအတွင်းရှိ အမွှေးလေးများနှင့် နှာခေါင်းအတွင်းပိုင်းရှိ စိုစွတ်သော နှာရည်များက ဝင်ရောက်လာသော ဖုန်နှင့် ဘက်တီးရီးယား မှို တို့ကို ပဏာမ ခုခံခြင်း primary natural defence အနေဖြင့် အဆုတ်အတွင်းမရောက်အောင် တားဆီးပေးပါသည်။ အောက်ဆီဂျင်ပေးပါက ဖိအားဖြင့် ပေးခြင်းဖြစ်၍ အဆိုပါ ပဏာမ ခုခံခြင်း မရှိတော့ပါ။ သို့ဖြစ်၍ အခန့်မသင့်ပါက အဆုတ် ထဲ ပိုးမွှားများတိုက်ရိုက် ရောက်ရှိ နိုင်သည်။ 


အထူးပြောကြားလိုသည် မှာ oxygen သည် ဆေးဝါးဖြစ်ပြီး ထုတ်လုပ်ရာတွင် ဆေးဝါးထုတ်လုပ်မှူ ပုံစံ အတိုင်းထုတ်လုပ်ထား၍လူနာ များအား တိုက်ရိုက် အသုံးပြုရ​ ခြင်း ဖြစ်၍ အသုံး ပြုသူများမှ သန့်ရှင်းစွာ ကိုင်တွယ်အသုံး ပြုကြရန် အထူးလိုအပ်ပါသည်။ မလိုအပ်ပါက မသုံးစေချင်ပါ။ အောက်ဆီဂျင် 90 ကျ  ၍ ပေးရပါက လည်း လိုအပ်သော သွေးဖောက် ခြင်း နီးစပ်ရာဆရာဝန် အား ဆက်သွယ် ၍ ကုသမှူ ခံယူစေချင်ပါသည်။


Internet လိုင်းရ နေသည့်အတွက် oxygen ကို မိ မိအိမ်တွင် အသုံးပြုပါက ဆောင်ရန် ရှောင်ရန် များကို ဖတ်ရှူ့လေ့လာစေချင်ပါသည်။ ရောဂါကပ်ဆိုးကြီးကို အတူ တွန်းလှန်ကြပါစို့။


Credit ... Aung Zaw





Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ရွှေစာရံဘုရား ဒါယိကာမ စောမွန်လှရဲ့ဘဝ ဇာတ်ကြောင်း

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်း သိကောင်းစရာ

မွေးနေ့ ဗေဒင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

နန်းမတော် မယ်နု

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

 
365myanmar.com - Myanmar Online Shopping Mall